Skip to main content
ရုရွား
Ads Block

ယူကရိန္း၊ ရုရွား၊ ခရိုင္မီးယား သို႔မဟုတ္ ပထ၀ီႏိုင္ငံံေရး အေရးပါမႈ ကိ်န္စာသင့္ျခင္း  

၂၀၁၈ ႏို၀င္ဘာ ၃၀ ရက္တြင္ ႏိုင္ငံအတြင္း တစ္သီးပုဂၢလ လက္နက္ကိုင္အစုအဖြဲ႔မ်ား ေပၚထြန္းလာမည့္ အေရးကို ကာကြယ္သည့္အေနျဖင့္ အသက္ ၁၆ ႏွစ္မွ ၆၀ ႏွစ္ၾကားရွိသူ ရုရွားလူမ်ိဳးမ်ားအား ယူကရိန္းႏိုင္ငံအတြင္း ၀င္ထြက္သြားလာခြင့္ ပိတ္ပင္လိုက္သည္ဟု The Independent က ေရးသားခဲ့သည္။

ယူကရိန္းႏွင့္ ရုရွားႏိုင္ငံအၾကား ကာလရွည္ တအံုေႏြးေႏြး မသင့္ျမတ္မႈမွာ လြန္ခဲ့သည့္ ႏို၀င္ဘာ ၂၅ ရက္ တနဂၤေႏြေန႔ ပင္လယ္နက္ေရျပင္အေရးကိစၥေၾကာင့္ အဆိုးရြားဆံုးျဖစ္ခဲ့ရသည္။ ရုရွားကမ္းေျခေစာင့္တပ္မ်ားက ယူကရိန္း အမႈထမ္း ၂၄ ဦး လိုက္ပါလာေသာ  စစ္သေဘၤာ ၃ စီးကို ပစ္ခတ္ဖမ္းဆီးခဲ့သည္။ အခင္းျဖစ္ပြားခ်ိန္တြင္ ယူကရိန္း သေဘၤာမ်ားမွာ အျပည္ျပည္ဆိုင္ရာ ေရေၾကာင္းသြားလာမႈ ဥပေဒႏွင့္အညီ ခုတ္ေမာင္းလ်က္ရွိေနေၾကာင္း ယူကရိန္းက ေျပာဆိုေသာ္လည္း ရုရွားႏိုင္ငံကမူ ယူကရိန္းသာလွ်င္ ဥပေဒေဖာက္ဖ်က္က်ဴးလြန္သူ ျဖစ္ေၾကာင္း စြပ္စြဲထားသည္။ အဆိုပါကိစၥအတြက္ ရုရွားအစိုးရဖြဲ႔စည္းေပးသည့္ စံုစမ္းစစ္ေဆးေရး ေကာ္မတီက ေျပာဆိုရာတြင္ ယူကရိန္းစစ္သေဘၤာမ်ားမွ ေရယာဥ္မွဴးတို႔အား အေသးစိတ္စစ္ေၾကာရန္ ေမာ္စကိုသို႔ ပို႔ေဆာင္ ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ က်န္ေရ ယာဥ္၀န္ထမ္း ၂၁ ဦးကို ခရိုင္းမီးယား၌ ထိန္းသိမ္းထားသည္ဟု Tass သတင္းဌာနက ေဖာ္ျပသည္။ ခရိုင္မီးယားတရားရံုးက ေစာေစာပိုင္း ေျပာဆိုရာတြင္ ယူကရိန္း သေဘၤာသားမ်ားအား ဥပေဒႏွင့္အညီ ၾကားနာစစ္ေဆးရန္ ၂ လမွ်အခ်ိန္ယူရလိမ့္မည္ျဖစ္ေၾကာင္း သိရွိရသည္။ ရုရွားႏွင့္ တင္းမာမႈ အျမင့္ဆံုးေရာက္ရွိေနစဥ္ အဇ္ေဇာ့ပင္လယ္ျပင္၌ ေနတိုးစစ္သေဘၤာမ်ား ခ်ထားေပးရန္ ယူကရိန္းသမၼတက ေတာင္းဆိုခဲ့သည္။ အဇ္ေဇာ့ပင္လယ္ျပင္ ဆိုသည္မွာ ရုရွား၏ အေနာက္ဖက္ထြက္ေပါက္ ပင္လယ္နက္ႏွင့္ ဆက္စပ္ေနၿပီး ၾကားတြင္ ကာ့ခ်္ေရလက္ၾကားေခၚ အလြန္က်ဥ္းေျမာင္းေသာ ေရလမ္းေၾကာင္းကေလးတစ္ခုကို ျဖတ္ေက်ာ္သြားရသည္။ အဇ္ေဇာပင္လယ္ျပင္၏ အေရွ႕ဖက္တြင္ ယေန႔ကမၻာက စိတ္၀င္စားလ်က္ရွိေသာ နာမည္ေက်ာ္ ခရိုင္မီးယား ကၽြန္းဆြယ္တည္ရွိေနသည္။ အဇ္ေဇာပင္လယ္ျပင္တြင္ ယူကရိန္းက အေနာက္အုပ္စု၏ ေနတိုးစစ္သေဘၤာမ်ားကို ဖိတ္ေခၚသည္ဆိုျခင္းမွာ ရုရွားႏိုင္ငံ၏ နဖူးကို တူႏွင့္ထုရန္ ခ်ိန္ရြယ္လိုက္ျခင္း မျခားရွိေလသည္ျဖစ္၍ ရုရွားသမၼတ ဗလာဒီမာပူတင္အတြက္ ေဆြ႔ေဆြ႔ခုန္ သြားမည္မွာ မလြဲပါတည္း။ ထို႔ျပင္ ႏို၀င္ဘာ တတိယရက္သတၱပတ္ေစာေစာပိုင္း၌ ယူကရိန္းႏိုင္ငံတြင္ ရက္ေပါင္း ၃၀ ၾကာ စစ္အုပ္ခ်ဳပ္ေရး ဥပေဒျပဌာန္းလိုက္ၿပီး ယူကရိန္းနယ္ျခားေစာင့္တပ္ဖြဲ႔ကလည္း ရုရွားသိမ္းယူထားသည့္ ခရိုင္မီးယားမွ ယူကရိန္းလူမ်ိဳး မဟုတ္သူမ်ားအား ကုန္းလမ္းေၾကာင္းမွ ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္လိုက္သည္။

