Skip to main content
ေဆာင္းပါး
Ads Block

ေမတၱာျဖင့္ တည္ေဆာက္ေနေသာ ႏုိင္ငံေတာ္

ႏုိင္ငံတစ္ခုတည္ေဆာက္ေရးဟာ လြတ္လပ္ေရးရဖုိ ့တုိက္ယူရတာထက္ ပုိျပီး ခက္ခဲလွပါတယ္။ အထူးသျဖင့္ မူလရွိရင္းစြဲေတြ ပ်က္ယြင္းသြားျပီျဖစ္တဲ့ ႏုိင္ငံမ်ဳိးဆုိရင္ ပုိျပီး ခက္ခဲတာပါ။ ဒီထက္ပုိျပီး ဆုိး၀ါးတာကေတာ့ ႏွစ္ေယာက္တည္းရွိရင္ေတာင္ သုံးဖြဲ ့ေလာက္ခြဲခ်င္တဲ့ ျမန္မာႏုိင္ငံသားေတြလက္ထက္မွာေတာ့ ျပဳျပင္ေျပာင္းလဲေရးေခါင္းေဆာင္လုပ္ရသူေတြအတြက္ မျပန္လမ္းကုိသြားရသလုိပါပဲ။ 

အိႏၵိယရဲ ့ဆယ္စုႏွစ္အလုိက္ ေျပာင္းလဲတုိးတက္လာမႈ မုိင္တုိင္မ်ား
အိႏၵိယႏုိင္ငံဟာ ၁၆ ရာစုေနာက္ပုိင္းကေနစတင္ျပီး ဥေရာပတုိက္သားေတြလက္ေအာက္မွာ တစ္စတစ္စ က်ေရာက္ခ့ဲျပီးေတာ့ ၂၀ ရာစုအေစာပုိင္း (၁၉၂၀-၁၉၃၀)ေလာက္မွသာ ဂႏၵီလုိမ်ဳိး အမ်ဳိးသားေရးေခါင္းေဆာင္ ႏုိင္ငံဖခင္ၾကီးတစ္ဦး ေပၚထြက္ခဲ့တာပါ။ ဒါေတာင္ ခ်က္ျခင္း လြတ္လပ္ေရးရတာမ်ဳိးမဟုတ္ဘဲ ျမန္မာႏုိင္ငံနဲ ့မေရွးမေႏွာင္ ၁၉၄၇ ခုႏွစ္မွသာလွ်င္ လြတ္လပ္ေရးရခဲ့တာျဖစ္ပါတယ္။ လြတ္လပ္ေရးရယူတာနဲ ့တစ္ျပိဳင္တည္းလုိလုိမွာပဲ ပါကစၥတန္အေရွ ့၊ အေနာက္ဆုိျပီး ဆက္တုိက္ခြဲထြက္မႈေတြနဲ ့အတူ ဘာသာေရး၊ လူမ်ဳိးေရးျပႆနာေတြ၊ ႏုိင္ငံဆင္းရဲတြင္းက်ဆင္းေနလုိ ့ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရတာေတြအျပင္ လက္နက္ကုိင္အဖြဲ ့အစည္းမ်ဳိးစုံ ထၾကြြေသာင္းက်န္းမႈေတြ စတဲ့ ျပႆနာေပါင္းစုံကုိ ေျဖရွင္းခဲ့ရပါေသးတယ္။ အိႏၵိယကုိ ကမၻာ့အၾကီးဆုံး ဒီမုိကေရစီႏုိင္ငံျဖစ္လာေစမယ့္ ဖြဲ ့စည္းပုံအေျခခံဥပေဒကုိေတာ့ ၁၉၅၀ ခုႏွစ္မွာ စတင္ေရးဆြဲခဲ့ပါတယ္။ ဒီဥပေဒကေတာ့ ျပင္ဆင္ရင္းနဲ ့ပဲ လက္ရွိကာလအထိ သက္တမ္းရွည္ေနဆဲပါ။ လြန္ခဲ့တဲ့ ၂၈ ႏွစ္(၁၉၉၀ ခုႏွစ္)အထိ အိႏၵိယဟာ ႏုိင္ငံတြင္းမွာ မတည္ျငိမ္မႈျပသနာေပါင္းေျမာက္မ်ားစြာနဲ ့အတူ ျမိဳ ့ၾကီးအခ်ဳိ ့မွာ အၾကမ္းဖက္တုိက္ခုိက္ခံရမႈေတြ အမ်ားအျပားရွိခဲ့ပါတယ္။ ယေန ့ကမၻာ့အင္အားအၾကီးဆုံးႏုိင္ငံစာမ်ားစာရင္း၀င္ အိႏၵိယႏုိင္ငံ ျဖစ္ေပၚလာဖုိ ့အတြက္ အၾကီးစားျပဳျပင္ေျပာင္းလဲမႈေတြအျဖစ္၊ တစ္နည္းအားျဖင့္ ႏုိင္ငံေတာ္အဆင့္ေခါင္းခံတာ၀န္ယူမႈအျဖစ္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြအမ်ားအျပား ခ်မွတ္ေဖာ္ေဆာင္ခဲ့ရပါတယ္။ ပထမတစ္ခုကေတာ့ ၁၉၇၄ ခုႏွစ္မွာ ေဖာ္ေဆာင္ခဲ့တဲ့ ေျမေအာက္ႏ်ဴကလီးယားစမ္းသပ္မႈ ၊ ဒုတိယတစ္ခုကေတာ့ ၁၉၉၅ ခုႏွစ္မွာ CIA ေၾကာင့္က်ရႈံးခဲ့ရတဲ့ ႏ်ဴကလီးယားစမ္းသပ္မႈေတြကုိ ၁၉၉၈ မွာ ထပ္မံစမ္းသပ္ေအာင္ျမင္ခဲ့တဲ့ကိစၥေတြပါပဲ။ ၁၉၉၈ မွာ စမ္းသပ္ေအာင္ျမင္ခဲ့တဲ့ ႏ်ဴကလီးယားကိစၥမွေတာ့ ေစာင့္ၾကည့္ခံလူတစ္ဦးခ်င္းစီရဲ ့လက္ေပၚက နာရီလက္တံလႈပ္ရွားမႈကုိေတာင္ ဖမ္းယူႏုိင္တဲ့ ၊ သတင္းအခ်က္အလက္အတိအက်ေပးႏုိင္တဲ့ CIA နဲ ့အေမရိကန္ျဂိဳလ္တုစနစ္တုိ ့ကုိပါ မ်က္လွည့္ျပႏုိင္ခဲ့တာပါ။ ပုိခရမ္အမည္ရွိတဲ့ အဲဒီလ်ဳိ ့၀ွက္စမ္းသပ္မႈဟာ ကမၻာ့သမုိင္းမွာေတာ့ အထင္ရွားဆုံးေနာက္ေကာက္ခ်ႏုိင္မႈအျဖစ္ ေအာင္ျမင္ခဲ့သလုိ ပုိခရမ္ေၾကာင့္ပဲ အေမရိကန္အပါအ၀င္ ကမၻာ့အင္အားၾကီးႏုိင္ငံေတြက အိႏၵိယကုိ ႏ်ဴလက္နက္ပုိင္ဆုိင္ထားတဲ့ ႏုိင္ငံအျဖစ္ တူတူတန္တန္အသိအမွတ္ျပဳေပးလုိက္ရပါတယ္။ တတိယတစ္ခ်က္ကေတာ့ ၁၉၉၁ ခုႏွစ္မွာ စီးပြားေရးမူ၀ါဒ အၾကီးစားျပဳျပင္ေျပာင္းလဲမႈနဲ ့အတူ နည္းပညာပုိင္းကုိ လမ္းဖြင့္ေပးလုိက္တာပါပဲ။ လက္ရွိမွာေတာ့ အိႏၵိယဟာ ကမၻာမွာ ၾသဇာၾကီးမားတဲ့ႏုိင္ငံ ၁၀ ႏုိင္ငံ စာရင္း၀င္ျဖစ္ေနပါျပီ။ ဒါေပမဲ့ အိႏၵိယျပည္သူေတြက ျမန္မာေတြနဲ ့သိပ္ျပီး မျခားနားလွပါဘူး။ စည္းကမ္းမဲ့ျခင္းအပုိင္းေတြ၊ လစ္ရင္လစ္သလုိ မဟုတ္မဟတ္လုပ္တတ္တဲ့အက်င့္ေတြ၊ မုဒိမ္းမႈ၊ ခုိးဆုိးလုယက္မႈ၊ ဇာတ္နိမ့္ဇာတ္ျမင့္ခြဲျခားမႈ၊ အက်င့္ပ်က္ျခစားမႈေတြ၊ နယ္စပ္တစ္ေလွ်ာက္ လက္နက္ကုိင္အဖြဲ ့ခြဲငယ္ေတြ ၾကီးစုိးေနဆဲျပႆနာေတြၾကားကေနပဲ ေခါင္းေဆာင္မႈပုိင္းက ထိေရာက္ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြနဲ ့ေရွ ့ဆက္ခဲ့ရတာပါ။ အိႏၵိယဟာ လွ်ပ္စစ္မီးရရွိေရးကုိလည္း ဇြတ္လုပ္ခဲ့ရသလုိ ေဒသတစ္ခုကေန တစ္ခုကုိ ျမန္ျမန္ဆန္ဆန္သြားလာႏုိင္ဖုိ ့အတြက္ လမ္းေတြကုိ ရသေလာက္ဘတ္ဂ်က္ထဲကေန(အက်င့္ပ်က္ျခစားမႈ ၊ လာဘ္ေပးလာဘ္ယူမႈမ်ားရွိေနသည့္တုိင္) ရေအာင္ ေဖာက္လုပ္ျပီး ႏုိင္ငံတစ္၀န္းကုိ ျမန္ျမန္ဆန္ဆန္ ခ်ိတ္ဆက္ေပးႏုိင္ခဲ့တာပါ။ သူတုိ ့အဓိက ယုံၾကည္ခံယူေဖာ္ေဆာင္လုိက္တဲ့အခ်က္ဟာ စီးပြားေရးေတာင့္တင္းဖုိ ့အတြက္ အေျခခံလုိအပ္ခ်က္(လမ္း၊လွ်ပ္စစ္မီး၊ လုပ္ထုံးလုပ္နည္းမူ၀ါဒ)ေတြကုိ ျမန္ျမန္ဆန္ဆန္ေျပာင္းလဲပစ္ပါတယ္။ ေရြးေကာက္ပြဲေတြကေန တက္လာတဲ့ အစုိးရတုိင္းက ျပည္သူကုိ ေပးထားတဲ့ကတိေတြထဲက လုပ္ႏုိင္သမွ်ကုိ ဖဲ့ျပီးလုပ္သြားေပးပါတယ္။ တပ္မေတာ္အင္အားေတာင့္တင္းေစဖုိ ့ကုိလည္း သိပၸံနည္းပညာနဲ ့စစ္ဘက္ကုိ ရေအာင္ေပါင္းစပ္ေပးႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ စစ္တပ္ဟာ ေခါင္းေဆာင္မႈေကာင္းမြန္တဲ့ အစုိးရရဲ ့အလုိဆႏၵေတြကို တိတိက်က် လုိက္နာအေကာင္အထည္ေဖာ္ေပးခဲ့ပါတယ္။ အဓိကအားျဖင့္ ဖြဲ ့စည္းပုံအေျခခံဥပေဒအတုိင္း စနစ္တက်လုပ္ေဆာင္သြားတဲ့ အစုိးရအေပၚ စစ္တပ္ကုိယ္တုိင္ ယုံၾကည္သက္၀င္ခဲ့သလုိ ႏွစ္ဖက္ ရင္ဘတ္ခ်င္းနီးခဲ့ၾကတာမ်ားခဲ့ပါတယ္။ ဒါေၾကာင့္လည္း စစ္တပ္ဟာ အင္အားေတာင့္တင္းလာျပီး စီးပြားေရးတုိးတက္ေျပာင္းလဲမႈနဲ ့အတူ ၁၉၉၈ ေနာက္ပုိင္းမွာ ကမၻာမွာ ထိပ္တန္း(၁၀)ႏုိင္ငံစာရင္း ၀င္ေနတာျဖစ္ပါတယ္။ ဒီအတြက္ တစ္ပါးသူလက္ေအာက္ခံႏုိင္ငံျဖစ္ခဲ့ဖူးတဲ့ အိႏၵိယရဲ ့ကမၻာ့ထိပ္ဆုံး(၁၀) ႏုိင္ငံ စာရင္း၀င္ေရးခရီးဟာ ႏွစ္ေပါင္း ၄၀ ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ အိႏၵိယလြတ္လပ္ေရးအတြက္ ဦးေဆာင္ေပးခဲ့တဲ့ အမ်ဳိးသားေခါင္းေဆာင္ၾကီး ဂႏၵီကေတာ့ တုိင္းျပည္တည္ေဆာက္ေရးသမား မဟုတ္ခဲ့ပါဘူး။ လုပ္ၾကံခံလုိက္ရသူျဖစ္တဲ့ ျငိမ္းခ်မ္းေရးသမားၾကီး ဂႏၵီ ေပးႏုိင္ခဲ့တာက မည္သူ ့ကုိမဆုိ ေမတၱာထားေရးပါပဲ။

