Skip to main content
ေနတိုးရဲ႕ ရုပ္ရွင္ကား (၂) ကားမပါလို႔ Star Award ဆုေပးပြဲမွ "ရန္သူ" ႏုတ္ထြက္
Ads Block

ေနတိုးရဲ႕ ရုပ္ရွင္ကား (၂) ကားမပါလို႔ Star Award ဆုေပးပြဲမွ "ရန္သူ" ႏုတ္ထြက္

Star Award ဆုေပးပြဲအတြက္ ေနာက္ဆံုးဆန္ကာတင္စာရင္း ထြက္လာခ်ိန္မွာ အကယ္ဒမီ ေနတိုးရဲ႕ ရုပ္ရွင္ကား ၂ ကား ေပ်ာက္ျခင္းမလွ ေပ်ာက္ေနတာေၾကာင့္ ရန္သူရုပ္ရွင္ကားႀကီးလည္း ထိုဆုေပးပြဲမွ ႏုတ္ထြက္လိုက္ေၾကာင္း ေရႊစင္ဦးထုတ္လုပ္ေရးမွ တရား၀င္ေၾကညာလိုက္ပါတယ္။

ေနတိုးရဲ႕ ရုပ္ရွင္ကား (၂) ကားမပါလို႔ Star Award ဆုေပးပြဲမွ "ရန္သူ" ႏုတ္ထြက္

ထိုဆုေပးပြဲမွာ ျမန္မာႏုိင္ငံ သတင္းစာဆရာမ်ားအသင္း (MJA) မွ ဦးေဆာင္ႀကီးမွဴးက်င္းပတာျဖစ္ၿပီး ေနတိုးရဲ႕ "ကမာၻက်ာ္ရြာ" နဲ႔ "မုန္းလို႕ရရင္မုန္းခ်င္တယ္" ဇာတ္ကားေတြ ခ်န္လွပ္ျခင္းခံခဲ့ရတာလို႔လည္း ဆိုပါတယ္။ ၂၀၁၈ ခုႏွစ္ထဲမွာ ေရႊစင္ဦးရုပ္ရွင္ထုတ္လုပ္ေရးမွ ရုံတင္ျပသႏိုင္တဲ့ ရုပ္ရွင္ကားေပါင္း ၃ ကားရွိခဲ့ၿပီး ရန္သူရုပ္ရွင္ကားႀကီးသာ ထိုဆုအတြက္ ဆန္ကာတင္စာရင္းထဲ ေရြးခ်ယ္ခဲ့တာေၾကာင့္ အခုလို ႏုတ္ထြက္လိုက္ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ေနတိုးရဲ႕ ရုပ္ရွင္ကား (၂) ကားမပါလို႔ Star Award ဆုေပးပြဲမွ "ရန္သူ" ႏုတ္ထြက္

“Star Award က်င္းပမယ္ ဆိုတဲ့အေၾကာင္းကို ထုတ္လုပ္သူကိုယ္တိုင္ ေလးစားရတဲ့ စာနယ္ဇင္းမွ အန္ကယ္ႀကီးက Facebook Messenger က တစ္ဆင့္ လွမ္းေျပာပါတယ္။ စေျပာေျပာခ်င္းပဲ ထုတ္လုပ္သူကလည္း အားတက္သေရာ ပါဝင္ကူညီမယ့္အေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ စာနယ္ဇင္းပြဲအၿပီး ဆန္ကာတင္ ဇာတ္ကားဆိုၿပီး စာရင္းထြက္လာေတာ့ ေရႊစင္ဦးတစ္တိုက္တည္းက ၂၀၁၈ ႐ုံတင္ဇာတ္ကား ၃ကားရွိေနပါလ်က္ ႏွစ္ကား က ေပ်ာက္ျခင္းမလွ ေပ်ာက္ေနတာ ေတြ႕လိုက္ရတယ္။ ေပ်ာက္ေနတဲ့ဇာတ္ကားႏွစ္ကားကလည္း ေနတိုးကားေတြျဖစ္ေနတဲ့အတြက္ ဘယ္လိုေရြးခ်ယ္သလဲဆိုတဲ့ အေတြးကို ျဖစ္ေစပါတယ္။ မုန္းလို႔ရရင္မုန္းခ်င္တယ္ဇာတ္ကားဆိုရင္ ဖယ္ထုတ္လိုက္တယ္ဆိိုတာ လက္ခံလို႔မရတဲ့ကားဆိုတာကို ပရိသတ္လည္းသိပါတယ္။ ဒါေၾကာင့္ပဲ ရန္သူကိုလည္း ႏႈတ္ထြက္ဖို႔ လုံေလာက္တဲ့ဆုံးျဖတ္ခ်က္ကို ခ်လိုက္တာပါ” ဆိုၿပီး ေရႊစင္ဦးရဲ႕ တရား၀င္ ေဖ့စ္ဘုတ္ေပ့ခ်္မွ ေၾကညာခဲ့ပါတယ္။