ရုရွားက ယူကရိန္းသေဘၤာမ်ားအား ဖမ္းဆီးသည့္အတြက္ လာမည့္ အာဂ်င္တီးနားႏိုင္ငံ G-20 ထိပ္သီး အစည္းအေ၀းတြင္ ရုရွားသမၼတ ပူတင္ႏွင့္ ေတြ႔ဆံုမည့္အစဥ္အစဥ္ကို ေဒၚနယ္ထရမ့္က ပယ္ဖ်က္လိုက္သည္ဟု ဆိုသည္။ သို႔ေသာ္ အမွန္တကယ္အစည္းအေ၀းက်င္းပေသာအခါ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ား အခ်ိန္အေတာ္ၾကာစကား ေျပာဆိုၾကသည္ကို ေတြ႔ရသည္။ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ထရီဇာေမ ကလည္း ပူတင္ႏွင့္ ေတြ႔ဆံုမည့္ အစီအစဥ္အား ဖ်က္သိမ္းလိုက္ၿပီး ယူကရိန္းသေဘၤာမ်ားႏွင့္ သေဘၤာသားမ်ားအားလံုးကို အျမန္ဆံုးလႊတ္ေပးရန္ ေတာင္းဆိုေၾကာင္း သိရွိရသည္။ ခရိုင္မီးယား၊ ယူကရိန္းအေရးႏွင့္ ဥေရာပ၏ အေရွ႔ပိုင္းသည္ အခ်ိန္မေရြးေပါက္ကြဲမည့္ ယမ္းအိုးႀကီးႏွင့္ တူလာသည္။ ထို႔ေၾကာင့္ ယူကရိန္း -  ရုရွားႏွင့္ ခရိုင္မီးယားဆိုသည္ကို ဇာတ္ေၾကာင္းလွန္ ေနာက္ေၾကာင္းျပန္မွသာလွ်င္ လက္ရွိျဖစ္ပြားေနသာ တင္းမာမႈ အတိမ္အနက္ကို သိနိဳင္မည္ျဖစ္သည္။ ထိုနယ္ေျမတို႔၏ အတိတ္ဇာတ္ ေၾကာင္းသည္ စိတ္၀င္စားဖြယ္ျဖစ္ျပီး  နိဳင္ငံငယ္မ်ားအတြက္ သင္ခန္းစာယူဖြယ္မ်ားႏွင့္ ျပည့္ႏွက္ေနသည္မွာ လည္းအမွန္ပင္ျဖစ္ေလသည္။

ဆိုဗီယက္ ယူနီယံ သို႔မဟုတ္ တစ္ခ်ိန္က ရုရွား အင္ပါယာ
ဥေရာပဆိုသည္မွာ ကမၻာ့ေျမာက္ဖက္ျခမ္း ယူေရးရွား ကုန္းေျမျပင္ႀကီး၏ အေနာက္ဘက္ဆုံး အပိုင္းတို႔ ပါဝင္သည္။ ယူရယ္ေတာင္တန္း ႏွင့္ ေကာ့ေကးဆပ္ေတာင္တန္း၊ ယူရယ္ျမစ္၊ ကက္စပီယံပင္လယ္ ႏွင့္ ပင္လယ္နက္၊ ေအဂ်င္ပင္လယ္တို႔ကို ဆက္သြယ္ထားေသာ ေရလမ္းတို႔ျဖင့္ ဥေရာပႏွင့္ အာရွကို စည္းျခား ထားသည္ဟု ဆိုသည္။ အာရွတိုက္ ေျမာက္ပိုင္းကို ျဖတ္၍ ဥေရာပတိုက္၏ ၄၀ရာခိုင္ႏွဳန္းအထိ က်ယ္ျပန္႕သည္။
ရုရွားနိုင္ငံသည္ အာရွတိုက္နွင့္ ဥေရာပတိုက္ေပၚတြင္ ခြလ်က္ တည္ရွိသည္။ ဥေရာပတြင္သာမက ကမၻာ၌ပါ  ဧရိယာအားျဖင့္ အၾကီးဆံုး နိုင္ငံတစ္ခုျဖစ္သည္။ ရုရွားနိုင္ငံရွိ လူဦးေရသည္ ၁၄၄.၅ သန္း( ၂၀၁၇-ခုႏွစ္ ) ခန္႕ရွိသည္။ ယခုအခါ ရုရွားဖက္ဒေရးရွင္းဟု  ေခၚဆိုၾကေသာ ရုရွားဖက္ဒေရးရွင္း သမၼတနိဳင္ငံသည္ ကမၻာေပၚ တြင္ ၉ ခုေျမာက္ လူဦးေရ အထူထပ္ဆံုးေသာ နိုင္ငံျဖစ္သည္။ ရုရွားနိုင္ငံသည္ နိုင္ငံမွာ က်ယ္ဝန္းလွေသာေၾကာင့္ အခ်ိဳ႕ေဒသမ်ားတြင္ အျခားအသံုးျပဳ ဘာသာစကားေပါင္း  ၂၇ မ်ိဳးခန္႕အထိ ရွိသည္။ သို့ေသာ္ ရံုးသံုး ဘာသာမွာ ရုရွားဘာသာျဖစ္သည္။ ရုရွားကို တစ္ခ်ိန္က The Union of Soviet Socialist Republics ( USSR )  ဆုိဗီယက္ဆိုရွယ္လစ္ ျပည္ေထာင္စု သမၼတနိင္ငံေတာ္ဟု လူသိမ်ားသည္။ ထိုစဥ္က ဆိုဗီယက္ျပည္ေထာင္စုသည္ နိင္ငံ ၁၅ နိင္ငံကို ေပါင္းစုထားျခင္းျဖစ္ၿပီး ရုရွားသည္ ႏိုင္ငံတစ္ခုျဖစ္ကာ  ယခုေဖာ္ျပလ်က္ရွိသည့္ ယူကရိန္းသည္လည္း နိင္ငံ တစ္ခုအျဖစ္ႏွင့္ ၄င္းခရိုင္မီးယားသည္ ဆိုဗီယက္ယူနီယံ၏ အစိတ္အပိုင္း တစ္ခုအျဖစ္ ပါ၀င္ခဲ့ဖူးသည္။

ရုရွားႏိုင္ငံ အတိတ္ကာလ