တရုတ္ႏုိင္ငံရဲ ့ကမၻာ့ထိပ္တန္း(၃)ႏုိင္ငံ ခရီး
တရုတ္ႏုိင္ငံဟာ ၁၉၁၁ ခုႏွစ္မွာ ဘုရင္စနစ္ခ်ဳပ္ျငိမ္းခဲ့ပါတယ္။ ျပည္သူအေပၚ တည္မီွထားျခင္းမရွိတဲ့ သက္ဦးဆံပုိင္ဘုရင္စနစ္ကုိ ခ်ဳပ္ျငိမ္းေစဖုိ ့အတြက္ေရာ ဥေရာပသားေတြ ၾကီးစုိးလာေနတဲ့ အလုံးစုံပ်က္ယြင္းစ တရုတ္ႏုိင္ငံၾကီး ျပန္လည္ထူေထာင္ေရးအတြက္ပါ ေပၚေပါက္လာတဲ့ေခါင္းေဆာင္ကေတာ့ ေဒါက္တာဆြန္ယက္ဆင္ပါပဲ။ ဆြန္၀င္းလုိ ့ေခၚတဲ့ ေဒါက္တာဆြန္ယက္ဆင္ဟာ ဒီမုိကေရစီကုိအေျခခံတဲ့ တရုတ္ျပည္သူသမၼတႏုိင္ငံၾကီး တည္ေထာင္ဖုိ ့စိတ္အားထက္သန္ခဲ့သူျဖစ္ေပမယ့္ တကယ့္တရုတ္ႏုိင္ငံတုိးတက္ေရးအတြက္ ေမာင္းႏွင္သြားသူေတာ့ မဟုတ္ခဲ့ပါဘူး။ ၁၉၁၁ ခုႏွစ္ကေန ၁၉၄၇ ခုႏွစ္အထိ ႏွစ္ေပါင္း ၃၆ ႏွစ္အတြင္းမွာ တရုတ္ျပည္ဟာ သူတစ္လူငါတစ္မင္းနဲ ့ႏွစ္ျခမ္းကြဲ ျပည္ေထာင္စုၾကီးလည္း ျဖစ္ခဲ့ပါတယ္။ ေဒါက္တာ ဆြန္ယက္ဆင္အေပၚ ယုံၾကည္အားကုိးခဲ့ၾကတဲ့တပ္သားေတြထဲကေနပဲ ေခါင္းေဆာင္ေတြထပ္ထြက္လာခဲ့ျပီး ကြန္ျမဴနစ္နဲ ့ကူမင္တန္ဆုိျပီး အုပ္စုႏွစ္စု ကြဲခဲ့သလုိ ေဒါက္တာဆြန္ယက္ဆင္ရဲ ့တပ္သားတစ္ဦးျဖစ္တဲ့ ေမာ္စီတုန္းက ေဒါက္တာဆြန္ရဲ ့တပ္သားတစ္ဦးျဖစ္သူ ခ်န္ေကရွိတ္ကုိ အႏုိင္ယူျပီး တရုတ္ျပည္သူ ့သမၼတႏုိင္ငံကုိ ကြန္ျမဴနစ္ပါတီေခါင္းစဥ္ေအာက္ကေန ၁၉၄၉ ခုႏွစ္မွာ တည္ေထာင္လုိက္ပါတယ္။ ဒါေပမယ့္လည္း တရုတ္ႏုိင္ငံရဲ ့ကမၻာ့နံပါတ္(၂) ျဖစ္လာေစမႈဟာ ထင္သေလာက္မရုိးရွင္းခဲ့ပါဘူး။ တရုတ္ႏုိင္ငံဟာ ၂၀ ရာစုမကုန္ခင္အထိ ဆင္းရဲႏြမ္းပါးတဲ့ တုိင္းျပည္အျဖစ္သာ တည္ရွိခဲ့တာျဖစ္သလုိ ထမင္းရည္ေတာင္ ေလာက္ငွေအာင္မေသာက္ခဲ့ရဖူးတဲ့ အငတ္ေဘးဆုိက္ခဲ့ဖူးတဲ့ တုိင္းျပည္တစ္ခုျဖစ္ခဲ့ပါတယ္။ တရုတ္ဟာ အိႏၵိယထက္ေစာစြာပဲ ႏ်ဴလက္နက္ပုိင္ဆုိင္ခဲ့တဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ခဲ့သလုိ ပထမဆုံး ႏ်ဳလက္နက္စမ္းသပ္မႈကုိ ၁၉၆၄ မွာကတည္းက လုပ္ေဆာင္ခဲ့တာပါ။ ၁၉၉၆ မွာ ေနာက္ဆုံးစမ္းသပ္ခဲ့တာျဖစ္ျပီး စမ္းသပ္မႈေပါင္း ၄၅ ၾကိမ္အထိ လုပ္ထားႏုိင္တဲ့ ႏုိင္ငံတစ္ႏုိင္ငံပါပဲ။ အိႏၵိယကေတာ့ ၁၉၉၈ မွသာလွ်င္ စမ္းသပ္ေအာင္ျမင္ႏုိင္ခဲ့တာပါ။ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈကုိေတာ့ ၁၉၇၈ ခုႏွစ္မွာ စတင္ခဲ့တာျဖစ္ျပီး အေစာပုိင္းမွာ မူ၀ါဒအခ်ဳိ ့အမွားအယြင္းရွိခဲ့လုိ ့လက္ရွိ ၂၁ ရာစုမွာ အျပာေရာင္ေကာင္းကင္ကုိ ပုိင္ဆုိင္ခြင့္ရဖုိ ့အသည္းအသန္ၾကိဳးစားေနရပါတယ္။ အထူးသျဖင့္ ျပည္ပစက္ရုံမွန္သမွ်ကုိ သဘာ၀ပတ္၀န္းက်င္ဆုိတဲ့ေခါင္းစဥ္ကုိ မၾကည့္ဘဲ လက္ခံခဲ့သလုိ တရုတ္ေတြ ထမင္းမငတ္ေရးကုိသာ ဦးတည္ခဲ့တာပါ။ တရုတ္ရဲ ့အၾကီးဆုံးေအာင္ျမင္မႈထဲက တစ္ခုေတာ့ လွ်ပ္စစ္မီးျပႆနာကုိ ေျဖရွင္းဖုိ ့အတြက္ ကမၻာ့အၾကီးဆုံးျဖစ္လာတဲ့ Three Gorge Dam ကုိ တည္ေဆာက္ႏုိင္ခဲ့တာပါပဲ။ အဓိကအားျဖင့္ တရုတ္တုိ ့ရဲ ့ကမၻာ့ထိပ္သီးအင္အားၾကီးႏုိင္ငံျဖစ္ေရးမွာ လွ်ပ္စစ္မီးကုိ ထိပ္ဆုံးကထားခဲ့သလုိ တစ္ေနရာနဲ ့တစ္ေနရာ ဆက္သြယ္သြားလာဖုိ ့အတြက္ ႏုိင္ငံတစ္၀န္းမွာ လမ္းေတြကုိ ရေအာင္ေဖာက္ခဲ့ၾကပါတယ္။ တရုတ္ႏုိင္ငံမွာ နာမည္အၾကီးဆုံး စကားႏွစ္ခြန္းရွိပါတယ္။ တစ္ခုက တိန္ ့ေရွာင္ဖိန္ေျပာခဲ့တဲ့ ထမင္းမဆာတဲ့ျပည္သူမရွိဘူးဆုိတာနဲ ့ေနာက္တစ္ခုက တုိင္းျပည္တုိးတက္ခ်င္ရင္ လမ္းကုိေကာင္းမြန္ေအာင္ေဖာက္ပါ ဆုိတဲ့အခ်က္ပါပဲ။ ၁၉၇၈ ခုႏွစ္ကေန စတင္လုိက္တဲ့ စီးပြားေရးမူ၀ါဒအေျပာင္းအလဲအျပီးမွာ တရုတ္ႏုိင္ငံဟာ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္(၂၁ ႏွစ္)အတြင္း ႏုိင္ငံသားတစ္ဦးခ်င္း၀င္ေငြ ဆယ္ဆေက်ာ္တုိးတက္ခဲ့ပါတယ္။ သိသာတဲ့ ကိန္းဂဏန္းကေတာ့ ၁၉၇၈ ခုႏွစ္မွာ ျပည္သူတစ္ဦးခ်င္းရဲ ့၀င္ေငြဟာ ၁၃၄ ယြမ္သာရွိခဲ့ေပမယ့္ ၁၉၉၉ ခုႏွစ္မွာေတာ့ ၂၂၁၀ ယြမ္အထိ ရရွိခဲ့ၾကပါတယ္။ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပုိင္းကေတာ့ တရုတ္ဟာ ကမၻာတစ္လႊားကုိေငြနဲ ့ေပါက္ျပီး စည္းရုံးႏုိင္ဖုိ ့အၾကီးမားဆုံး တုိးတက္ေျပာင္းလဲမႈေတြ ဆက္တုိက္ျဖစ္ခဲ့တာပါပဲ။ ဒီအတြက္ တရုတ္ျပည္တြင္းမွာ ရင္ဆုိင္ခဲ့ရတဲ့ျပႆနာေတြ အမ်ားၾကီးရွိပါတယ္။ အဲဒီအထဲမွာေတာ့ လာဘ္ေပးလာဘ္ယူျပႆနာကေတာ့ အၾကီးဆုံးပါပဲ။ တရုတ္တုိ ့ၾကီးပြားေရးလမ္းေၾကာင္းမွာ မျဖစ္မေနပါ၀င္ခဲ့တဲ့ လာဘ္ေပးလာဘ္ယူကိစၥနဲ ့ပတ္သက္ရင္ တရုတ္ေခါင္းေဆာင္တစ္ဦးကေတာ့ ေၾကာင္ ျဖဴတာမည္းတာက အေရးမၾကီးပါဘူး။ ၾကြက္ခုတ္တတ္ဖုိ ့က အေရးၾကီးပါတယ္ဆုိျပီး လာဘ္ေပးလာဘ္ယူကုိ ဂရုမစုိက္ဘဲ စီးပြားေရးကုိ ျမန္ျမန္ေမာင္းတင္ဖုိ ့ဆယ္စုႏွစ္ ႏွစ္ခုစာ စီမံကိန္းေတြကုိ ေဖာ္ေဆာင္ခဲ့ပါတယ္။ တရုတ္တုိ ့စီးပြားေရးအင္အားၾကီးသြားခ်ိန္မွာေတာ့ သမၼတရွီက်င္းပင္ တက္လာစမွာပဲ လာဘ္ေပးလာဘ္ယူမႈေတြကုိ ေသဒဏ္အထိေပးျပီးေတာ့ ျပန္လည္ထိန္းေက်ာင္းလုိက္ပါတယ္။ ေနာက္တစ္ဆင့္ကေတာ့ ေနာက္ထပ္ႏွစ္ ၃၀ အတြင္း တရုတ္ဟာ ကမၻာ့နံပါတ္တစ္ ျဖစ္ေရးဆုိတာပါပဲ။ ဒီအတြက္လည္း Silk Road မွတစ္ဆင့္ OBOR ၊ OBOR ကေန Belt and Road Initiative (BRI) ဆုိျပီး လမ္းေၾကာင္းေျပာင္းထားတဲ့ ကမၻာပတ္လမ္းစီမံကိန္းနဲ ့တစ္ဆင့္ခ်င္း ေမာင္းႏွင္ေနပါျပီ။ ဒီလုိမ်ဳိး တရုတ္ရဲ ့တုိးတက္ေျပာင္းလဲမႈ တည္ေဆာက္ေရးျဖစ္စဥ္မွာ ေဒါက္တာ ဆြန္ယက္ဆင္လည္း မပါ၀င္ခဲ့သလုိ ဥကၠ႒ေမာ္လည္း ေသေသခ်ာခ်ာ မပါလုိက္ရပါဘူး။ ဒါေပမဲ့ သူတုိ ့ေပးခဲ့တာကေတာ့ ျပတ္သားတဲ့ေခါင္းေဆာင္မႈနဲ ့ေမတၱာတရားပါပဲ။ 

