Skip to main content
ပညာရမယ့္ ရုပ္ရွင္ကားေတြကိုပဲ ေရြးရိုက္တယ္ဆိုတဲ့ ခင္၀င့္၀ါ
Ads Block

ပညာရမယ့္ ရုပ္ရွင္ကားေတြကိုပဲ ေရြးရိုက္တယ္ဆိုတဲ့ ခင္၀င့္၀ါ

အႏုပညာေလာကမွာ ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ သရုပ္ေဆာင္ ခင္၀င့္၀ါက ရုပ္ရွင္ဇာတ္ကားေတြကို အေရအတြက္မ်ားရင္ ၿပီးေရာမဟုတ္ဘဲ ကိုယ့္အတြက္ပညာရမယ့္ ကားေတြကိုသာ အဓိကထားရိုက္ကူးျဖစ္ေၾကာင္း ေျပာလိုက္ပါတယ္။
ခင္၀င့္၀ါဟာ Miss Supranational Myanmar 2013 ၿပိဳင္ပြဲကေန အႏုပညာေလာကထဲသို႔ စတင္ေျခခ်ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးထားပါတယ္။ ရုပ္ရွင္ကားေတြကို ဘယ္လိုခံယူခ်က္မ်ဳိးျဖင့္ ရိုက္ကူးျဖစ္သလဲဆိုတာကိုေတာ့ သူမက အခုလို ေျပာပါတယ္။
“ေတြ႕ႀကံဳခဲ့ဖူးတဲ့ တခ်ိဳ႕ဆရာေတြရဲ႕ဆံုးမ စကားေတြအရ ဇာတ္ကားအေရအတြက္မ်ားဖို႔မလိုဘူး။ ဇာတ္ကားတစ္ကားထဲမွာ ကိုယ္ပညာ ဘယ္ေလာက္ရမလဲဆိုတာကိုသာ ေသခ်ာေလ့လာ။ ကိုယ္နားမလည္ရင္လည္းေမးဆိုၿပီး အၾကံေပးထားတာဆိုေတာ့ ကိုယ္တိုင္ကလည္း ေနာက္ပိုင္းမွာ ပံုစံေျပာင္းခ်င္တာလည္း ပါတယ္ဆိုေတာ့ ဇာတ္ကားေတြကို ေသခ်ာစိစစ္ေရြးခ်ယ္ျဖစ္သြားတယ္” လို႔ အကုန္သိသတင္းဌာနကို ေျပာပါတယ္။
ခင္၀င့္၀ါဟာ ၂၀၁၈ ခုနွစ္အတြင္း ရံုတင္ျပသတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ၈၃ ကားထဲမွ တိမ္တိုက္တံတား (အကယ္ဒမီ ေနတိုး၊ အကယ္ဒမီ ထြန္းထြန္း)နဲ႔ ကိုယ္ေစာင့္နတ္ (အဆိုေတာ္ လႊမ္းပိုင္) ရုပ္ရွင္ကားတို႔မွာ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ ယခုလက္ရွိမွာေတာ ေၾကာ္ျငာေတြ ပိုမိုရုိက္ကူးျဖစ္ေနၿပီး ေနာက္ထပ္ရိုက္မယ့္ ရုပ္ရွင္ဇာတ္ကားေတြလည္း မ်ားစြာရွိေသးတယ္လို႔ ေျပာလိုက္ပါတယ္။

 - အိျဖဳသိမ့္ (အကုန္သိသတင္းဌာန)

Unicode version

ပညာရမယ့် ရုပ်ရှင်ကားတွေကိုပဲ ရွေးရိုက်တယ်ဆိုတဲ့ ခင်ဝင့်ဝါ

အနုပညာလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါက ရုပ်ရှင်ဇာတ်ကားတွေကို အရေအတွက်များရင် ပြီးရောမဟုတ်ဘဲ ကိုယ့်အတွက်ပညာရမယ့် ကားတွေကိုသာ အဓိကထားရိုက်ကူးဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ခင်ဝင့်ဝါဟာ Miss Supranational Myanmar 2013 ပြိုင်ပွဲကနေ အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး လက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ကားတွေကို ဘယ်လိုခံယူချက်မျိုးဖြင့် ရိုက်ကူးဖြစ်သလဲဆိုတာကိုတော့ သူမက အခုလို ပြောပါတယ်။
“တွေ့ကြုံခဲ့ဖူးတဲ့ တချို့ဆရာတွေရဲ့ဆုံးမ စကားတွေအရ ဇာတ်ကားအရေအတွက်များဖို့မလိုဘူး။ ဇာတ်ကားတစ်ကားထဲမှာ ကိုယ်ပညာ ဘယ်လောက်ရမလဲဆိုတာကိုသာ သေချာလေ့လာ။ ကိုယ်နားမလည်ရင်လည်းမေးဆိုပြီး အကြံပေးထားတာဆိုတော့ ကိုယ်တိုင်ကလည်း နောက်ပိုင်းမှာ ပုံစံပြောင်းချင်တာလည်း ပါတယ်ဆိုတော့ ဇာတ်ကားတွေကို သေချာစိစစ်ရွေးချယ်ဖြစ်သွားတယ်” လို့ အကုန်သိသတင်းဌာနကို ပြောပါတယ်။
ခင်ဝင့်ဝါဟာ ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၈၃ ကားထဲမှ တိမ်တိုက်တံတား (အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ထွန်းထွန်း)နဲ့ ကိုယ်စောင့်နတ် (အဆိုတော် လွှမ်းပိုင်) ရုပ်ရှင်ကားတို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယခုလက်ရှိမှာတော ကြော်ငြာတွေ ပိုမိုရိုက်ကူးဖြစ်နေပြီး နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားတွေလည်း များစွာရှိသေးတယ်လို့ ပြောလိုက်ပါတယ်။

 - အိဖြုသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။