ရုရွားႏိုင္ငံ၏ သမိုင္းအစသည္ အေရွ႕ဆဗ္ လူမ်ိဳးမ်ား ဥေရာပတိုက္တြင္ ပါဝင္လာျခင္းက အစျပဳခဲ့သည္။ အေရွ႕ဆဗ္ လူမ်ိဳးမ်ား သည္ ေအဒီ ၃ ရာစုနွင့္ ၈ ရာစုနွစ္အတြင္း၌ ဥေရာပတိုက္သို႔ ဝင္ေရာက္ ေပါင္းစည္းခဲ့ၾကသည္။ ေအဒီ ၉ ရာစုခန္႕တြင္ ဗိုက္ကင္းမ်ားနွင့္ ၄င္းတို႕၏ မ်ိဳးႏြယ္စုမ်ားသည္ ေကဗင္ရစ္ျပည္နယ္ရွိ အေရွ႕ဆလဗ္လူမ်ိဳးမ်ားကို ပထမဆံုး ေတြ႔ရွိသြားၾကသည္။ ထိုအခ်ိန္၌ ေရာမအင္ပါယာသည္ တန္ခိုးအင္အား အႀကီးထြားဆံုး အခ်ိန္ ျဖစ္သည္။ အေရွ႕ေရာမအင္ပါယာ၏ ၾသဇာသည္ ေကဗင္ဆပ္ေဒသထိေအာင္ ပ်ံ႕နွံ႕လ်က္ရွိသည္။ ၉၈၈ ခုနွစ္တြင္ ဗိုက္ကင္းမ်ားသည္ အေရွ႕ေရာမအင္ပါယာမွလာေသာ ခရစ္ယာန္ဘာသာကို ကိုးကြယ္ရန္ အတည္ျပဳခဲ့သည္။
ထို႔ေၾကာင့္ ရုရွားယဥ္ေက်းမႈမ်ားတြင္ ေရာမယဥ္ေက်းမႈမ်ား လႊမ္းမိုးထားသည္ကို ေတြ႔ရွိရျခင္းျဖစ္သည္။ ေနာက္ဆံုး၌ ေကဗင္ရပ္ျပည္နယ္ႀကီးသည္ အစိတ္စိတ္အမႊာမွာ ၿပိဳကြဲခဲ့ရၿပီး ေျမကြ်န္လူတန္းစား စနစ္ရွိေသာ ျပည္နယ္ေလးမ်ား ေျမာက္မ်ားစြာ ေပၚေပါက္လာခဲ့ေလသည္။ ထိုျပည္နယ္ ငယ္ေလးမ်ားတြင္ ေမာ္စကိုၿမိဳ႕၏ ၿမိဳ႕စားႀကီးသည္ ဩဇာအႀကီးဆံုး ပုဂၢိဳလ္ျဖစ္ခဲ့သည္။ ထိုအခ်ိန္တြင္ မြန္ဂိုအင္ပါယာသည္ တန္ခိုးထြားလ်က္ရွိေနသည္။ ေမာ္စကိုၿမိဳ႕စားႀကီးသည္ မြန္ဂိုတို႔အား တြန္းလွန္ရန္ ႀကိဳးပမ္းသည့္အေနျဖင့္ ေကဗင္နယ္ႀကီး၏ အစိတ္အပိုင္းမ်ားကို ျဖည္းျဖည္းခ်င္း သိမ္းယူကာ ျပည္နယ္ေလးမ်ားကို စုစည္းၿပီး အင္အားေတာင့္တင္းလာရန္ တည္ေဆာက္သည္။
၁၆၅၄ ခုနွစ္တြင္ ပိုလန္နွင့္ ၁၃ နွစ္ၾကာစစ္ပြဲမ်ား ျဖစ္ပြားခဲ့သည္။ ပိုလန္ - လစ္သူေယးနီးယား ဓနသဟာယအဖြဲ႔နွင့္ ရုရွားဇာဘုရင့္နိုင္ငံေတာ္တို႔အၾကား ျဖစ္ပြားေသာ စစ္ပြဲမ်ားအၿပီးတြင္ နယ္ေျမအမ်ားအျပားကို ရုရွားနိုင္ငံက ရရွိလိုက္သည္မွာ ျငင္းခ်က္ထုတ္၍ မရေသာ သမိုင္းအေထာက္အထားတစ္ခုျဖစ္သည္။ စစ္ပြဲအၿပီးတြင္ ရုရွားနိင္ငံက နယ္ေျမအမ်ားအျပား ရရွိသျဖင့္ ရုရွားတို႔ အေရွ႕ဥေရာပတြင္ အင္အားႀကီးနိင္ငံ တစ္နိုင္ငံျဖစ္လာေစေသာ လမ္းစေပၚေပါက္လာသည္။ ၁၈ ရာစုတြင္ အင္အားပိုမိုခ်ဲ႕ထြင္ၿပီး အျခားနယ္ပယ္မ်ားကို တိုက္ခိုက္သိမ္းပိုက္ျခင္း၊ နယ္ေျမသစ္မ်ား ရွာေဖြမႈကို ျပဳလုပ္ခဲ့ၾကသည္။ ထိုေနာက္ပိုင္းတြင္ ရုရွားအင္ပါယာႀကီးသည္ သမိုင္းတြင္ တတိယေျမာက္ အင္အားႀကီး အင္ပါယာႀကီးတစ္ခုအျဖစ္သို႔ ေရာက္ရွိလာခဲ့သည္။
ကိုင္ဇာဘုရင္ လက္ထက္တြင္ ပိုလန္နိုင္ငံအေရွ႕ဘက္မွသည္ ပစိဖိတ္သမုဒၵရာနွင့္  အလာစကာ နယ္အထိသို႔ ေရာက္ေအာင္ ခ်ဲ႕ထြင္သိမ္းပိုက္ျပန္သည္။ ၁၆၈၉ ခုနွစ္မွ ၁၇၂၅ ခုနွစ္ မဟာပီတာလက္ထက္ ပေဒသရာဇ္ ေခတ္တြင္ကား ရုရွားအင္ပါယာသည္ အႀကီးအက်ယ္ အခမ္းနားဆံုးျဖစ္ခဲ့သည္။ မဟာပီတာသည္ ၁၇၀၉ တြင္ ဆြီဒင္ကို ပိုတဗ္စစ္၌ အနိုင္ရၿပီး ေနဗာျမစ္ဝတြင္ စိန္႕ပီတာစဘက္ၿမိဳ႕ကို တည္ေထာင္သည္။

ရုရွား - ဂ်ပန္ စစ္ပြဲႏွင့္ ဒုတိယကမၻာစစ္ကာလ ရုရွား
၁၉၀၄ ခုနွစ္တြင္ စတင္၍ ၁၉၀၅ ခုနွစ္တြင္ ၿပီးဆံုးသြားေသာ ရုရွား - ဂ်ပန္စစ္ပြဲတြင္ ရုရွားတို႔ ရံႈးနိုမ့္ခဲ့ရသည္။ ဤသို႔ ရံႈးနိုမ့္ရျခင္းမွာ ထိုစဥ္ကာလ ရုရွားတို႔၏ ေခတ္ေနာက္က် က်န္ေနမႈေၾကာင့္ျဖစ္သည္။ ၁၉၂၂ ခုနွစ္ ေအာက္တိုဘာလတြင္ ဗလာဒီမာလီနင္နွင့္ ဂ်ာမနီနိုင္ငံမွ ကားလ္မာ့ခ္တို႔၏ ေဗာ္ရွီဗစ္ကြန္ျမဴနစ္ အေတြးအေခၚမ်ားစိုးမိုးလာခဲ့ၿပီး နိင္ငံတစ္ဝန္း မၿငိမ္သက္မႈမ်ား ျဖစ္ပြားလာခဲ့သည္။ ကိုင္ဇာဘုရင္နွင့္ အျခားျပည္သူမ်ားက လက္၀ဲအေတြးအေခၚမ်ားကို လက္မခံခဲ့ၾကေပ။ ထိုအခ်ိန္တြင္ ရုရွား၌ စီးပြားေရးမွာ က်ဆင္းလ်က္ရွိသည္။ နိုင္ငံ့စီးပြားေရး ေတာင့္တင္းမႈမရွိသည့္ၾကားမွ ဇာဘုရင္အစိုးရက ပထမကမၻာစစ္ပြဲအတြင္း ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ လီနင္အတြက္ ထူးျခားေကာင္းမြန္ဆံုး အခြင့္အေရး ရရွိသြားသည္ဟု ဆိုရပါမည္။ စစ္ၾကီး မၿပီးဆံုးမီပင္ ျပည္သူတို႔အၾကား မေက်နပ္မႈ ျပင္းထန္လာၿပီး ၁၉၁၇ တြင္ ရုရွားေအာက္တိုဘာ ေတာ္လွန္ေရး ႀကီးျဖစ္ပြားသည္။ ဇာဘုရင္ အစိုးရျပဳတ္က်ၿပီးေနာက္ ဗလာဒီမာ လီနင္နွင့္ လီယြန္ထေရာ့စကိုင္းတို႔ အာဏာရရွိခဲ့သည္။ ၄င္းတို႔သည္ မာ့ခ္ကြန္ျမဴနစ္နယ္ေျမမ်ား ထူေထာင္ၾကသည္။ ၁၉၃၉ ခုနွစ္တြင္ ဒုတိယ ကမၻာစစ္ႀကီး ျဖစ္ပြားၿပီး ၁၉၄၁ ခုနွစ္ ဂ်ာမနီတို႔က ရုရွားအား စတင္တိုက္ခိုက္သည္။ ထိုစစ္ပြဲမ်ားသည္ ၁၉၄၅ ခုနွစ္ ေမလထိေအာင္ ၾကာျမင့္ခဲ့သည္။ ရုရွားနိုင္ငံ၌လည္း လူေပါင္း ၂၇ သန္းခန္႔ အသက္ဆံုးရံႈး ရၿပီးမွ အနိုင္ရခဲ့သည္။

ရုရွား ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲျခင္း
၁၉၂၂ ခုနွစ္မွ ၁၉၉၁ ခုနွစ္အထိ ဆိုဗီယက္ ဆိုရွယ္လစ္ ျပည္ေထာင္စု သမၼတနိင္ငံဟုေခၚတြင္ေသာ အလြန္ ႀကီးမားသည့္ ျပည္ေထာင္စုနိင္ငံႀကီးသည္ ၁၉၉၀ ခုနွစ္မတိုင္မီ ၿပိဳကြဲေလသည္။ ၁၉၉၁ ခုနွစ္တြင္ ဖက္ဒရယ္ ရုရွားဟူ၍ ျပန္လည္ တည္ေထာင္ခဲ့ၿပီး ကြန္ျမဴနစ္တစ္ပါတီအစိုးရစနစ္မွ ဒီမိုကေရစီ ေစ်းကြက္စီးပြားေရးစနစ္သို႔ ေျပာင္းလဲက်င့္သံုးသည္။ ႏိုင္ငံေခါင္းေဆာင္အား  ဆႏၵမဲေပး ေရြးေကာက္ပြဲျဖင့္ ေရြးခ်ယ္ တင္ေျမွာက္သည္။ ဆိုဗီယက္ယူနီယံ ၿပိဳကြဲၿပီး ၁၉၉၁- ခုႏွစ္ ရုရွားဖက္ဒေရးဟူ၍ ျပန္လည္ ဖြဲ႔စည္းသည့္ အခါ  ယခင္ပါ၀င္ခဲ့ေသာ ယူကရိန္း၊ ဘီလာရုဇ္၊ ကာဇက္စတန္၊ ဥဇဘက္ကစၥန္၊ အာေမးနီးယား၊ အဇာဘိုင္ဂ်န္၊ ေဂ်ာ္ဂ်ီယာ၊ ကာဂ်ီစတန္၊ ေမာ္ဒိုဗာ၊ တာဂ်ီကစၥတန္ႏွင့္ တာမင္နစၥတန္စသည့္တို႔က  သီးျခား ၁၂ ႏိုင္ငံံအျဖစ္ ခြဲထြက္သြားခဲ့ၿပီး ယခင္ ဆိုဗီယက္ ဆိုရွယ္လစ္ျပည္ေထာင္စုသမၼတမွ ႏိုင္ငံံ ( ၅ ) ႏိုင္ငံံႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားျဖင့္သာ ေပါင္းစည္းထားသည္။ ၁၉၉၁ ၾသဂုတ္လ ၂၄ ရက္ေန႔တြင္ ဆိုဗီယက္ယူနီယံ ႏိုင္ငံံေဟာင္း ယူကရိန္းက  မည္သည့္အစုအဖြဲ႔တြင္မွ ပါ၀င္ျခင္းမရွိဘဲ လြတ္လပ္ေသာ ႏိုင္ငံံျဖစ္သည္ဟု တစ္ဖက္သပ္ ေၾကညာျခင္းျဖင့္ သီးျခားရပ္တည္ခဲ့သည္။ ထိုစဥ္အထိ ခရိုင္မီးယားမွာ ယူကရိန္းႏိုင္ငံံ၏ အစိတ္အပိုင္းအျဖစ္ ပါ၀င္ေနသည္။

ယူကရိန္းႏွင့္ ခရိုင္မီးယား
ယူကရိန္းႏိုင္ငံံသည္ ဧရိယာစတုရန္းမိုင္ ၂၃၃၀၆၂  ရွိသျဖင့္ ျမန္မာႏိုင္ငံံ နီးပါးတမွ် က်ယ္၀န္းၿပီး ဥေရာပတိုက္တြင္ တစ္ဆက္တည္းရွိေသာ ႏိုင္ငံံမ်ားအနက္ အႀကီးဆံုးျဖစ္သည္။ အေရွ႕ဘက္နွင့္ အေရွ႕ေျမာက္ဘက္တြင္ ရုရွားႏိုင္ငံံ၊ အေနာက္ေျမာက္ဘက္တြင္ ဘီလာရုဇ္ႏိုင္ငံံ၊ အေနာက္ဘက္တြင္ ပိုလန္ႏိုင္ငံံ၊ ဆလိုဗက္ကီးယားႏိုင္ငံံနွင့္ ဟန္ေဂရီႏိုင္ငံံ၊ အေနာက္ေတာင္ဘက္တြင္ ရိုေမးနီးယားႏိုင္ငံံနွင့္ ေမာ္ဒိုဗာႏိုင္ငံံ၊ ေတာင္ဘက္နွင့္ အေရွ႕ေတာင္ဘက္တြင္ ပင္လယ္နက္၊ အဇ္ေဇာ့ဗ္ ပင္လယ္တို႔နွင့္ ထိစပ္လ်က္ရွိသည္။ ၁၈ ရာစုနွစ္တြင္ ယူကရိန္းအေရွ႕ပိုင္းသည္ ရုရွဇာဘုရင္၏ လက္ေအာက္ခံ ျဖစ္သြား၍ အေနာက္ပိုင္းသည္ ဩစႀတီးယားပိုင္ ျဖစ္ခဲ့ဖူးသည္။ ရုရွေတာ္လွန္ေရးၿပီးသည့္ေနာက္ ၁၉၁၉ ခုနွစ္တြင္ ယူကရိန္းနီယန္ ဆိုဗီယက္ ဆိုရွယ္လစ္ သမၼတနိုင္ငံဟူ၍ ေပၚထြန္းလာသည္။ ၁၉၂၃ ခုနွစ္တြင္ ယူကရိန္း သမၼတနိုင္ငံသည္ ရုရွနိုင္ငံရွိ အျခားဆိုဗီယက္ ဆိုရွယ္လစ္ သမၼတနိုင္ငံမ်ားနွင့္ ပူးေပါင္းကာ ဆိုဗီယက္ဆိုရွယ္လစ္ ျပည္ေထာင္စု သမၼတနိုင္ငံ အင္ပါယာ၌ ပါ၀င္ခဲ့သည္။ ၿမိဳ႕ေတာ္မွာ ကီးယက္ဖ္ၿမိဳ႕ျဖစ္သည္။ အျခားၿမိဳ႕ႀကီးမ်ားမွာ ပင္လယ္နက္ ကမ္းနဖူးတြင္ ေမးတင္လ်က္ရွိသည့္ အိုဒက္ဆာၿမိဳ႕နွင့္ ခါးရကပ္ၿမိဳ႕မ်ား ျဖစ္သည္။ ဥေရာပတိုက္တြင္ ယူကရိန္းသည္ ေျမဩဇာထက္သန္ေသာ ေဒသျဖစ္ၿပီး အဖိုးတန္ တြင္းထြက္သတၱဳသယံဇာတၾကြယ္၀သည္။ ယူကရိန္းနိုင္ငံသားတို႔သည္ ဆလဗ္လူမ်ိဳး အႏြယ္မ်ား ျဖစ္ၾကၿပီး လူဦးေရ ၄၄၁ဝဝ,ဝဝဝ ခန္႔ရွိသည္။ မ်ားေသာအားျဖင့္ လယ္ယာစိုက္ပ်ိဳးလုပ္ကိုင္ၾက၍ ဂ်ံဳ၊ ရိုင္းစပါး၊ မုေယာ၊ အုတ္ဂ်ံဳ၊ သၾကားမုန္လာ၊ အာလူး၊ ေျပာင္း၊ ေဆး၊ ဝါနွင့္ ေလွ်ာ္ပင္မ်ားစိုက္ပ်ိဳးသည္။ သံနွင့္သံမဏိလုပ္ငန္း၊ သတၱဳလုပ္ငန္းနွင့္ စက္မႈ လက္မႈလုပ္ငန္းမ်ားလည္း ထြန္းကားသည္။ ဒုတိယကမၻာစစ္မတိုင္မီက ဆိုဗီယက္ျပည္ေထာင္စုမွ ထြက္ေသာ ေက်ာက္မီးေသြး ငါးပံု သံုးပံုမွာ ယူကရိန္းနိုင္ငံမွ ျဖစ္ေလသည္။
ယူကရိန္းသည္ ရုရွားအတြက္ အဖိုးတန္သယံဇာတမ်ားသာမက  ဥေရာပႏွင့္ ေျမထဲပင္လယ္ ထြက္ေပါက္၌ တည္ရွိသည့္ ပထ၀ီႏိုင္ငံံေရး မဟာဗ်ဴဟာ အခ်က္အျခာေဒသျဖစ္ရကား ယူကရိန္းႏိုင္ငံ ခြဲထြက္သြားျခင္းမွာ ရုရွား၏ စစ္ေရး၊ ႏိုင္ငံံေရးအတြက္ အလြန္အထိနာသည္မွာ အမွန္ပင္ျဖစ္သည္။ ဆိုဗီယက္၊ ယူဂိုဆလားဗီးယားႏွင့္ ခ်က္ကိုဆလိုဗက္တို႔ကဲ့သို႔ မၾကာေသးခင္ကာလ အခိုင္မာဆံုး ျပည္ေထာင္စုႏိုင္ငံမ်ား ၿပိဳကြဲျခင္းသည္ အေကာင္း အဆိုး ေရာျပြန္းလ်က္ ရွိရာတြင္ အဆိုးရလာဒ္က ပိုမိုမ်ားျပားပါသည္။ အလြန္ရႈပ္ေထြး ျပင္းထန္ၿပီး ရုတ္တရက္ ေပါက္ကြဲသြားသည့္ နိုင္ငံေရး အခင္းအက်င္း ေျပာင္းလဲမႈေၾကာင့္  လူမ်ိဳးေရး၊ ဓနဥစၥာ ပုိင္ဆုိင္မႈ၊ ကေလးသူငယ္မ်ား နွင့္ အမ်ိဳးသမီးမ်ား အခြင့္အေရး ျပႆနာစသည့္တို႔မွာ အျမင္သေဘာထား ကြဲျပားျခင္းေၾကာင့္လည္းေကာင္း မတူျခားနားသည့္ လူမ်ိဳးစုမ်ား အၾကား အင္အား၊ အာဏာ၊ ခ်ိန္ခြင္လွ်ာ အားၿပိဳင္ၾကျခင္းေၾကာင့္ ႏိုင္ငံံမဲ့ ဘဝမ်ားစြာႏွင့္ ပဋိပကၡမ်ားျဖစ္ေပၚလာရသည္။ ခရိုင္မီးယားသည္ မြန္ဂို၊ တူရကီ၊ ျပင္သစ္၊ ဂ်ာမန္တို႔၏ က်ဴးေက်ာ္သိမ္းပိုက္ခံ စစ္တလင္းျဖစ္ခဲ့ဖူးသည္။ ၁၄ ရာစုႏွစ္တြင္ တူရကီတို႔၏ ေအာ္တိုမန္အင္ပါယာ ခ်ဲ႕ထြင္ခ်ိန္၌ ခရိုင္မီးယားေဒသခံမ်ား အကူအညီေတာင္းခံသည္ ျဖစ္၍ ဆလဗ္လူမ်ိဳး ရုရွား စစ္သည္ ေတာ္မ်ား လာေရာက္တပ္စြဲခဲ့သည္။  တူရကီတို႔ အုပ္စိုးခ်ိန္တြင္ ေဒသခံ ခရိုင္မီးယား တာတာလူမ်ိဳးတို႔သည္ အစၥလာမ္ဘာသာ၀င္မ်ား ျဖစ္လာၾကသည္။ ရုရွားအေခၚ ဆလာျဗန္း ေခၚ ဆလဗ္ တို႔ကမူ ေအာ္သိုေဒါ့ ခရစ္ယာန္ဘာသာ ကိုးကြယ္သူမ်ားျဖစ္သည္။