ျမန္မာႏုိင္ငံရဲ ့ႏွစ္ ၇၀ ၾကာ အေနအထား
ျမန္မာႏုိင္ငံရဲ ့အေနအထားကုိ ေျပာမယ္ဆုိရင္ Back Memory ကုိ ျပန္သြားဖုိ ့လုိပါတယ္။ အထူးသျဖင့္ ၁၈၈၅ ခုႏွစ္ကေန ၁၉၄၈ ခုႏွစ္အထိကုိ တစ္ပုိင္း၊ ၁၉၄၈ ကေန ၂၀၁၀ ကုိတစ္ပုိင္းဆုိျပီးေတာ့ အပုိင္းလုိက္ခဲြျခမ္းျပီး ရုိးရုိးရွင္းရွင္း ၾကည့္ျမင္ၾကဖုိ ့လုိပါမယ္။ အိႏၵိယဟာလည္း ၁၉ ရာစုေလာက္ကတည္းက သိမ္းသြင္းခံႏုိင္ငံတစ္ခု ျဖစ္ခဲ့သလုိ ၊ တရုတ္ဟာလည္း ၁၉ ရာစုေလာက္ကတည္းက အလဲလဲအျပိဳျပိဳ ျဖစ္ေနခဲ့ျပီးသားပါ။ ဒီႏွစ္ႏုိင္ငံလုံးရဲ ့သမုိင္းအခ်က္အလက္ေတြဟာ ျမန္မာႏုိင္ငံနဲ ့သိပ္မကြာလွသလုိ အနီးကပ္ဆုံးအိမ္နီးခ်င္း ၊ အာရွရဲ ့ေမြးခ်င္းညီအစ္ကုိအရင္းေတြလည္း ဟုတ္ေနပါတယ္။ အက်ပ္အတည္းကာလေတြကုိ သုံးႏုိင္ငံလုံးက ျဖတ္သန္းခဲ့ရတာခ်ည္းပါပဲ။ လြတ္လပ္ေရးရတဲ့ကာလ သုိ ့မဟုတ္ တိုင္းျပည္ျပန္လည္ေမြးဖြားတဲ့ကာလေတြဟာလည္း ၁၉၄၇ (အိႏၵိယ) ၊ ၁၉၄၈(ျမန္မာ) ၊ ၁၉၄၉(တရုတ္)ဆုိျပီး တစ္ႏွစ္ေက်ာ္စီသာ ကြာခဲ့ၾကပါတယ္။ အိႏၵိယရဲ ့၄၇ ကေန ၂၀၁၈ အထိ ႏွစ္ ၇၀ ေက်ာ္ခရီး ၊ တရုတ္ရဲ ့၄၉ ကေန ၂၀၁၈ အထိ ႏွစ္ ၇၀ နီးပါးခရီးနဲ ့ျမန္မာရဲ ့၄၈ ကေန ၂၀၁၈ အထိ ႏွစ္ ၇၀ ေက်ာ္ ခရီးေတြရဲ ့ကမၻာ့အဆင့္အတုိင္းအတာအထိ ေရာက္ရွိမႈႏႈန္းေတြကေတာ့ သိသိသာသာကုိပဲ ကြာဟသြားခဲ့ၾကပါျပီ။ ဘာေၾကာင့္လုိ ့ထင္ပါသလဲ။ ျမန္မာႏုိင္ငံဟာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရျပီးကတည္းက စတင္ေပါက္ဖြားလာခဲ့တဲ့ တုိင္းရင္းသားအခ်င္းခ်င္း မတည့္ျဖစ္ၾကတဲ့ျပႆနာ၊ လက္နက္ကုိင္အဖြဲ ့မ်ဳိးစုံ ေပၚေပါက္ခဲ့တဲ့အေျခအေန၊ ႏုိင္ငံေရးေခါင္းေဆာင္အခ်င္းခ်င္း ခြက္ေစာင္းခုတ္ရင္းနဲ ့လုပ္ၾကံသတ္ျဖတ္မႈေတြ ျဖစ္ခဲ့တာ၊ ႏုိင္ငံ့အနာဂတ္ထက္ ကိုယ္ေရးကုိယ္တာအနာဂတ္ေတြ စုပုံခဲ့တဲ့ လုပ္ရပ္၊ အာဏာရွင္ေတြ ေပၚေပါက္လာမႈ၊ သူလ်ဳိေမြး ႏုိင္ငံေရးအုံၾကြမႈနဲ ့စစ္တပ္ၾကီးစုိးမင္းမူတဲ့ အတိတ္ဆုိး စတဲ့ မေကာင္းတဲ့သမုိင္းေၾကာင္းမ်ဳိးစုံေၾကာင့္ အိႏၵိယခရီးလုိမ်ဳိး၊ တရုတ္ခရီးလုိမ်ဳိး ထင္သေလာက္ မေပါက္ေျမာက္ခဲ့တာပါပဲ။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၆၀ ေက်ာ္အထိ ျမန္မာႏုိင္ငံမွာ တိက်ခုိင္မာအားေကာင္းတဲ့ မူ၀ါဒနဲ ့လုပ္ငန္းေဖာ္ေဆာင္မႈေတြ မရွိခဲ့သလုိ အဲဒီေခတ္ကာလေတြကုိ ဦးေဆာင္ခြင့္ရခဲ့တဲ့ ေခါင္းေဆာင္တုိင္းလုိလုိဟာ လူ ့သက္တမ္းတစ္ခုလုံးစာနီးပါး စည္းမရွိကမ္းမရွိ၊ အေမွ်ာ္အျမင္မရွိ အနာဂတ္မရွိ ၊ တုိင္းျပည္အေၾကာင္း အနာဂတ္မ်ဳိးဆက္အေၾကာင္း တစ္စက္ေလးမွ မေတြးခဲ့ၾကဘဲ အခ်ိန္ေတြျဖဳန္းခဲ့ၾကပါတယ္။ သမုိင္းမွာ ရြံစရာေကာင္းတဲ့ လူတန္းစားေတြအျဖစ္ သူတုိ ့ကုိယ္သူတုိ ့မွတ္တမ္းေရးထုိးခဲ့ၾကတာဆုိရင္လည္း မမွားပါဘူး။ ကံေကာင္းတယ္လုိ ့ဆုိႏုိင္တာကေတာ့ ၂၀၀၈ ခုႏွစ္ဖြဲ ့စည္းပုံအေျခခံဥပေဒနဲ ့အတူ ၂၀၁၀ ေရြးေကာက္ပြဲကေန ဒီမုိကေရစီေခါင္းစဥ္ေအာက္ ေရာက္ေစမယ့္ အစုိးရတစ္ရပ္ကုိ ေရြးခ်ယ္ႏုိင္ခဲ့ပါတယ္။ အဲဒီ ေရြးခ်ယ္မႈရဲ ့ေနာက္ဆက္တြဲအျဖစ္ ၂၀၁၅ ေရြးေကာက္ပြဲနဲ ့အတူ ျပည္သူအမ်ားစု ေထာက္ခံတဲ့ပါတီက ၂၀၀၈ ဖြဲ ့စည္းပုံအေျခခံဥပေဒေအာက္ကေန အစုိးရတစ္ရပ္ဖြဲ ့ခြင့္ရခဲ့ပါတယ္။ ၂၀၀၈ ဖြဲ ့စည္းပုံအေျခခံဥပေဒဟာ စစ္အုပ္စုကုိ အခြင့္အေရးေပးထားတဲ့ မမွ်တတဲ့ဥပေဒလုိ ့ေျပာေနၾကသည့္တုိင္ ႏုိင္ငံတစ္ႏုိင္ငံမွာ ဖြဲ ့စည္းပုံအေျခခံဥပေဒမရွိရင္ အစုိးရဆုိတာလည္း မရွိႏုိင္တာျဖစ္တဲ့အတြက္ ၾကိဳက္သည္ျဖစ္ေစ မၾကိဳက္သည္ျဖစ္ေစ မွ်တသည္ျဖစ္ေစ မမွ်တသည္ျဖစ္ေစ ဥပေဒတစ္ခုေအာက္ကေန အစုိးရဖြဲ ့ဖုိ ့အတြက္ လက္ခံေပးရမယ္ဆုိတာက ဘယ္ႏုိင္ငံမွာမဆုိ ျဖစ္ထြန္းျပီးသား အသိတရားပါ။ ဥပေဒတစ္ခုလုံးကုိ ျပင္မယ္ဆုိရင္ေတာ့ အစုိးရပါ ဆင္းေပးရမယ္ဆုိတာလည္း ကပ္လွ်က္တြဲပါေနပါတယ္။ အိႏၵိယဟာ ၁၉၄၇ ခုႏွစ္မွာ လြတ္လပ္ေရးရေပမယ့္ ၁၉၅၀ မွသာ ဖြဲ ့စည္းအေျခခံဥပေဒကုိ ေရးဆြဲႏုိင္ခဲ့တာပါ။ ဒီဥပေဒကုိလည္း လက္ရွိကာလအထိ လုိအပ္တဲ့အပုိင္းမွန္သမွ်ကုိ ဖြဲ ့စည္းပုံအေျခခံဥပေဒအရ ေပၚေပါက္လာတဲ့လႊတ္ေတာ္မွာပဲ ျပင္ဆင္ရင္းနဲ ့ႏုိင္ငံတုိးတက္ေရးကုိ ခရီးဆက္ေနပါတယ္။ ကမၻာ့ ဒီမုိကေရစီဘုိးေအ အေမရိကန္လည္း ယေန ့အထိ ဖြဲ ့စည္းပုံအေျခခံဥပေဒကုိ လုိသလုိ ျပင္ဆင္ေနရဆဲပါပဲ။ ႏွစ္ ၁၀၀ ေက်ာ္ေနျပီျဖစ္တဲ့ သူတို ့ရဲ ့အေျခခံဥပေဒကုိ ဖ်က္ပစ္ဖုိ ့အထိ မမုိက္မဲခဲ့ၾကပါဘူး။ ဥပေဒဟာ လူေတြက ေရးဆြဲတာျဖစ္တဲ့အတြက္ လူေတြက ျပင္ဆင္ခြင့္ရွိပါတယ္။ ျပင္ဆင္ခြင့္အတြက္လည္း ဥပေဒပုိင္းအရ လမ္းေၾကာင္းေတြ ရွာေဖြရင္းနဲ ့တုိင္းျပည္တုိးတက္ေရးကုိ ေရွးရႈတဲ့အျမင္နဲ ့ျပင္ဆင္ဖုိ ့ပဲ လုိတာပါ။ ငါ ဆုိတဲ့ေခါင္းစဥ္ေအာက္ကေန ျပင္ဆင္မယ္ဆုိရင္ သုိ ့မဟုတ္ ငါတုိ ့အဖြဲ ့အတြက္ ဆုိတဲ့ေခါင္းစဥ္ေအာက္ကေန ျပင္ဆင္မယ္ဆုိရင္ေတာ့ သံမဏိစည္းမ်ဥ္းအျဖစ္ ေစာင့္ေနတဲ့ တပ္ဘက္ကလည္း တင္းခံလာမွာေသခ်ာပါတယ္။ ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာ အေျခအေနကေန တစ္ဆင့္ခ်င္းသြားတာကသာလွ်င္ တကယ့္ထက္ျမက္တဲ့ႏုိင္ငံေရးသမားေတြရဲ ့လုပ္နည္းလုပ္ဟန္ပါပဲ။ အတိတ္ကုိပဲ လက္ညိႈးထုိးေနတယ္လုိ ့ေ၀ဖန္ရင္လည္း ခံရမွာပဲဆုိေပမယ့္ ေသခ်ာေပါက္ ေျပာခ်င္တဲ့ အတိတ္ကေတာ့ စီးပြားေရးမူ၀ါဒ ခုိင္ခုိင္မာမာ မရွိခဲ့ဘူး။ စစ္အင္အားကုိ အၾကီးက်ယ္ဆုံးတုိးခ်ဲ ့ႏုိင္ျခင္းမရွိခဲ့ဘူး။ လွ်ပ္စစ္မီးျပႆနာနဲ ့လမ္းပန္းဆက္သြယ္ေရးကုိ ထိထိေရာက္ေရာက္အေကာင္အထည္မေဖာ္ခဲ့ဘူး။ ပညာေရးကုိ အုတ္ျမစ္ခ်ဳိးခဲ့တယ္။ လူငယ္ေတြကုိ မ်က္စိကန္းေစခဲ့တယ္။ ဒါေတြဟာ အတိတ္မွာ ျဖစ္ခဲ့တာလုိ ့ဆုိႏုိင္သလုိ လက္ေတြ ့ခံစားေနရတဲ့ ေရာဂါလကၡဏာေတြျဖစ္လာေစမယ့္ မူရင္းအစေတြပါပဲ။ ျမန္မာႏုိင္ငံဟာ အဘက္ဘက္ကေန ယုိယြင္းသြားခဲ့ပါျပီ။

