Skip to main content
ရဲမင္းပိုင္ကိုေတြ႕ဖို႕ ဆက္သြယ္ခဲ့ေပမယ့္ မအားဘူးဆိုၿပီး လာမေတြ႕လို႕၀မ္းနည္းမိေနတဲ့ ဦးေအာင္ျမတ္
Ads Block

ရဲမင္းပိုင္ကိုေတြ႕ဖို႕ ဆက္သြယ္ခဲ့ေပမယ့္ မအားဘူးဆိုၿပီး လာမေတြ႕လို႕၀မ္းနည္းမိေနတဲ့ ဦးေအာင္ျမတ္

ဇာတ္ပို႕သရုပ္ေဆာင္တစ္ဦး ျဖစ္သလို ကိုလူေခ်ာအဖြဲ႕ ရဲ႕နာယက တစ္ဦးအျဖစ္တာ၀န္ယူထားတဲ့  ဦးေအာင္ျမတ္ က ျပည္ပမွာေနထိုင္ၿပီး ျမန္မာႏုိင္ငံကို ေရာက္ရွိလာေသးတဲ့ ရဲမင္းပိုင္ကို မေသခင္ေလးေတြ႕ခ်င္တဲ့စိတ္နဲ႔ သူရန္ကုန္ေရာက္ရွိေနစဥ္ဖုန္းဆက္ဆက္သြယ္ေခၚခဲ့ေပမယ့္ လာမေတြ ႕ခဲ့ဘူးဆိုၿပီး သူ ့ရဲ႕ ရင္တြင္းခံစားခ်က္ကိုထုတ္ေဖာ္ေျပာလာပါတယ္။
အႏုပညာ ေလာကမွာ နွစ္၅၀ေက်ာ္ၾကာ က်င္လည္ခဲ့သူတစ္ဦးျဖစ္ၿပီးလြန္ခဲ့တဲ့ သံုးႏွစ္က ေလျဖတ္ခဲ့တဲ့အတြက္ အိပ္ရာထဲလဲခဲ့တဲ့ ဦးေအာင္ျမတ္က ရဲမင္းပိုင္ငယ္စဥ္ကတည္း က ထိန္းလာရသူတစ္ဦးျဖစ္တယ္လို႕ေျပာပါတယ္။

ရဲမင္းပိုင္ကိုေတြ႕ဖို႕ ဆက္သြယ္ခဲ့ေပမယ့္ မအားဘူးဆိုၿပီး လာမေတြ႕လို႕၀မ္းနည္းမိေနတဲ့ ဦးေအာင္ျမတ္

 “ရဲမင္းပိုင္ဆိုရင္ အဘကေတြ႔ခ်င္ လြန္းလို႔ သူ႔ကိုငယ္ငယ္ထဲကေလးလိုထိိန္းခဲ႔ရတာ သူ႔ကိုသူ႔အေဖသူအေမထက္ အဘ ထိန္းမွပဲရတာက်န္တဲ႔သူထိန္းလို႔ မရဘူး။ သူေရာက္ေနတယ္ဆိုေတာ့ဖုန္းဆက္ဖို႔ ဖုန္းနံပါတ္ ေတာင္းတာမေပးဘူး။ ေခၚေပးလို႔ မရဘူးေျပာတယ္။ တစ္ခါမွလည္း မလာဘူး။ ေတြ႔ခ်င္တယ္။ သူ႕ဆီကေန တစ္ခုခုေမွ်ာ္ ကိုးလို႔မဟုတ္ဘူး။ေတြ႕ခ်င္ခြန္းလို႕ေခၚတာပါ။မသခင္ေလး ကိုငါျမင္ခ်င္လြန္း လို႔ပါဆို တာေတာင္မလာဘူး။ အဲေလာက္ထိအဘအေပၚမွာ ရက္စက္တာ။ သူဒီမွာအၾကာႀကီး ေနသြားတာေတာင္မလာဘူး။ သူ႔အနားမွာေနတဲ႔ သူေျပာ တာေတာ့ အဘကိုလံုး၀ ေခါင္းထဲ မထည့္ဘူး။ သူဘာျဖစ္ျဖစ္ အဘေနရာ တကာ လိုက္ေျပာ လိုက္ထိန္းေနရတာ သူ႔အေဖသူ႔အေမ ေျပာရင္ေတာင္ မရပဲ အဘေျပာမွရတာ။ တစ္ခါမွမလာဘူး။ မေတြ႔လိုက္ရဘူး။ ဖုန္းဆက္ေတာ့လည္း ဖုန္းမကိုင္ဘူး သူ႔ေဘးကေကာင္ပဲကိုင္တာ။သူ႕ေဘးကလူေတြကလည္း သူမအားဘူးေတြ႔မရဘူးဆိုပဲေျပာတာ။” ဆိုၿပီးရဲမင္းပိုင္ကိုမေတြ႔ရလို႔ စိတ္မေကာင္းျဖစ္ေနရတဲ႔ အေၾကာင္းကို အခုလိုပဲ ရင္ဖြင့္ေျပာျပခဲ႔ပါတယ္။