ေနတိုးရဲ႕ ရုပ္ရွင္ကား (၂) ကားမပါလို႔ Star Award ဆုေပးပြဲမွ "ရန္သူ" ႏုတ္ထြက္

Star Awards ဆုအတြက္ ၂၀၁၈ ခုနွစ္အတြင္း ရုံတင္ျပသခဲ့တဲ့ ဇာတ္ကားေပါင္း ၈၃ ကားထဲမွ ပဏာမဇာတ္ကား ၂၁ ကုိ စိစစ္ေ႐ြးခ်ယ္ခဲ့ၿပီး ၄င္းကားအသီးသီးရဲ႕ထုတ္လုပ္ေရး
မ်ားထံ တရားဝင္အေၾကာင္းၾကားခဲ့ခ်ိန္တြင္ တခ်ဳိ႕ထုတ္လုပ္ေရး၊ တခ်ဳိ႕ဇာတ္ကား၊ တခ်ဳိ႕ဒါရုိက္တာမ်ားက ပါဝင္ပတ္သက္လုိျခင္းမရွိဘူးလို႔လည္း သိရပါတယ္။

 - ႏြယ္ဏီ(အကုန္သိသတင္းဌာန)

Unicode version

နေတိုးရဲ့ ရုပ်ရှင်ကား (၂) ကားမပါလို့ Star Award ဆုပေးပွဲမှ "ရန်သူ" နုတ်ထွက်

Star Award ဆုပေးပွဲအတွက် နောက်ဆုံးဆန်ကာတင်စာရင်း ထွက်လာချိန်မှာ အကယ်ဒမီ နေတိုးရဲ့ ရုပ်ရှင်ကား ၂ ကား ပျောက်ခြင်းမလှ ပျောက်နေတာကြောင့် ရန်သူရုပ်ရှင်ကားကြီးလည်း ထိုဆုပေးပွဲမှ နုတ်ထွက်လိုက်ကြောင်း ရွှေစင်ဦးထုတ်လုပ်ရေးမှ တရားဝင်ကြေညာလိုက်ပါတယ်။
ထိုဆုပေးပွဲမှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA) မှ ဦးဆောင်ကြီးမှူးကျင်းပတာဖြစ်ပြီး နေတိုးရဲ့ "ကမ္ဘာကျာ်ရွာ" နဲ့ "မုန်းလို့ရရင်မုန်းချင်တယ်" ဇာတ်ကားတွေ ချန်လှပ်ခြင်းခံခဲ့ရတာလို့လည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးမှ ရုံတင်ပြသနိုင်တဲ့ ရုပ်ရှင်ကားပေါင်း ၃ ကားရှိခဲ့ပြီး ရန်သူရုပ်ရှင်ကားကြီးသာ ထိုဆုအတွက် ဆန်ကာတင်စာရင်းထဲ ရွေးချယ်ခဲ့တာကြောင့် အခုလို နုတ်ထွက်လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
“Star Award ကျင်းပမယ် ဆိုတဲ့အကြောင်းကို ထုတ်လုပ်သူကိုယ်တိုင် လေးစားရတဲ့ စာနယ်ဇင်းမှ အန်ကယ်ကြီးက Facebook Messenger က တစ်ဆင့် လှမ်းပြောပါတယ်။ စပြောပြောချင်းပဲ ထုတ်လုပ်သူကလည်း အားတက်သရော ပါဝင်ကူညီမယ့်အကြောင်း ပြန်ပြောခဲ့ပါတယ်။ စာနယ်ဇင်းပွဲအပြီး ဆန်ကာတင် ဇာတ်ကားဆိုပြီး စာရင်းထွက်လာတော့ ရွှေစင်ဦးတစ်တိုက်တည်းက ၂၀၁၈ ရုံတင်ဇာတ်ကား ၃ကားရှိနေပါလျက် နှစ်ကား က ပျောက်ခြင်းမလှ ပျောက်နေတာ တွေ့လိုက်ရတယ်။ ပျောက်နေတဲ့ဇာတ်ကားနှစ်ကားကလည်း နေတိုးကားတွေဖြစ်နေတဲ့အတွက် ဘယ်လိုရွေးချယ်သလဲဆိုတဲ့ အတွေးကို ဖြစ်စေပါတယ်။ မုန်းလို့ရရင်မုန်းချင်တယ်ဇာတ်ကားဆိုရင် ဖယ်ထုတ်လိုက်တယ်ဆိုတာ လက်ခံလို့မရတဲ့ကားဆိုတာကို ပရိသတ်လည်းသိပါတယ်။ ဒါကြောင့်ပဲ ရန်သူကိုလည်း နှုတ်ထွက်ဖို့ လုံလောက်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပါ” ဆိုပြီး ရွှေစင်ဦးရဲ့ တရားဝင် ဖေ့စ်ဘုတ်ပေ့ချ်မှ  ကြေညာခဲ့ပါတယ်။
Star Awards ဆုအတွက် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားပေါင်း ၈၃ ကားထဲမှ ပဏာမဇာတ်ကား ၂၁ ကို စိစစ်ရွေးချယ်ခဲ့ပြီး ၎င်းကားအသီးသီးရဲ့ထုတ်လုပ်ရေး
များထံ တရားဝင်အကြောင်းကြားခဲ့ချိန်တွင် တချို့ထုတ်လုပ်ရေး၊ တချို့ဇာတ်ကား၊ တချို့ဒါရိုက်တာများက ပါဝင်ပတ်သက်လိုခြင်းမရှိဘူးလို့လည်း သိရပါတယ်။

 - နွယ်ဏီ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။