ေမတၱာျဖင့္ တည္ေဆာက္ေနေသာ ႏုိင္ငံေတာ္
" ကၽြန္ေတာ္တုိ ့ေခါင္းေဆာင္ဆုိရင္ အရင္တုန္းက သူေျပာတယ္။ ေမတၱာနဲ ့တည္ေဆာက္တဲ့ႏုိင္ငံေတာ္လုိ ့ေျပာတယ္။ ဘာေၾကာင့္လဲဆုိရင္ တုိင္းျပည္ရဲ ့အေျခအေနက အင္မတန္ရႈပ္ေထြးပါတယ္။ လက္နက္ကုိင္အဖြဲ ့အစည္းေတြ အမ်ားၾကီးရွိတယ္။ ျပည္တြင္းပဋိပကၡေတြရွိတယ္။ အားလုံးကုိ ဥပေဒတစ္ခုတည္းနဲ ့သာ လုပ္မယ္ဆုိရင္၊ ဒီကေန ့ရန္ကုန္မွာ ဥပေဒအရ အေရးယူလုိက္ရင္ ကၽြန္ေတာ္ထင္တယ္။ တစ္၀က္ေလာက္က ကုန္သြားမယ္။ လမ္းေဘးေစ်းသည္ေတြ၊ က်ဳးေတြ အကုန္ကုန္သြားမွာ။ ေနာက္ဆုံး အစုိးရအဖြဲ ့ထဲမွာလည္း ကုန္သြားမွာ။ အဲဒါဆုိ ဘယ္လုိျဖစ္မလဲ။ အဲဒီ ကုန္သြားတဲ့အဖမ္းခံရတဲ့သူေတြအကုန္လုံးက အတုိက္အခံ အင္အားစုေတြ ျပန္ျဖစ္မယ္။ ျပန္ျပီးေတာ့ ေတာ္လွန္မယ္။ တုိင္းျပည္က ေတာ္ေတာ္ေလးကုိ ကစဥ့္ကလ်ားျဖစ္သြားမယ္။ ဒါေၾကာင့္မုိ ့လုိ တည္ေဆာက္ေနတဲ့အခ်ိန္မွာ ေမတၱာနဲ ့တည္ေဆာက္ဖုိ ့ဆုိတဲ့စကားဟာ အလကားမဟုတ္ပါဘူး " -  ဦးလြင္ကုိလတ္ ( သန္လွ်င္ျမိဳ ့နယ္ ျပည္သူ ့လႊတ္ေတာ္ကုိယ္စားလွယ္ - NLD ပါတီ )

NLD ပါတီရဲ ့ထက္ျမက္တဲ့လူငယ္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးလြင္ကုိလတ္ကေတာ့ ဒီဇင္ဘာ ၁၇ ရက္မွာက်င္းပတဲ့ စကား၀ုိင္းတစ္ခုမွာ အခုလုိမ်ဳိး ေျပာခဲ့ပါတယ္။ စကားလုံးေတြကုိ အဓိပၸါယ္ဖြင့္ၾကည့္ၾကရင္ေတာ့ ေခါင္းေဆာင္ဆုိတာဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ၊ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကုိ ရည္ညႊန္းတာျဖစ္ျပီး ေမတၱာျဖင့္ ႏုိင္ငံေတာ္တည္ေဆာက္ဖုိ ့ဆုိျပီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တဲ့မိန္ ့ခြန္းကုိ ဦးလြင္ကုိလတ္က ျပန္လည္အစေဖာ္လုိက္တာပါ။ ဦးလြင္ကုိလတ္ေျပာသြားတဲ့အထဲမွာ အခ်က္အလက္အားလုံးဟာ တကယ္ပဲမွန္ေနသလုိ တကယ္သာ ဥပေဒအတုိင္းဖမ္းဆီးရမယ္ဆုိရင္ အစုိးရေဟာင္းေတြလက္ထက္ကတည္းက က်န္ခဲ့တဲ့ အုပ္ခ်ဳပ္ေရးယႏၱရားကုိ ထိန္းေက်ာင္းေမာင္းႏွင္ေနတဲ့ ၀န္ထမ္းေတြေတာ္ေတာ္မ်ားမ်ား ေထာင္ထဲေရာက္ကုန္မွာ ေသခ်ာတယ္ဆုိတဲ့သေဘာပါ။ ဒါဟာ ဘာကုိရည္ညႊန္းျပန္သလဲဆုိေတာ့ အစုိးရယႏၱရားထဲမွာရွိေနတဲ့ ၀န္ထမ္းေတြအမ်ားစုဟာ လာဘ္ေပးလာဘ္ယူမႈ အဂတိတရားေတြနဲ ့မကင္းၾကဘူးဆုိတဲ့ အဓိပၸါယ္ပဲ။ မကင္းရျခင္းကလည္း ၀န္ထမ္းေတြ လက္ရွိခံစားရရွိေနတဲ့ လစာေၾကာင့္ဆုိတဲ့ ၾကက္ဥနဲ ့ၾကက္မ ပုံျပင္လုိပါပဲ။ တုိင္းျပည္ကစဥ့္ကလ်ားျဖစ္သြားမယ္လုိ ့ေျပာလုိက္တာဟာလည္း တကယ္ကုိပဲ မွန္ကန္တဲ့သုံးသပ္မႈလုိ ့ပဲ ဆုိရမွာပါ။ ဒါေၾကာင့္လည္း ဥပေဒအတုိင္း ျမင္ျမင္ရာ မဖမ္းေတာ့ဘဲ ကၽြံထြက္လာတဲ့ကိစၥေတြကုိသာ ဖမ္းဆီးျပျပီးေတာ့ ျဖည္းျဖည္းခ်င္းစည္းရုံးယူေနတယ္ဆုိတဲ့ အဓိပၸါယ္ျဖစ္လာပါတယ္။ အထူးသျဖင့္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၀န္ထမ္းေတြအေပၚမွာ ေမတၱာနဲ ့ယုံၾကည္မႈေပးရင္း တုိင္းျပည္ကုိတည္ေဆာက္ေနတယ္လုိ ့အဓိပၸါယ္ထြက္လာပါတယ္။ ဦးလြင္ကုိလတ္ရဲ ့ဆက္ေျပာလာတဲ့ စကားကေတာ့ " ဘာေၾကာင့္လဲဆုိေတာ့ လူတစ္ဦးခ်င္းစီရဲ ့ပါ၀င္မႈက အေရးၾကီးတယ္။ အစုိးရဆုိတာ ၀န္ၾကီးဌာနေလာက္ပဲရွိတာ။ ၀န္ထမ္းေတြအားလုံးျပဳျပင္ေျပာင္းလဲဖုိ ့ဆုိရင္ မဟာဗ်ဳဟာခ်ထားတာရွိတယ္။ ၂၀၂၀ အထိ။ အစုိးရ၀န္ထမ္းျပဳျပင္ေျပာင္းလဲေရး မဟာဗ်ဳဟာဆုိတာ ရွိတယ္။ အဲဒီမွာလည္း ေခါင္းစဥ္တစ္လုံးရွိတယ္။ ၀န္ထမ္းေတြကုိ မင္းတုိ ့၀န္ေဆာင္မႈေပး ၊ စည္းကမ္းလုိက္နာ၊ ရတဲ့ပုိက္ဆံနဲ ့ျဖစ္ေအာင္လုပ္ဆုိျပီးေျပာလုိ ့မရဘူး။ ၀န္ထမ္းေတြမွာလည္း ရတဲ့လစာနဲ ့လူ ့ဂုဏ္သိကၡာနဲ ့ညီတဲ့အေနအထားမ်ဳိးမရွိဘဲ မေနႏုိင္ဘူး။ အခုအခ်ိန္မွာ။ တစ္ဖက္က ၀န္ထမ္းေတြကုိ မျဖည့္ဆည္းေပးဘဲနဲ ့တစ္ဖက္ကေန ၀န္ထမ္းေတြကုိ ျပန္က်ပ္ေနရင္ ၀န္ထမ္းမေကာင္းရင္ တုိင္းျပည္မေကာင္းႏုိင္ဘူး။ အဲဒီအခါက်ေတာ့ ေခါင္းစဥ္က ဘယ္လုိေပးရသလဲဆုိေတာ့ ကုိယ့္ရဲ ့အတြင္းစိတ္ထဲကေန ေစ့ေဆာ္တဲ့အတုိင္း ေျပာင္းလဲပါဆုိျပီးေတာ့ ကၽြန္ေတာ္တုိ ့CSR( Corporate social responsibility ) ကုိ စခဲ့တယ္။ အခုလည္း ေမတၱာနဲ ့သြားမယ့္ႏုိင္ငံေတာ္ဆုိတာက ကၽြန္ေတာ္တုိ ့တစ္ဦးခ်င္းေပ့ါ။ ဒီႏုိင္ငံက သိပ္ခက္တယ္ေနာ္။ အစုိးရတစ္ဖြဲ ့တည္း လူတစ္ေယာက္တည္း လုပ္လုိ ့မရပါဘူး။ ဒါေၾကာင့္မုိ ့လုိ ့လူတစ္ဦးခ်င္းစီကေန ေမတၱာစိတ္နဲ ့ဒီ Attitude နဲ ့တြန္းျပီးသြားမွ ဒီႏုိင္ငံရမယ္။ မဟုတ္ရင္ မျဖစ္ႏုိင္ဘူး။ ဒါေၾကာင့္ ေခါင္းေဆာင္က ဒီမက္ေဆ့ေပးတယ္လုိ ့ကၽြန္ေတာ္ ထင္တယ္ " ဆုိတာပါပဲ။ ဒီစကားေတြရဲ ့ေနာက္ကြယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ သြားေနတဲ့လမ္းေၾကာင္းအခ်ဳိ ့ကုိ ျမင္လုိက္ရပါတယ္။ ဒီလုိပဲ ေဒၚေအာင္ဆန္းစုၾကည္တုိ ့ၾကဳံေတြ ့ေနရတဲ့ ယႏၱရားပ်က္ၾကီးကုိလည္း သတိျပဳမိလာပါတယ္။ 