ဒုတိယကမၻာစစ္တြင္ ခရိုင္မီးယားတာတာလူမ်ိဳးတို႔သည္ က်ဴးေက်ာ္သူ ဂ်ာမန္တို႔အား သစၥာခံခဲ့သည္။ ထို႔ေၾကာင့္ ၁၉၄၅ခုႏွစ္ စစ္ၿပီးဆံုးခ်ိန္တြင္ ဆိုဗီယက္ ကြန္ျမဴနစ္ေခါင္းေဆာင္ စတာလင္ က ခရိုင္မီးယား တာတာလူမ်ိဳးတို႔အား  ဆိုဗီယက္ပိုင္ အလယ္အာရွေဒသမ်ားသို႔ အတင္းအၾကပ္ေျပာင္းေရႊ႔ေစျပီး ဆလဗ္ တို႔အား ေနရာခ်ထားေပးခဲ့သည္။ သို႔ျဖစ္၍ ခရိုင္မီးယားတြင္ ေဒသခံ တာတာလူမ်ိဳး ရာႏွဳန္းနည္းပါး သြားရေလသည္။ ၂၀၁၄ ခုႏွစ္ ရုရွားႏိုင္ငံံက ေကာက္ယူေသာ သန္းေခါင္စာရင္းအရ ခရိုင္မီးယားေနထိုင္သူ ၈၄ ရာခိုင္ႏွဳန္းသည္ ရုရွားဓေလ့ထံုးတမ္းအရ အမည္ရွိသူမ်ားျဖစ္ၿပီး ရုရွားဘာသာစကား ေျပာဆိုၾကသူမ်ားျဖစ္သည္။  ခရိုင္မီးယား တာတာလူမ်ိဳး ၇.၉ ရာခိုင္ႏွဳန္း၊ တာတာ ၃.၇ ရာခိုင္ႏွဳန္း၊ ယူကရိန္း ၃.၃ ရာခိုင္ႏွဳန္းျဖစ္ေၾကာင္း ေတြ႔ရွိရသည္။ ဆိုဗီယက္ယူနီယံ ၿပိဳကြဲ ၿပီးေနာက္ လြတ္လပ္ေသာ ယူကရိန္းႏိုင္ငံံႏွင့္ ဥဇဘက္ကစၥတန္နိုင္ငံ ျဖစ္ေပၚလာသည္။ ထိုအခ်ိန္ေရာက္မွသာ ပထမအသုတ္ တာတာလူမ်ိဳး ၁၇٫၀၀၀ တို႔သည္ ယူကရိန္း နိုင္ငံသား ခံယူခြင့္ရၾကျပီး၊ က်န္အမ်ားစုက ဥဇဘက္ကစၥတန္ ႏိုင္ငံံသားအျဖစ္ ခံယူၾကေလသည္ ။ သို႔ေသာ္ ယူကရိန္း၏ သမိုင္းစဥ္ မ်ိဳးႏြယ္စုအမွန္ျဖစ္ေသာ္လည္း ခုိင္မာေသာ အေထာက္အထား အခ်က္အလက္ေတြ ျပသရန္ အခက္အခဲရွိေနသည္။ ယူကရိန္းနိုင္ငံသားျဖစ္ေရး မေသခ်ာမေရရာသည့္ အေျခအေနတြင္ ဥဇဘက္နိုင္ငံသားအျဖစ္ မွ စြန္႔လႊတ္ရန္ သင့္ မသင့္မွာလည္း  ျပႆနာတစ္ရပ္အျဖစ္ ႀကဳံရျပန္ေလသည္။
ခရိုင္မီးယားသည္ ပင္လယ္နက္ႏွင့္ အဇ္ေဇာ့ပင္လယ္တို႔ ၀ိုင္းပတ္ထားသည့္ ကၽြန္းဆြယ္တစ္ခုျဖစ္ၿပီး ေျမာက္ဖက္တြင္ ယူကရိန္းႏိုင္ငံံႏွင့္ ကုန္းေျမထိစပ္လ်က္ရွိ၍ အေရွ႕ဖက္တြင္  ကာ့ခ်္ေရလက္ၾကားအား “ ခရိုင္မီးယားတံတား “ ျဖင့္ ရုရွားႏိုင္ငံံ အေနာက္ပိုင္း ကူဘန္းေဒသအား ဆက္သြယ္ထားသည္။  ခရိုင္မီးယားကၽြန္းဆြယ္ကို အမ်ားအားျဖင့္ ၀ိုင္းပတ္တည္ရွိေနသည္မွာ ပင္လယ္နက္ျဖစ္၍ ခရိုင္မီးယား ကဲ့သို႔ မဟာဗ်ဴဟာေျမာက္ ကၽြန္းဆြယ္အား ပိုင္ဆိုင္သူသည္ စစ္သေဘၤာအုပ္စုႀကီး တစ္စုမက ခ်ထား နိင္သည္ႏွင့္ တူလိမ့္မည္ျဖစ္သည္။ ထို႔ေၾကာင့္ ခရိုင္မီးယားကို ယူကရိန္း၊ ရုရွားတို႔သာမက တူရကီ ႏွင့္ အေမရိကန္တို႔ကပါ အာသာငမ္းငမ္း လိုခ်င္ေနသည္မွာ အမွန္ပင္ျဖစ္သည္။

ဆိုဗီယက္ယူနီယံ ဘာေၾကာင့္ ၿပဳိကြဲ၊ ဆိုဗီယက္ တပ္မေတာ္ ၿပဳိလဲျခင္း
ဆိုဗီယက္ခရူးေရွာဗ္ေခတ္ ၁၉၅၄ တြင္  ခရိုင္မီးယားေဒသကို ယူကရိန္းပိုင္အျဖစ္ သြတ္သြင္းေပးခဲ့သည္။ အမွန္စင္စစ္ ယူကရိန္းဆိုသည္မွာလည္း ေလသံ၀ဲ ရုရွားဘာသာ စကားေျပာဆိုသူ အမ်ားစုေနထိုင္ရာျဖစ္သည့္အျပင္ ရာစုႏွစ္ေပါင္းမ်ားစြာ ရုရွားတို႔အေပၚ သစၥာေစာင့္သိသူမ်ားျဖစ္ရကား ေနာင္တစ္ခ်ိန္ ဆိုဗီယက္ အင္ပါယာႀကီး ၿပိဳကြဲလိမ့္မည္ဟု မည္သူမွ် ေယာင္၍အိပ္မက္ပင္ မမက္နိင္ခ်ိန္ျဖစ္သည္။