ရဲမင္းပိုင္ကိုေတြ႕ဖို႕ ဆက္သြယ္ခဲ့ေပမယ့္ မအားဘူးဆိုၿပီး လာမေတြ႕လို႕၀မ္းနည္းမိေနတဲ့ ဦးေအာင္ျမတ္

ရဲမင္းပိုင္ရဲ႕ဖခင္ျဖစ္သူ ဦးေဌး၀င္းနဲ႕ သူငယ္ခ်င္းအရင္း အႏုပညာလုပ္ေဖာ္ကိုင္ဖက္ျဖစ္သလို သားျဖစ္သူရဲမင္းပိုင္ ကိုလည္း သားတစ္ေယာက္လိုခ်စ္ခင္တဲ့စိတ္နဲ႔ဆက္သြယ္ခဲ့ေပမယ့္လာမေတြ႔ခဲ့တာ၀မ္းနည္းမိတယ္လို႕ငိုေၾကြးၿပီးအကုန္သိသတင္းဌာနကို ေျပာျပခဲ့တာပါ။
ဖိုက္တင္မင္းသား ရဲမင္းပိုင္ က ၿပီးခဲ့တဲ့ႏွစ္ဆန္းပိုင္းမွာ ျမန္မာႏုိင္ငံကို ျပန္လည္ေရာက္ရွိခဲ့ၿပီး အနုပညာအလုပ္ေတြလုပ္ခဲ့သလို ဖခင္ျဖစ္သူ ဦးေဌး၀င္းကိုလည္း ေစာင့္ေရွာက္ ရင္းၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္း ႏုိင္ငံရပ္ျခားကိုျပန္ခဲ့တာပါ။

 - သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode version

ရဲမင်းပိုင်ကိုတွေ့ဖို့ ဆက်သွယ်ခဲ့ပေမယ့် မအားဘူးဆိုပြီး လာမတွေ့လို့ဝမ်းနည်းမိနေတဲ့ ဦးအောင်မြတ်

ဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်သလို ကိုလူချောအဖွဲ့ ရဲ့နာယက တစ်ဦးအဖြစ်တာဝန်ယူထားတဲ့  ဦးအောင်မြတ် က ပြည်ပမှာနေထိုင်ပြီး မြန်မာနိုင်ငံကို ရောက်ရှိလာသေးတဲ့ ရဲမင်းပိုင်ကို မသေခင်လေးတွေ့ချင်တဲ့စိတ်နဲ့ သူရန်ကုန်ရောက်ရှိနေစဉ်ဖုန်းဆက်ဆက်သွယ်ခေါ်ခဲ့ပေမယ့် လာမတွေ့ခဲ့ဘူးဆိုပြီး သူ့ရဲ့ ရင်တွင်းခံစားချက်ကိုထုတ်ဖော်ပြောလာပါတယ်။
အနုပညာ လောကမှာ နှစ်၅၀ကျော်ကြာ ကျင်လည်ခဲ့သူတစ်ဦးဖြစ်ပြီးလွန်ခဲ့တဲ့ သုံးနှစ်က လေဖြတ်ခဲ့တဲ့အတွက် အိပ်ရာထဲလဲခဲ့တဲ့ ဦးအောင်မြတ်က ရဲမင်းပိုင်ငယ်စဉ်ကတည်း က ထိန်းလာရသူတစ်ဦးဖြစ်တယ်လို့ပြောပါတယ်။
 “ရဲမင်းပိုင်ဆိုရင် အဘကတွေ့ချင် လွန်းလို့ သူ့ကိုငယ်ငယ်ထဲကလေးလိုထိန်းခဲ့ရတာ သူ့ကိုသူ့အဖေသူအမေထက် အဘ ထိန်းမှပဲရတာကျန်တဲ့သူထိန်းလို့ မရဘူး။ သူရောက်နေတယ်ဆိုတော့ဖုန်းဆက်ဖို့ ဖုန်းနံပါတ် တောင်းတာမပေးဘူး။ ခေါ်ပေးလို့ မရဘူးပြောတယ်။ တစ်ခါမှလည်း မလာဘူး။ တွေ့ချင်တယ်။ သူ့ဆီကနေ တစ်ခုခုမျှော် ကိုးလို့မဟုတ်ဘူး။တွေ့ချင်ခွန်းလို့ခေါ်တာပါ။မသခင်လေး ကိုငါမြင်ချင်လွန်း လို့ပါဆို တာတောင်မလာဘူး။ အဲလောက်ထိအဘအပေါ်မှာ ရက်စက်တာ။ သူဒီမှာအကြာကြီး နေသွားတာတောင်မလာဘူး။ သူ့အနားမှာနေတဲ့ သူပြော တာတော့ အဘကိုလုံး၀ ခေါင်းထဲ မထည့်ဘူး။ သူဘာဖြစ်ဖြစ် အဘနေရာ တကာ လိုက်ပြော လိုက်ထိန်းနေရတာ သူ့အဖေသူ့အမေ ပြောရင်တောင် မရပဲ အဘပြောမှရတာ။ တစ်ခါမှမလာဘူး။ မတွေ့လိုက်ရဘူး။ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး သူ့ဘေးကကောင်ပဲကိုင်တာ။သူ့ဘေးကလူတွေကလည်း သူမအားဘူးတွေ့မရဘူးဆိုပဲပြောတာ။” ဆိုပြီးရဲမင်းပိုင်ကိုမတွေ့ရလို့ စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းကို အခုလိုပဲ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ရဲမင်းပိုင်ရဲ့ဖခင်ဖြစ်သူ ဦးဌေးဝင်းနဲ့ သူငယ်ချင်းအရင်း အနုပညာလုပ်ဖော်ကိုင်ဖက်ဖြစ်သလို သားဖြစ်သူရဲမင်းပိုင် ကိုလည်း သားတစ်ယောက်လိုချစ်ခင်တဲ့စိတ်နဲ့ဆက်သွယ်ခဲ့ပေမယ့်လာမတွေ့ခဲ့တာဝမ်းနည်းမိတယ်လို့ငိုကြွေးပြီးအကုန်သိသတင်းဌာနကို ပြောပြခဲ့တာပါ။
ဖိုက်တင်မင်းသား ရဲမင်းပိုင် က ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီး အနုပညာအလုပ်တွေလုပ်ခဲ့သလို ဖခင်ဖြစ်သူ ဦးဌေးဝင်းကိုလည်း စောင့်ရှောက် ရင်းပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုင်ငံရပ်ခြားကိုပြန်ခဲ့တာပါ။

 - သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။