၂၀၁၉ - ၂၀၂၀ နဲ ့အနာဂတ္မွာ အစုိးရက ဘာေတြလုပ္ေပးခဲ့ႏုိင္မွာလဲ
ဦးလြင္ကုိလတ္ကေတာ့ သတင္းစကားေလးေတြ ပါးလုိက္ပါတယ္။ အဓိကအားျဖင့္ ျပည္သူေတြရဲ ့ဖန္တီးမႈအေပၚ ရပုိင္ခြင့္ကုိ ဖ်က္ဆီးပစ္ေနတဲ့ ခုိးယူမႈ၊ ပုံတူပြားမႈျပႆနာေတြကုိ ထိန္းခ်ဳပ္ႏုိင္မယ့္ တီထြင္မႈနဲ ့မူပုိင္ခြင့္ဥပေဒကုိ ၂၀၁၉ မွာ အျပီးသတ္ ျပဌာန္းမယ္။ တရားဥပေဒစုိးမုိးေရးနဲ ့တရားစီရင္ေရးယုိင္နဲ ့မႈေတြကုိ ဟန္ခ်က္ညီညီ အေကာင္အထည္ေဖာ္မယ္။ အက်ဥ္းေထာင္ေတြထဲမွာ ေရာက္ေနတဲ့ မူးယစ္ရဲ ့သားေကာင္ျဖစ္ခဲ့ရသူ ထက္ျမက္တဲ့လူငယ္ေတြကုိ လူ ့စြမ္းအားရင္းျမစ္ျပဳန္းတီးမႈမျဖစ္ေစဖုိ ့အတြက္ အျပင္ျပန္ထုတ္မယ္။ အက်ဥ္းေထာင္ဥပေဒကုိ ျပင္မယ္။ ၅၂ ရာခုိင္ႏႈန္းေသာ ေထာင္သားေတြဟာ မူးယစ္သားေကာင္ေတြျဖစ္ေနတာကုိ ျပဳျပင္ေျပာင္းလဲမယ္ဆုိတဲ့ အတြင္းကုိလိႈက္စားေနတဲ့ျပသနာေတြကုိ ရွင္းထုတ္ဖုိ ့ဆုိတာပါပဲ။ လက္ရွိအစုိးရအေနနဲ ့လည္း လြန္ခဲ့တဲ့ ႏွစ္ ၆၀ ေလာက္က ဘာေတြလုပ္ခဲ့တာလဲဆုိတာကုိ အာဏာရယူႏုိင္တဲ့ေန ့မွ စျပီး ထိေတြ ့သိခြင့္ရခဲ့တာျဖစ္သလုိ ဒါေတြကုိ ရွင္းထုတ္ဖုိ ့အတြက္ ႏွစ္ႏွစ္ေက်ာ္အတြင္း ဆက္တုိက္ရုန္းကန္ေနရတယ္လုိ ့ဦးလြင္ကုိလတ္ရဲ ့ေျပာစကားေတြထဲကေန ထြက္လာပါတယ္။ ဒါဟာ လာမယ့္ဆယ္စုႏွစ္တစ္ခုအတြင္းမွာပဲ အၾကီးမားဆုံးအေျပာင္းအလဲကုိ ျမင္ရေတာ့မယ္ဆုိတဲ့ ေရာင္နီပါပဲ။ နာမက်န္းျဖစ္ေနတဲ့ႏုိင္ငံေတာ္အတြက္ အရင္ႏွစ္ ၆၀ တုန္းက ဘာေတြလုပ္ခဲ့ၾကသလဲဆုိတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြကုိ ႏုိင္ငံေရးဆရာ၀န္ေကာင္းေတြကသာ စနစ္တက်ကုစားျပီး နာလန္ျပန္ထူႏုိင္ေစမွာပါ။ ၂၀၁၉ ထဲမွာေတာ့ ျပည္သူနဲ ့ပုိျပီး ထိေရာက္တဲ့ပူးေပါင္းမႈေတြ လုပ္သြားဖို ့NLD အစုိးရက ျပင္ဆင္ေနတယ္လုိ ့ဆုိသလုိ ၂၀၁၉ ထဲမွာပဲ ျငိမ္းခ်မ္းေရးကုိ ေသခ်ာအားစုိက္ထားေၾကာင္း သိသာတဲ့အေျပာင္းအလဲေတြျမင္ရမယ္လုိ ့ဆုိပါတယ္။ အထူးသျဖင့္ ၂၀၂၀ မတုိင္မီမွာ အျဖဴအမည္း သဲကြဲျပီး တုိင္းျပည္အတြက္ ဘယ္သူေတြက တကယ္အလုပ္လုပ္ေနသလဲဆုိတာကုိ ျမင္ရမယ္လုိ ့ဦးလြင္ကုိလတ္က အခုိင္အမာဆုိလုိက္တာပါ။ တုိင္းျပည္တုိးတက္ေရးအတြက္ Hardware နဲ ့Software ပုိင္းႏွစ္ပုိင္းမွာ ဘယ္အပုိင္းက အဓိကက်လဲဆုိရင္ ႏွစ္ေပါင္း ၆၀ ေက်ာ္ယုိယြင္းျပီး အဟာရဓါတ္နဲ ့က်န္းမာေရးခ်ဳိ ့တဲ့သြားေသာ ျမန္မာႏုိင္ငံအတြက္ Software ပုိင္းပါပဲ။ NLD ဟာ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အတြင္းပုိင္းက လိႈက္စားေနတဲ့ Software ပုိင္းကုိ တစ္ခ်က္ျခင္း ျဖည္ထုတ္ျပီး ရွင္းေနတယ္လုိ ့ပဲ မီးေမာင္းထုိးျပရေတာ့မွာပါ။ အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တုိင္းျပည္လြတ္လပ္ေရးအတြက္ ဦးေဆာင္ခဲ့သူမဟုတ္ေပမယ့္ ဦးေဆာင္ခဲ့သူဖခင္ရဲ ့အရုိက္အရာကုိ ဆက္ခံျပီး ႏုိင္ငံတည္ေဆာက္ေရးကုိ ေမာင္းႏွင္ေနတယ္လုိ ့ယူဆပါတယ္။ ဗုိလ္ခ်ဳပ္ဟာ တုိင္းျပည္လြတ္လပ္ေရးကုိ ထူေထာင္ေပးခဲ့တယ္ဆုိေပမယ့္ တည္ေဆာက္ေရးကုိ ပါခြင့္မရခဲ့ရွာပါဘူး။ ဒါေပမဲ့ သူေပးခဲ့တာက ေမတၱာနဲ ့ျပတ္သားတဲ့ေခါင္းေဆာင္မႈအေၾကာင္းပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တုိင္းျပည္ကုိ စတင္တည္ေဆာက္ေနရပါျပီ။ ေမတၱာနဲ ့ပါ။ 

Unicode Version 


နိုင်ငံတစ်ခုတည်ဆောက်ရေးဟာ လွတ်လပ်ရေးရဖို့တိုက်ယူရတာထက် ပိုပြီး ခက်ခဲလှပါတယ်။ အထူးသဖြင့် မူလရှိရင်းစွဲတွေ ပျက်ယွင်းသွားပြီဖြစ်တဲ့ နိုင်ငံမျိုးဆိုရင် ပိုပြီး ခက်ခဲတာပါ။ ဒီထက်ပိုပြီး ဆိုးဝါးတာကတော့ နှစ်ယောက်တည်းရှိရင်တောင် သုံးဖွဲ့လောက်ခွဲချင်တဲ့ မြန်မာနိုင်ငံသားတွေလက်ထက်မှာတော့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်လုပ်ရသူတွေအတွက် မပြန်လမ်းကိုသွားရသလိုပါပဲ။ 