ဆိုဗီယက္ယူနီယံသည္ အမွန္စင္စစ္ စစ္လက္နက္အေျမာက္အျမား ပိုင္ဆိုင္သည္မွလြဲ၍ ျပည္တြင္း စီးပြားေရး ခိုင္မာျခင္းမရွိပါ။ ေဂၚဘာေခ်ာ့ဗ္သမၼတျဖစ္လာေသာအခါ အေမရိကန္မွ စီးပြားေရး ပါရဂူမ်ား ငွားရမ္းကာ အၾကံဥာဏ္ယူခဲ့သည္။ ရုရွားျပည္သူလူထုသည္ အစိုးရကို ေၾကာက္၍ အလုပ္လုပ္ၾကေသာ္လည္း ကိုယ္ပိုင္စီးပြားေရးကဲ့သို႔ သေဘာမထားၾကေခ်။ ေနာက္ဆံုး ရုရွားႏိုင္ငံံ၏ ပကတိ စီးပြားေရးအေျခအေနမွာ အခံြခ်ည္းသက္သက္ က်န္ခ်ိန္ေရာက္မွသာ သမၼတၾကီး ေဂၚဘာေခ်ာ့ဗ္လည္း ေနာင္တရလ်က္ ျပည္ပစီးပြားေရး ပါရဂူဆိုသူ အေနာက္ႏိုင္ငံံသား သူလွ်ိဳမ်ားကို ျပန္လႊတ္ရေသာ္လည္း အခ်ိန္ ေႏွာင္းခဲ့ေလျပီ။ ဆိုဗီယက္ယူနီယံ၏ စီးပြားေရးခၽြတ္ၿခံဳက်ဆင္းခ်ိန္တြင္ ျပည္ေထာင္စုအတြင္းႏိုင္ငံံမ်ား၌ အမ်ိဳးသားေရး ႏိုးၾကားလာခ်ိန္ျဖစ္၍ ဘီလာရုစ္၊ ယူကရိန္းႏွင့္ ေဘာ္လကန္ေဒသႏိုင္ငံံမ်ား ခြဲထြက္သည္ကို ဆိုဗီယက္ လႊတ္ေတာ္က မတားဆီးနိင္ေတာ့ေခ်။ ခြဲထြက္ျခင္းကို လက္မခံနိင္ေသာ ဆိုဗီယက္တပ္မေတာ္အတြင္း သေဘာထားတင္းမာသူ စစ္ဖက္အရာရွိ တစ္စုက လႊတ္ေတာ္ကို တင့္ကားမ်ားျဖင့္ ၀ိုင္းရံကာ အေျမာက္ျဖင့္ ထုေတာ့သည္။ ဆိုဗီယက္ေခတ္ တစ္ေလွ်ာက္လံုး တပ္မေတာ္ကို ကြန္ျမဴနစ္ပါတီကသာလွ်င္ ကြပ္ကဲအမိန္႔ေပးခဲ႔သည္ျဖစ္၍ တပ္မေတာ္ ၿပိဳကြဲမည့္အေရးကိုလည္း တားျမစ္နိင္ျခင္း မရွိေတာ့ေခ်။ တပ္ဖြဲ႔၀င္အမ်ားအျပား ေျပာင္းေရႊ႔၊ ေလွ်ာ့ခ်၊ ဖ်က္သိမ္းျခင္းျဖင့္ ကမၻာေက်ာ္ ဆိုဗီယက္တပ္မေတာ္ သည္လည္း ဘုန္းဘုန္းလဲရေတာ့သည္။

ရုရွားမွ ခြဲထြက္ၿပီး ယူကရိန္းႏွင့္ ခရိုင္မီးယားအေျခအေန
ဆိုဗီီယက္ျပည္ေထာင္စု ၿပိဳကြဲခ်ိန္ ခရိုင္းမီးယားကၽြန္းဆြယ္မွာ ယူကရိန္းပိုင္နက္အတြင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ ဆက္လက္တည္ရွိေနသည္။ ယူကရိန္းအစိုးရသည္ ခရိုင္းမီးယားကၽြန္းဆြယ္ အေရွ႕ေတာင္ဖက္ကမ္းေျခကို ရုရွားေရတပ္ အေျခစိုက္စခန္းအျဖစ္ ႏွစ္စဥ္အေမရိကန္ေဒၚလာ သန္း ၉၀ ခန္႔ျဖင့္ အငွားခ်ေပးထားသည္။ ထို႔ျပင္ ရုရွားထံမွ သဘာ၀ဓါတ္ေငြ႔ကို ေပါက္ေစ်းထက္ ၁၀ ဆခန္႔သက္သာေသာ ႏွဳန္းထားျဖင့္ ၀ယ္ယူသည္။ ယူကရိန္း၏ အေနာက္ဖက္ျခမ္းတြင္ ယူကရိန္းလူမ်ိဳးမ်ားေနထိုင္ၾကၿပီး အေရွ႕ဘက္တြင္ ရုရွားသာသာစကားေျပာ ရုရွားလူမ်ိဳးမ်ားေနထိုင္ၾကသည္။ ဆိုဗီယက္ယူနီယံမွ ခြဲထြက္ႏိုင္ငံံငယ္မ်ားစြာတို႔ကို ဒီမိုကေရစီျပန္႔ပြားေရးအျဖစ္ အေမရိကန္ႏွင့္ ေဂ်ာ့ဆိုေရာ့စ္ကဲ့သို႔ ဘီလ်ံနာသူေဌးႀကီးမ်ားက ေငြေၾကးပံုေအာလွဴဒါန္းကာ ကူညီသည္။ ဤတြင္ အမွန္တကယ္ျဖစ္ေပၚလာသည္မွာ ထိုႏိုင္ငံံမ်ား၌  အေမရိကန္ဖက္ ယိမ္းေသာ ပါတီမ်ား ၊ အစိုးရမ်ား ေပၚေပါက္လာ၍ ရုရွားႏိုင္ငံဆိုသည္မွာ စစ္တိုက္ရန္ ေသြးဆာေသာ စစ္ဘီလူးအျဖစ္ ပံုေပၚေစသည္။ ထိုႏိုင္ငံငယ္မ်ားအား ေနတိုးစစ္စာခ်ဳပ္အဖြဲ႔၀င္ ျဖစ္လာေစရန္ ဥပေဒမ်ား ေျပာင္းလဲေပးျခင္းျဖင့္ ရုရွားအား အေနာက္အုပ္စု စစ္အေျခစိုက္စခန္းမ်ားျဖင့္ ၀ိုင္းရံထားသည့္အသြင္ ေဆာင္လာသည္။ တစ္နည္းအားျဖင့္ဆိုလွ်င္ ဒီမိုကေရစီကို အေၾကာင္းျပ၍ အေမရိကန္ ၾသဇာလႊမ္းမိုးေသာ နိုင္ငံမ်ား ေမြးထုတ္ျခင္းျဖင့္ ၿပိဳင္ဖက္ႏိုင္ငံမ်ားကို ဆန္႔က်င္ေရးပင္ျဖစ္သည္။

ယူကရိန္းေတာ္လွန္ေရး သို႔မဟုတ္ အာဏာသိမ္းပြဲ