အိန္ဒိယရဲ့ဆယ်စုနှစ်အလိုက် ပြောင်းလဲတိုးတက်လာမှု မိုင်တိုင်များ
အိန္ဒိယနိုင်ငံဟာ ၁၆ ရာစုနောက်ပိုင်းကနေစတင်ပြီး ဥရောပတိုက်သားတွေလက်အောက်မှာ တစ်စတစ်စ ကျရောက်ခဲ့ပြီးတော့ ၂၀ ရာစုအစောပိုင်း (၁၉၂၀-၁၉၃၀)လောက်မှသာ ဂန္ဒီလိုမျိုး အမျိုးသားရေးခေါင်းဆောင် နိုင်ငံဖခင်ကြီးတစ်ဦး ပေါ်ထွက်ခဲ့တာပါ။ ဒါတောင် ချက်ခြင်း လွတ်လပ်ရေးရတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့မရှေးမနှောင် ၁၉၄၇ ခုနှစ်မှသာလျှင် လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရယူတာနဲ့တစ်ပြိုင်တည်းလိုလိုမှာပဲ ပါကစ္စတန်အရှေ့၊ အနောက်ဆိုပြီး ဆက်တိုက်ခွဲထွက်မှုတွေနဲ့အတူ ဘာသာရေး၊ လူမျိုးရေးပြဿနာတွေ၊ နိုင်ငံဆင်းရဲတွင်းကျဆင်းနေလို့ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာတွေအပြင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ ထကြွသောင်းကျန်းမှုတွေ စတဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းခဲ့ရပါသေးတယ်။ အိန္ဒိယကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်လာစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ၁၉၅၀ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပါတယ်။ ဒီဥပဒေကတော့ ပြင်ဆင်ရင်းနဲ့ပဲ လက်ရှိကာလအထိ သက်တမ်းရှည်နေဆဲပါ။ လွန်ခဲ့တဲ့ ၂၈ နှစ်(၁၉၉၀ ခုနှစ်)အထိ အိန္ဒိယဟာ နိုင်ငံတွင်းမှာ မတည်ငြိမ်မှုပြသနာပေါင်းမြောက်များစွာနဲ့အတူ မြို့ကြီးအချို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ အများအပြားရှိခဲ့ပါတယ်။ ယနေ့ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံစာများစာရင်းဝင် အိန္ဒိယနိုင်ငံ ဖြစ်ပေါ်လာဖို့အတွက် အကြီးစားပြုပြင်ပြောင်းလဲမှုတွေအဖြစ်၊ တစ်နည်းအားဖြင့် နိုင်ငံတော်အဆင့်ခေါင်းခံတာဝန်ယူမှုအဖြစ် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေအများအပြား ချမှတ်ဖော်ဆောင်ခဲ့ရပါတယ်။ ပထမတစ်ခုကတော့ ၁၉၇၄ ခုနှစ်မှာ ဖော်ဆောင်ခဲ့တဲ့ မြေအောက်နျူကလီးယားစမ်းသပ်မှု ၊ ဒုတိယတစ်ခုကတော့ ၁၉၉၅ ခုနှစ်မှာ CIA ကြောင့်ကျရှုံးခဲ့ရတဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ၁၉၉၈ မှာ ထပ်မံစမ်းသပ်အောင်မြင်ခဲ့တဲ့ကိစ္စတွေပါပဲ။ ၁၉၉၈ မှာ စမ်းသပ်အောင်မြင်ခဲ့တဲ့ နျူကလီးယားကိစ္စမှတော့ စောင့်ကြည့်ခံလူတစ်ဦးချင်းစီရဲ့လက်ပေါ်က နာရီလက်တံလှုပ်ရှားမှုကိုတောင် ဖမ်းယူနိုင်တဲ့ ၊ သတင်းအချက်အလက်အတိအကျပေးနိုင်တဲ့ CIA နဲ့အမေရိကန်ဂြိုလ်တုစနစ်တို့ကိုပါ မျက်လှည့်ပြနိုင်ခဲ့တာပါ။ ပိုခရမ်အမည်ရှိတဲ့ အဲဒီလျို့ဝှက်စမ်းသပ်မှုဟာ ကမ္ဘာ့သမိုင်းမှာတော့ အထင်ရှားဆုံးနောက်ကောက်ချနိုင်မှုအဖြစ် အောင်မြင်ခဲ့သလို ပိုခရမ်ကြောင့်ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အိန္ဒိယကို နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံအဖြစ် တူတူတန်တန်အသိအမှတ်ပြုပေးလိုက်ရပါတယ်။ တတိယတစ်ချက်ကတော့ ၁၉၉၁ ခုနှစ်မှာ စီးပွားရေးမူဝါဒ အကြီးစားပြုပြင်ပြောင်းလဲမှုနဲ့အတူ နည်းပညာပိုင်းကို လမ်းဖွင့်ပေးလိုက်တာပါပဲ။ လက်ရှိမှာတော့ အိန္ဒိယဟာ ကမ္ဘာမှာ သြဇာကြီးမားတဲ့နိုင်ငံ ၁၀ နိုင်ငံ စာရင်းဝင်ဖြစ်နေပါပြီ။ ဒါပေမဲ့ အိန္ဒိယပြည်သူတွေက မြန်မာတွေနဲ့သိပ်ပြီး မခြားနားလှပါဘူး။ စည်းကမ်းမဲ့ခြင်းအပိုင်းတွေ၊ လစ်ရင်လစ်သလို မဟုတ်မဟတ်လုပ်တတ်တဲ့အကျင့်တွေ၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု၊ အကျင့်ပျက်ခြစားမှုတွေ၊ နယ်စပ်တစ်လျှောက် လက်နက်ကိုင်အဖွဲ့ခွဲငယ်တွေ ကြီးစိုးနေဆဲပြဿနာတွေကြားကနေပဲ ခေါင်းဆောင်မှုပိုင်းက ထိရောက်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ရှေ့ဆက်ခဲ့ရတာပါ။ အိန္ဒိယဟာ လျှပ်စစ်မီးရရှိရေးကိုလည်း ဇွတ်လုပ်ခဲ့ရသလို ဒေသတစ်ခုကနေ တစ်ခုကို မြန်မြန်ဆန်ဆန်သွားလာနိုင်ဖို့အတွက် လမ်းတွေကို ရသလောက်ဘတ်ဂျက်ထဲကနေ(အကျင့်ပျက်ခြစားမှု ၊ လာဘ်ပေးလာဘ်ယူမှုများရှိနေသည့်တိုင်) ရအောင် ဖောက်လုပ်ပြီး နိုင်ငံတစ်ဝန်းကို မြန်မြန်ဆန်ဆန် ချိတ်ဆက်ပေးနိုင်ခဲ့တာပါ။ သူတို့အဓိက ယုံကြည်ခံယူဖော်ဆောင်လိုက်တဲ့အချက်ဟာ စီးပွားရေးတောင့်တင်းဖို့အတွက် အခြေခံလိုအပ်ချက်(လမ်း၊လျှပ်စစ်မီး၊ လုပ်ထုံးလုပ်နည်းမူဝါဒ)တွေကို မြန်မြန်ဆန်ဆန်ပြောင်းလဲပစ်ပါတယ်။ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ အစိုးရတိုင်းက ပြည်သူကို ပေးထားတဲ့ကတိတွေထဲက လုပ်နိုင်သမျှကို ဖဲ့ပြီးလုပ်သွားပေးပါတယ်။ တပ်မတော်အင်အားတောင့်တင်းစေဖို့ကိုလည်း သိပ္ပံနည်းပညာနဲ့စစ်ဘက်ကို ရအောင်ပေါင်းစပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ဟာ ခေါင်းဆောင်မှုကောင်းမွန်တဲ့ အစိုးရရဲ့အလိုဆန္ဒတွေကို တိတိကျကျ လိုက်နာအကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စနစ်တကျလုပ်ဆောင်သွားတဲ့ အစိုးရအပေါ် စစ်တပ်ကိုယ်တိုင် ယုံကြည်သက်ဝင်ခဲ့သလို နှစ်ဖက် ရင်ဘတ်ချင်းနီးခဲ့ကြတာများခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ အင်အားတောင့်တင်းလာပြီး စီးပွားရေးတိုးတက်ပြောင်းလဲမှုနဲ့အတူ ၁၉၉၈ နောက်ပိုင်းမှာ ကမ္ဘာမှာ ထိပ်တန်း(၁၀)နိုင်ငံစာရင်း ဝင်နေတာဖြစ်ပါတယ်။ ဒီအတွက် တစ်ပါးသူလက်အောက်ခံနိုင်ငံဖြစ်ခဲ့ဖူးတဲ့ အိန္ဒိယရဲ့ကမ္ဘာ့ထိပ်ဆုံး(၁၀) နိုင်ငံ စာရင်းဝင်ရေးခရီးဟာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ အိန္ဒိယလွတ်လပ်ရေးအတွက် ဦးဆောင်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီကတော့ တိုင်းပြည်တည်ဆောက်ရေးသမား မဟုတ်ခဲ့ပါဘူး။ လုပ်ကြံခံလိုက်ရသူဖြစ်တဲ့ ငြိမ်းချမ်းရေးသမားကြီး ဂန္ဒီ ပေးနိုင်ခဲ့တာက မည်သူ့ကိုမဆို မေတ္တာထားရေးပါပဲ။

တရုတ်နိုင်ငံရဲ့ကမ္ဘာ့ထိပ်တန်း(၃)နိုင်ငံ ခရီး
တရုတ်နိုင်ငံဟာ ၁၉၁၁ ခုနှစ်မှာ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့ပါတယ်။ ပြည်သူအပေါ် တည်မှီထားခြင်းမရှိတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ချုပ်ငြိမ်းစေဖို့အတွက်ရော ဥရောပသားတွေ ကြီးစိုးလာနေတဲ့ အလုံးစုံပျက်ယွင်းစ တရုတ်နိုင်ငံကြီး ပြန်လည်ထူထောင်ရေးအတွက်ပါ ပေါ်ပေါက်လာတဲ့ခေါင်းဆောင်ကတော့ ဒေါက်တာဆွန်ယက်ဆင်ပါပဲ။ ဆွန်ဝင်းလို့ခေါ်တဲ့ ဒေါက်တာဆွန်ယက်ဆင်ဟာ ဒီမိုကရေစီကိုအခြေခံတဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံကြီး တည်ထောင်ဖို့စိတ်အားထက်သန်ခဲ့သူဖြစ်ပေမယ့် တကယ့်တရုတ်နိုင်ငံတိုးတက်ရေးအတွက် မောင်းနှင်သွားသူတော့ မဟုတ်ခဲ့ပါဘူး။ ၁၉၁၁ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ တရုတ်ပြည်ဟာ သူတစ်လူငါတစ်မင်းနဲ့နှစ်ခြမ်းကွဲ ပြည်ထောင်စုကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဆွန်ယက်ဆင်အပေါ် ယုံကြည်အားကိုးခဲ့ကြတဲ့တပ်သားတွေထဲကနေပဲ ခေါင်းဆောင်တွေထပ်ထွက်လာခဲ့ပြီး ကွန်မြူနစ်နဲ့ကူမင်တန်ဆိုပြီး အုပ်စုနှစ်စု ကွဲခဲ့သလို ဒေါက်တာဆွန်ယက်ဆင်ရဲ့တပ်သားတစ်ဦးဖြစ်တဲ့ မော်စီတုန်းက ဒေါက်တာဆွန်ရဲ့တပ်သားတစ်ဦးဖြစ်သူ ချန်ကေရှိတ်ကို အနိုင်ယူပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကွန်မြူနစ်ပါတီခေါင်းစဉ်အောက်ကနေ ၁၉၄၉ ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံရဲ့ကမ္ဘာ့နံပါတ်(၂) ဖြစ်လာစေမှုဟာ ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ၂၀ ရာစုမကုန်ခင်အထိ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်အဖြစ်သာ တည်ရှိခဲ့တာဖြစ်သလို ထမင်းရည်တောင် လောက်ငှအောင်မသောက်ခဲ့ရဖူးတဲ့ အငတ်ဘေးဆိုက်ခဲ့ဖူးတဲ့ တိုင်းပြည်တစ်ခုဖြစ်ခဲ့ပါတယ်။ တရုတ်ဟာ အိန္ဒိယထက်စောစွာပဲ နျူလက်နက်ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သလို ပထမဆုံး နျုလက်နက်စမ်းသပ်မှုကို ၁၉၆၄ မှာကတည်းက လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ မှာ နောက်ဆုံးစမ်းသပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုပေါင်း ၄၅ ကြိမ်အထိ လုပ်ထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ အိန္ဒိယကတော့ ၁၉၉၈ မှသာလျှင် စမ်းသပ်အောင်မြင်နိုင်ခဲ့တာပါ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုတော့ ၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အစောပိုင်းမှာ မူဝါဒအချို့အမှားအယွင်းရှိခဲ့လို့လက်ရှိ ၂၁ ရာစုမှာ အပြာရောင်ကောင်းကင်ကို ပိုင်ဆိုင်ခွင့်ရဖို့အသည်းအသန်ကြိုးစားနေရပါတယ်။ အထူးသဖြင့် ပြည်ပစက်ရုံမှန်သမျှကို သဘာဝပတ်ဝန်းကျင်ဆိုတဲ့ခေါင်းစဉ်ကို မကြည့်ဘဲ လက်ခံခဲ့သလို တရုတ်တွေ ထမင်းမငတ်ရေးကိုသာ ဦးတည်ခဲ့တာပါ။ တရုတ်ရဲ့အကြီးဆုံးအောင်မြင်မှုထဲက တစ်ခုတော့ လျှပ်စစ်မီးပြဿနာကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ Three Gorge Dam ကို တည်ဆောက်နိုင်ခဲ့တာပါပဲ။ အဓိကအားဖြင့် တရုတ်တို့ရဲ့ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်ရေးမှာ လျှပ်စစ်မီးကို ထိပ်ဆုံးကထားခဲ့သလို တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်သွားလာဖို့အတွက် နိုင်ငံတစ်ဝန်းမှာ လမ်းတွေကို ရအောင်ဖောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး စကားနှစ်ခွန်းရှိပါတယ်။ တစ်ခုက တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ ထမင်းမဆာတဲ့ပြည်သူမရှိဘူးဆိုတာနဲ့နောက်တစ်ခုက တိုင်းပြည်တိုးတက်ချင်ရင် လမ်းကိုကောင်းမွန်အောင်ဖောက်ပါ ဆိုတဲ့အချက်ပါပဲ။ ၁၉၇၈ ခုနှစ်ကနေ စတင်လိုက်တဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲအပြီးမှာ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်နှစ်ခုကျော်(၂၁ နှစ်)အတွင်း နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ဆယ်ဆကျော်တိုးတက်ခဲ့ပါတယ်။ သိသာတဲ့ ကိန်းဂဏန်းကတော့ ၁၉၇၈ ခုနှစ်မှာ ပြည်သူတစ်ဦးချင်းရဲ့ဝင်ငွေဟာ ၁၃၄ ယွမ်သာရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာတော့ ၂၂၁၀ ယွမ်အထိ ရရှိခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကတော့ တရုတ်ဟာ ကမ္ဘာတစ်လွှားကိုငွေနဲ့ပေါက်ပြီး စည်းရုံးနိုင်ဖို့အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါပဲ။ ဒီအတွက် တရုတ်ပြည်တွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာတော့ လာဘ်ပေးလာဘ်ယူပြဿနာကတော့ အကြီးဆုံးပါပဲ။ တရုတ်တို့ကြီးပွားရေးလမ်းကြောင်းမှာ မဖြစ်မနေပါဝင်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ရင် တရုတ်ခေါင်းဆောင်တစ်ဦးကတော့ ကြောင် ဖြူတာမည်းတာက အရေးမကြီးပါဘူး။ ကြွက်ခုတ်တတ်ဖို့က အရေးကြီးပါတယ်ဆိုပြီး လာဘ်ပေးလာဘ်ယူကို ဂရုမစိုက်ဘဲ စီးပွားရေးကို မြန်မြန်မောင်းတင်ဖို့ဆယ်စုနှစ် နှစ်ခုစာ စီမံကိန်းတွေကို ဖော်ဆောင်ခဲ့ပါတယ်။ တရုတ်တို့စီးပွားရေးအင်အားကြီးသွားချိန်မှာတော့ သမ္မတရှီကျင်းပင် တက်လာစမှာပဲ လာဘ်ပေးလာဘ်ယူမှုတွေကို သေဒဏ်အထိပေးပြီးတော့ ပြန်လည်ထိန်းကျောင်းလိုက်ပါတယ်။ နောက်တစ်ဆင့်ကတော့ နောက်ထပ်နှစ် ၃၀ အတွင်း တရုတ်ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ရေးဆိုတာပါပဲ။ ဒီအတွက်လည်း Silk Road မှတစ်ဆင့် OBOR ၊ OBOR ကနေ Belt and Road Initiative (BRI) ဆိုပြီး လမ်းကြောင်းပြောင်းထားတဲ့ ကမ္ဘာပတ်လမ်းစီမံကိန်းနဲ့တစ်ဆင့်ချင်း မောင်းနှင်နေပါပြီ။ ဒီလိုမျိုး တရုတ်ရဲ့တိုးတက်ပြောင်းလဲမှု တည်ဆောက်ရေးဖြစ်စဉ်မှာ ဒေါက်တာ ဆွန်ယက်ဆင်လည်း မပါဝင်ခဲ့သလို ဥက္ကဋ္ဌမော်လည်း သေသေချာချာ မပါလိုက်ရပါဘူး။ ဒါပေမဲ့ သူတို့ပေးခဲ့တာကတော့ ပြတ်သားတဲ့ခေါင်းဆောင်မှုနဲ့မေတ္တာတရားပါပဲ။ 

မြန်မာနိုင်ငံရဲ့နှစ် ၇၀ ကြာ အနေအထား
မြန်မာနိုင်ငံရဲ့အနေအထားကို ပြောမယ်ဆိုရင် Back Memory ကို ပြန်သွားဖို့လိုပါတယ်။ အထူးသဖြင့် ၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိကို တစ်ပိုင်း၊ ၁၉၄၈ ကနေ ၂၀၁၀ ကိုတစ်ပိုင်းဆိုပြီးတော့ အပိုင်းလိုက်ခွဲခြမ်းပြီး ရိုးရိုးရှင်းရှင်း ကြည့်မြင်ကြဖို့လိုပါမယ်။ အိန္ဒိယဟာလည်း ၁၉ ရာစုလောက်ကတည်းက သိမ်းသွင်းခံနိုင်ငံတစ်ခု ဖြစ်ခဲ့သလို ၊ တရုတ်ဟာလည်း ၁၉ ရာစုလောက်ကတည်းက အလဲလဲအပြိုပြို ဖြစ်နေခဲ့ပြီးသားပါ။ ဒီနှစ်နိုင်ငံလုံးရဲ့သမိုင်းအချက်အလက်တွေဟာ မြန်မာနိုင်ငံနဲ့သိပ်မကွာလှသလို အနီးကပ်ဆုံးအိမ်နီးချင်း ၊ အာရှရဲ့မွေးချင်းညီအစ်ကိုအရင်းတွေလည်း ဟုတ်နေပါတယ်။ အကျပ်အတည်းကာလတွေကို သုံးနိုင်ငံလုံးက ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ လွတ်လပ်ရေးရတဲ့ကာလ သို့မဟုတ် တိုင်းပြည်ပြန်လည်မွေးဖွားတဲ့ကာလတွေဟာလည်း ၁၉၄၇ (အိန္ဒိယ) ၊ ၁၉၄၈(မြန်မာ) ၊ ၁၉၄၉(တရုတ်)ဆိုပြီး တစ်နှစ်ကျော်စီသာ ကွာခဲ့ကြပါတယ်။ အိန္ဒိယရဲ့၄၇ ကနေ ၂၀၁၈ အထိ နှစ် ၇၀ ကျော်ခရီး ၊ တရုတ်ရဲ့၄၉ ကနေ ၂၀၁၈ အထိ နှစ် ၇၀ နီးပါးခရီးနဲ့မြန်မာရဲ့၄၈ ကနေ ၂၀၁၈ အထိ နှစ် ၇၀ ကျော် ခရီးတွေရဲ့ကမ္ဘာ့အဆင့်အတိုင်းအတာအထိ ရောက်ရှိမှုနှုန်းတွေကတော့ သိသိသာသာကိုပဲ ကွာဟသွားခဲ့ကြပါပြီ။ ဘာကြောင့်လို့ထင်ပါသလဲ။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက စတင်ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း မတည့်ဖြစ်ကြတဲ့ပြဿနာ၊ လက်နက်ကိုင်အဖွဲ့မျိုးစုံ ပေါ်ပေါက်ခဲ့တဲ့အခြေအနေ၊ နိုင်ငံရေးခေါင်းဆောင်အချင်းချင်း ခွက်စောင်းခုတ်ရင်းနဲ့လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာ၊ နိုင်ငံ့အနာဂတ်ထက် ကိုယ်ရေးကိုယ်တာအနာဂတ်တွေ စုပုံခဲ့တဲ့ လုပ်ရပ်၊ အာဏာရှင်တွေ ပေါ်ပေါက်လာမှု၊ သူလျိုမွေး နိုင်ငံရေးအုံကြွမှုနဲ့စစ်တပ်ကြီးစိုးမင်းမူတဲ့ အတိတ်ဆိုး စတဲ့ မကောင်းတဲ့သမိုင်းကြောင်းမျိုးစုံကြောင့် အိန္ဒိယခရီးလိုမျိုး၊ တရုတ်ခရီးလိုမျိုး ထင်သလောက် မပေါက်မြောက်ခဲ့တာပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်အထိ မြန်မာနိုင်ငံမှာ တိကျခိုင်မာအားကောင်းတဲ့ မူဝါဒနဲ့လုပ်ငန်းဖော်ဆောင်မှုတွေ မရှိခဲ့သလို အဲဒီခေတ်ကာလတွေကို ဦးဆောင်ခွင့်ရခဲ့တဲ့ ခေါင်းဆောင်တိုင်းလိုလိုဟာ လူ့သက်တမ်းတစ်ခုလုံးစာနီးပါး စည်းမရှိကမ်းမရှိ၊ အမျှော်အမြင်မရှိ အနာဂတ်မရှိ ၊ တိုင်းပြည်အကြောင်း အနာဂတ်မျိုးဆက်အကြောင်း တစ်စက်လေးမှ မတွေးခဲ့ကြဘဲ အချိန်တွေဖြုန်းခဲ့ကြပါတယ်။ သမိုင်းမှာ ရွံစရာကောင်းတဲ့ လူတန်းစားတွေအဖြစ် သူတို့ကိုယ်သူတို့မှတ်တမ်းရေးထိုးခဲ့ကြတာဆိုရင်လည်း မမှားပါဘူး။ ကံကောင်းတယ်လို့ဆိုနိုင်တာကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီခေါင်းစဉ်အောက် ရောက်စေမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ အဲဒီ ရွေးချယ်မှုရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ ပြည်သူအများစု ထောက်ခံတဲ့ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အစိုးရတစ်ရပ်ဖွဲ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အုပ်စုကို အခွင့်အရေးပေးထားတဲ့ မမျှတတဲ့ဥပဒေလို့ပြောနေကြသည့်တိုင် နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင် အစိုးရဆိုတာလည်း မရှိနိုင်တာဖြစ်တဲ့အတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ ဥပဒေတစ်ခုအောက်ကနေ အစိုးရဖွဲ့ဖို့အတွက် လက်ခံပေးရမယ်ဆိုတာက ဘယ်နိုင်ငံမှာမဆို ဖြစ်ထွန်းပြီးသား အသိတရားပါ။ ဥပဒေတစ်ခုလုံးကို ပြင်မယ်ဆိုရင်တော့ အစိုးရပါ ဆင်းပေးရမယ်ဆိုတာလည်း ကပ်လျှက်တွဲပါနေပါတယ်။ အိန္ဒိယဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပေမယ့် ၁၉၅၀ မှသာ ဖွဲ့စည်းအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့တာပါ။ ဒီဥပဒေကိုလည်း လက်ရှိကာလအထိ လိုအပ်တဲ့အပိုင်းမှန်သမျှကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့လွှတ်တော်မှာပဲ ပြင်ဆင်ရင်းနဲ့နိုင်ငံတိုးတက်ရေးကို ခရီးဆက်နေပါတယ်။ ကမ္ဘာ့ ဒီမိုကရေစီဘိုးအေ အမေရိကန်လည်း ယနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို ပြင်ဆင်နေရဆဲပါပဲ။ နှစ် ၁၀၀ ကျော်နေပြီဖြစ်တဲ့ သူတို့ရဲ့အခြေခံဥပဒေကို ဖျက်ပစ်ဖို့အထိ မမိုက်မဲခဲ့ကြပါဘူး။ ဥပဒေဟာ လူတွေက ရေးဆွဲတာဖြစ်တဲ့အတွက် လူတွေက ပြင်ဆင်ခွင့်ရှိပါတယ်။ ပြင်ဆင်ခွင့်အတွက်လည်း ဥပဒေပိုင်းအရ လမ်းကြောင်းတွေ ရှာဖွေရင်းနဲ့တိုင်းပြည်တိုးတက်ရေးကို ရှေးရှုတဲ့အမြင်နဲ့ပြင်ဆင်ဖို့ပဲ လိုတာပါ။ ငါ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြင်ဆင်မယ်ဆိုရင် သို့မဟုတ် ငါတို့အဖွဲ့အတွက် ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြင်ဆင်မယ်ဆိုရင်တော့ သံမဏိစည်းမျဉ်းအဖြစ် စောင့်နေတဲ့ တပ်ဘက်ကလည်း တင်းခံလာမှာသေချာပါတယ်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကနေ တစ်ဆင့်ချင်းသွားတာကသာလျှင် တကယ့်ထက်မြက်တဲ့နိုင်ငံရေးသမားတွေရဲ့လုပ်နည်းလုပ်ဟန်ပါပဲ။ အတိတ်ကိုပဲ လက်ညှိုးထိုးနေတယ်လို့ဝေဖန်ရင်လည်း ခံရမှာပဲဆိုပေမယ့် သေချာပေါက် ပြောချင်တဲ့ အတိတ်ကတော့ စီးပွားရေးမူဝါဒ ခိုင်ခိုင်မာမာ မရှိခဲ့ဘူး။ စစ်အင်အားကို အကြီးကျယ်ဆုံးတိုးချဲ့နိုင်ခြင်းမရှိခဲ့ဘူး။ လျှပ်စစ်မီးပြဿနာနဲ့လမ်းပန်းဆက်သွယ်ရေးကို ထိထိရောက်ရောက်အကောင်အထည်မဖော်ခဲ့ဘူး။ ပညာရေးကို အုတ်မြစ်ချိုးခဲ့တယ်။ လူငယ်တွေကို မျက်စိကန်းစေခဲ့တယ်။ ဒါတွေဟာ အတိတ်မှာ ဖြစ်ခဲ့တာလို့ဆိုနိုင်သလို လက်တွေ့ခံစားနေရတဲ့ ရောဂါလက္ခဏာတွေဖြစ်လာစေမယ့် မူရင်းအစတွေပါပဲ။ မြန်မာနိုင်ငံဟာ အဘက်ဘက်ကနေ ယိုယွင်းသွားခဲ့ပါပြီ။

မေတ္တာဖြင့် တည်ဆောက်နေသော နိုင်ငံတော်
" ကျွန်တော်တို့ခေါင်းဆောင်ဆိုရင် အရင်တုန်းက သူပြောတယ်။ မေတ္တာနဲ့တည်ဆောက်တဲ့နိုင်ငံတော်လို့ပြောတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ရဲ့အခြေအနေက အင်မတန်ရှုပ်ထွေးပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ပြည်တွင်းပဋိပက္ခတွေရှိတယ်။ အားလုံးကို ဥပဒေတစ်ခုတည်းနဲ့သာ လုပ်မယ်ဆိုရင်၊ ဒီကနေ့ရန်ကုန်မှာ ဥပဒေအရ အရေးယူလိုက်ရင် ကျွန်တော်ထင်တယ်။ တစ်ဝက်လောက်က ကုန်သွားမယ်။ လမ်းဘေးဈေးသည်တွေ၊ ကျုးတွေ အကုန်ကုန်သွားမှာ။ နောက်ဆုံး အစိုးရအဖွဲ့ထဲမှာလည်း ကုန်သွားမှာ။ အဲဒါဆို ဘယ်လိုဖြစ်မလဲ။ အဲဒီ ကုန်သွားတဲ့အဖမ်းခံရတဲ့သူတွေအကုန်လုံးက အတိုက်အခံ အင်အားစုတွေ ပြန်ဖြစ်မယ်။ ပြန်ပြီးတော့ တော်လှန်မယ်။ တိုင်းပြည်က တော်တော်လေးကို ကစဉ့်ကလျားဖြစ်သွားမယ်။ ဒါကြောင့်မို့လို တည်ဆောက်နေတဲ့အချိန်မှာ မေတ္တာနဲ့တည်ဆောက်ဖို့ဆိုတဲ့စကားဟာ အလကားမဟုတ်ပါဘူး " -  ဦးလွင်ကိုလတ် ( သန်လျှင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - NLD ပါတီ )
NLD ပါတီရဲ့ထက်မြက်တဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးလွင်ကိုလတ်ကတော့ ဒီဇင်ဘာ ၁၇ ရက်မှာကျင်းပတဲ့ စကားဝိုင်းတစ်ခုမှာ အခုလိုမျိုး ပြောခဲ့ပါတယ်။ စကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ကြည့်ကြရင်တော့ ခေါင်းဆောင်ဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာဖြစ်ပြီး မေတ္တာဖြင့် နိုင်ငံတော်တည်ဆောက်ဖို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့မိန့်ခွန်းကို ဦးလွင်ကိုလတ်က ပြန်လည်အစဖော်လိုက်တာပါ။ ဦးလွင်ကိုလတ်ပြောသွားတဲ့အထဲမှာ အချက်အလက်အားလုံးဟာ တကယ်ပဲမှန်နေသလို တကယ်သာ ဥပဒေအတိုင်းဖမ်းဆီးရမယ်ဆိုရင် အစိုးရဟောင်းတွေလက်ထက်ကတည်းက ကျန်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဝန်ထမ်းတွေတော်တော်များများ ထောင်ထဲရောက်ကုန်မှာ သေချာတယ်ဆိုတဲ့သဘောပါ။ ဒါဟာ ဘာကိုရည်ညွှန်းပြန်သလဲဆိုတော့ အစိုးရယန္တရားထဲမှာရှိနေတဲ့ ဝန်ထမ်းတွေအများစုဟာ လာဘ်ပေးလာဘ်ယူမှု အဂတိတရားတွေနဲ့မကင်းကြဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ မကင်းရခြင်းကလည်း ဝန်ထမ်းတွေ လက်ရှိခံစားရရှိနေတဲ့ လစာကြောင့်ဆိုတဲ့ ကြက်ဥနဲ့ကြက်မ ပုံပြင်လိုပါပဲ။ တိုင်းပြည်ကစဉ့်ကလျားဖြစ်သွားမယ်လို့ပြောလိုက်တာဟာလည်း တကယ်ကိုပဲ မှန်ကန်တဲ့သုံးသပ်မှုလို့ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်း ဥပဒေအတိုင်း မြင်မြင်ရာ မဖမ်းတော့ဘဲ ကျွံထွက်လာတဲ့ကိစ္စတွေကိုသာ ဖမ်းဆီးပြပြီးတော့ ဖြည်းဖြည်းချင်းစည်းရုံးယူနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လာပါတယ်။ အထူးသဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ထမ်းတွေအပေါ်မှာ မေတ္တာနဲ့ယုံကြည်မှုပေးရင်း တိုင်းပြည်ကိုတည်ဆောက်နေတယ်လို့အဓိပ္ပါယ်ထွက်လာပါတယ်။ ဦးလွင်ကိုလတ်ရဲ့ဆက်ပြောလာတဲ့ စကားကတော့ " ဘာကြောင့်လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ပါဝင်မှုက အရေးကြီးတယ်။ အစိုးရဆိုတာ ဝန်ကြီးဌာနလောက်ပဲရှိတာ။ ဝန်ထမ်းတွေအားလုံးပြုပြင်ပြောင်းလဲဖို့ဆိုရင် မဟာဗျုဟာချထားတာရှိတယ်။ ၂၀၂၀ အထိ။ အစိုးရဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျုဟာဆိုတာ ရှိတယ်။ အဲဒီမှာလည်း ခေါင်းစဉ်တစ်လုံးရှိတယ်။ ဝန်ထမ်းတွေကို မင်းတို့ဝန်ဆောင်မှုပေး ၊ စည်းကမ်းလိုက်နာ၊ ရတဲ့ပိုက်ဆံနဲ့ဖြစ်အောင်လုပ်ဆိုပြီးပြောလို့မရဘူး။ ဝန်ထမ်းတွေမှာလည်း ရတဲ့လစာနဲ့လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့အနေအထားမျိုးမရှိဘဲ မနေနိုင်ဘူး။ အခုအချိန်မှာ။ တစ်ဖက်က ဝန်ထမ်းတွေကို မဖြည့်ဆည်းပေးဘဲနဲ့တစ်ဖက်ကနေ ဝန်ထမ်းတွေကို ပြန်ကျပ်နေရင် ဝန်ထမ်းမကောင်းရင် တိုင်းပြည်မကောင်းနိုင်ဘူး။ အဲဒီအခါကျတော့ ခေါင်းစဉ်က ဘယ်လိုပေးရသလဲဆိုတော့ ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေ စေ့ဆော်တဲ့အတိုင်း ပြောင်းလဲပါဆိုပြီးတော့ ကျွန်တော်တို့CSR( Corporate social responsibility ) ကို စခဲ့တယ်။ အခုလည်း မေတ္တာနဲ့သွားမယ့်နိုင်ငံတော်ဆိုတာက ကျွန်တော်တို့တစ်ဦးချင်းပေ့ါ။ ဒီနိုင်ငံက သိပ်ခက်တယ်နော်။ အစိုးရတစ်ဖွဲ့တည်း လူတစ်ယောက်တည်း လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့လူတစ်ဦးချင်းစီကနေ မေတ္တာစိတ်နဲ့ဒီ Attitude နဲ့တွန်းပြီးသွားမှ ဒီနိုင်ငံရမယ်။ မဟုတ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် ခေါင်းဆောင်က ဒီမက်ဆေ့ပေးတယ်လို့ကျွန်တော် ထင်တယ် " ဆိုတာပါပဲ။ ဒီစကားတွေရဲ့နောက်ကွယ်မှာ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းအချို့ကို မြင်လိုက်ရပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကြုံတွေ့နေရတဲ့ ယန္တရားပျက်ကြီးကိုလည်း သတိပြုမိလာပါတယ်။ 

၂၀၁၉ - ၂၀၂၀ နဲ့အနာဂတ်မှာ အစိုးရက ဘာတွေလုပ်ပေးခဲ့နိုင်မှာလဲ
ဦးလွင်ကိုလတ်ကတော့ သတင်းစကားလေးတွေ ပါးလိုက်ပါတယ်။ အဓိကအားဖြင့် ပြည်သူတွေရဲ့ဖန်တီးမှုအပေါ် ရပိုင်ခွင့်ကို ဖျက်ဆီးပစ်နေတဲ့ ခိုးယူမှု၊ ပုံတူပွားမှုပြဿနာတွေကို ထိန်းချုပ်နိုင်မယ့် တီထွင်မှုနဲ့မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ မှာ အပြီးသတ် ပြဌာန်းမယ်။ တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေးယိုင်နဲ့မှုတွေကို ဟန်ချက်ညီညီ အကောင်အထည်ဖော်မယ်။ အကျဉ်းထောင်တွေထဲမှာ ရောက်နေတဲ့ မူးယစ်ရဲ့သားကောင်ဖြစ်ခဲ့ရသူ ထက်မြက်တဲ့လူငယ်တွေကို လူ့စွမ်းအားရင်းမြစ်ပြုန်းတီးမှုမဖြစ်စေဖို့အတွက် အပြင်ပြန်ထုတ်မယ်။ အကျဉ်းထောင်ဥပဒေကို ပြင်မယ်။ ၅၂ ရာခိုင်နှုန်းသော ထောင်သားတွေဟာ မူးယစ်သားကောင်တွေဖြစ်နေတာကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ အတွင်းကိုလှိုက်စားနေတဲ့ပြသနာတွေကို ရှင်းထုတ်ဖို့ဆိုတာပါပဲ။ လက်ရှိအစိုးရအနေနဲ့လည်း လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က ဘာတွေလုပ်ခဲ့တာလဲဆိုတာကို အာဏာရယူနိုင်တဲ့နေ့မှ စပြီး ထိတွေ့သိခွင့်ရခဲ့တာဖြစ်သလို ဒါတွေကို ရှင်းထုတ်ဖို့အတွက် နှစ်နှစ်ကျော်အတွင်း ဆက်တိုက်ရုန်းကန်နေရတယ်လို့ဦးလွင်ကိုလတ်ရဲ့ပြောစကားတွေထဲကနေ ထွက်လာပါတယ်။ ဒါဟာ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အကြီးမားဆုံးအပြောင်းအလဲကို မြင်ရတော့မယ်ဆိုတဲ့ ရောင်နီပါပဲ။ နာမကျန်းဖြစ်နေတဲ့နိုင်ငံတော်အတွက် အရင်နှစ် ၆၀ တုန်းက ဘာတွေလုပ်ခဲ့ကြသလဲဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေကို နိုင်ငံရေးဆရာဝန်ကောင်းတွေကသာ စနစ်တကျကုစားပြီး နာလန်ပြန်ထူနိုင်စေမှာပါ။ ၂၀၁၉ ထဲမှာတော့ ပြည်သူနဲ့ပိုပြီး ထိရောက်တဲ့ပူးပေါင်းမှုတွေ လုပ်သွားဖို့NLD အစိုးရက ပြင်ဆင်နေတယ်လို့ဆိုသလို ၂၀၁၉ ထဲမှာပဲ ငြိမ်းချမ်းရေးကို သေချာအားစိုက်ထားကြောင်း သိသာတဲ့အပြောင်းအလဲတွေမြင်ရမယ်လို့ဆိုပါတယ်။ အထူးသဖြင့် ၂၀၂၀ မတိုင်မီမှာ အဖြူအမည်း သဲကွဲပြီး တိုင်းပြည်အတွက် ဘယ်သူတွေက တကယ်အလုပ်လုပ်နေသလဲဆိုတာကို မြင်ရမယ်လို့ဦးလွင်ကိုလတ်က အခိုင်အမာဆိုလိုက်တာပါ။ တိုင်းပြည်တိုးတက်ရေးအတွက် Hardware နဲ့Software ပိုင်းနှစ်ပိုင်းမှာ ဘယ်အပိုင်းက အဓိကကျလဲဆိုရင် နှစ်ပေါင်း ၆၀ ကျော်ယိုယွင်းပြီး အဟာရဓါတ်နဲ့ကျန်းမာရေးချို့တဲ့သွားသော မြန်မာနိုင်ငံအတွက် Software ပိုင်းပါပဲ။ NLD ဟာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အတွင်းပိုင်းက လှိုက်စားနေတဲ့ Software ပိုင်းကို တစ်ချက်ခြင်း ဖြည်ထုတ်ပြီး ရှင်းနေတယ်လို့ပဲ မီးမောင်းထိုးပြရတော့မှာပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူမဟုတ်ပေမယ့် ဦးဆောင်ခဲ့သူဖခင်ရဲ့အရိုက်အရာကို ဆက်ခံပြီး နိုင်ငံတည်ဆောက်ရေးကို မောင်းနှင်နေတယ်လို့ယူဆပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းပြည်လွတ်လပ်ရေးကို ထူထောင်ပေးခဲ့တယ်ဆိုပေမယ့် တည်ဆောက်ရေးကို ပါခွင့်မရခဲ့ရှာပါဘူး။ ဒါပေမဲ့ သူပေးခဲ့တာက မေတ္တာနဲ့ပြတ်သားတဲ့ခေါင်းဆောင်မှုအကြောင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ကို စတင်တည်ဆောက်နေရပါပြီ။ မေတ္တာနဲ့ပါ။ 

     -  မ်ဳိးမင္း(မက်ည္းလဟာ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။