ထိုေၾကာင့္ ယူကရိန္းႏိုင္ငံတြင္ ဥေရာပသမဂၢႏွင့္ စီးပြားေရးအဆက္အသြယ္မလုပ္ျခင္းသည္ပင္ အမ်ားလူထုအျမင္တြင္ အျပစ္ႀကီးတစ္ခုျဖစ္လာၿပီး ဒီမိုကေရစီနည္းလမ္းက် ေရြးခ်ယ္တင္ေျမွာက္ ခံရေသာ အစိုးရျဖစ္လင့္ကစား ျပင္းထန္ေသာ လူထုဆႏၵျပပြဲမ်ားျဖင့္ အစိုးရမ်ားျပဳတ္က် ရေလသည္။ ယူရိန္းႏိုင္ငံံ၏ အေရွ႕ျခမ္းႏွင့္ အေနာက္ဘက္ျခမ္းတို႔သည္လည္း သေဘာထားကြဲလြဲကာ သင့္ျမတ္ျခင္းမရွိေတာ့ဘဲ လက္နက္ကိုင္စြဲကာ စစ္ခင္းျခင္းျဖင့္ မျငိမ္မသက္ျဖစ္ရေလသည္။ ယူကရိန္း၏ အေနာက္ဘက္ျခမ္းသည္ စိုက္ပ်ိဳးေရးလုပ္ငန္းမွလြဲ၍ ခ်မ္းသာၾကြယ္၀ႏိုင္မည့္ အလုပ္အကိုင္မရွိေခ်။ ထို႔ေၾကာင့္ အျခားဆိုဗီယက္ခြဲထြက္ႏိုင္ငံံမ်ားကဲ့သို႔ ေနတိုးအဖြဲ႔၀င္ၿပီး ဥေရာပႏွင့္ လြတ္လပ္စြာ ကုန္သြယ္ကာ ခ်မ္းသာလိုၾကသည္။ ထို႔ေၾကာင့္ ယူကရိန္းတြင္ ရံုးသံုးဘာသာစကားျဖစ္ေသာ ရုရွားဘာသာကို ပယ္ဖ်က္၍ ယူကရိန္းဘာသာစကားျဖင့္ အစားထိုးၿပီး ဒုတိယဘာသာစကားအျဖစ္ အဂၤလိပ္ဘာသာကို သတ္မွတ္ေစလိုသည္။ ယူကရိန္းအေရွ႕ျခမ္းကမူ ရုရွားလိုလားသူမ်ားျဖစ္ၾကၿပီး အေမရိကန္၊ ဥေရာပႏွင့္ ေနတိုးအဖြဲ႔အား ရန္သူပမာ ရွဳျမင္ၾကသည္။ ၂၀၁၀ - ၂၀၁၂ ခုႏွစ္ ခန္႔ ယူကရိန္းတြင္ အေနာက္အုပ္စု၏ လူေမြး ေသြးထိုးမႈသည္ လူတန္းစား အလႊာအသီးသီးတြင္ အခိုင္အမာ အျမစ္တြယ္ခဲ့ၿပီျဖစ္ရာ ယူကရိန္း အစိုးရ၏ ရုရွားသာသာစကား ဖယ္ရွားေရးမွာ အခ်င္းခ်င္း ယံုမွားသံသယျဖစ္ေစသည္။ ယူကရိန္းရွိ ရုရွားဘာသာစကား ေျပာဆိုသူမ်ားအား ဖိႏွိပ္ခြဲျခားဆက္ဆံသည့္အသြင္ ျဖစ္လာခဲ့ၿပီး ရုရွားဘာသာစကား ေျပာဆိုသူ ခရိုင္မီးယားကၽြန္းဆြယ္ေနမ်ား အတြက္ စိုးရိမ္မႈ ဒီေရအလား တိုးပြားရန္ ျဖစ္လာခဲ့သည္။ ၂၀၁၂ မွ ၂၀၁၄ ခုႏွစ္အထိ ယူကရိန္းၿမိဳ႕ေတာ္ ကီးယက္ဖ္၏ လြတ္လပ္ေရးရင္ျပင္သည္ ေန႔စဥ္၊ လစဥ္၊ အပတ္စဥ္ ဆႏၵျပပြဲမ်ားျဖင့္ ကင္းသည္ဟူ၍ မရွိခဲ့ေခ်။ ဆႏၵျပပြဲမ်ားသည္ အၾကမ္းဖက္မႈ အသြင္ ေျပာင္းလဲခဲ့ၿပီး ဆႏၵျပသူမ်ားက ဓါတ္ဆီပုလင္းဗံုးမ်ားျဖင့္ ပစ္ေပါက္သည္အထိ ျဖစ္လာခဲ့ၿပီး ယူကရိန္း အဓိကရုန္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႔၀င္မ်ား၏ လူစုခြဲနည္းမွာလည္း ၾကမ္းတမ္းသည္ဟု ေ၀ဖန္ခံရသည္။ ထို႔ျပင္ ဆႏၵျပလူအုပ္အတြင္း စႏိုက္ပါေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈမ်ားလည္း ျဖစ္ေပၚသည္ကို ေတြ႔ရသည္။ ထို႔ေၾကာင့္ ရဲတပ္ဖြဲ႔၀င္ ၇ ဦးႏွင့္ ယူကရိန္းဆႏၵျပသူ ၇၀ ေက်ာ္ ေသဆံုးသည္။
၂၀၁၀ ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံံ၏ ၄ ဦးေျမာက္ သမၼတအျဖစ္ ေရြးခ်ယ္ခံရသူ ဗစ္တာ ယာနိဳကူဗစ္ခ်္ သည္ ရုရွားဖက္ယိမ္းသည္ဟု ေ၀ဖန္ခံရၿပီး ၂၀၁၄ ခုႏွစ္ ေဖေဖာ္၀ါရီတြင္ ယူကရိန္းလႊတ္ေတာ္က ရာထူးမွ ႏွဳတ္ထြက္ေပးရန္ မဲခြဲဆံုးျဖတ္ျခင္းခံရသည္။ ကိယက္ဖ္ၿမိဳ႕ေတာ္ရွိ အထက္လႊတ္ေတာ္ႏွင့္ ေအာက္လႊတ္ေတာ္အား ဆႏၵျပသူမ်ားက ၀င္ေရာက္သိမ္းပိုက္သည့္အခါ လံုၿခံဳေရးတပ္ဖြဲ႔မ်ားစြာ ထိခိုက္ေသေၾကခဲ့ရၿပီး ၂၀၁၄ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔ညတြင္ “ ယူကရိန္းေတာ္လွန္ေရး “ ေခၚ အာဏာသိမ္းပြဲ စတင္ေလသည္။ ယာနိဳကူဗစ္ခ်္သည္ သူ၏ ေမြးရပ္ဇာတိေျမသို႔ ထြက္ေျပးသြားခဲ့သည္ဟု ဆိုၾကၿပီး ေနာင္တြင္ ယူကရိန္း တရားလႊတ္ေတာ္က ယာနိဳကူဗစ္ခ်္အား မ်က္ကြယ္၌ ေထာင္ဒါဏ္ ၁၅ႏွစ္ စီရင္ခဲ့သည္။

ခရိုင္မီးယားတြင္ ရုရွားတပ္မ်ား ၀င္ေရာက္လာျခင္း
သမၼတ ယာႏူကိုဗစ္ခ်္အား ရုရွား အထူးတပ္ဖြဲ႔၀င္မ်ားက ယူကရိန္းပိုင္နက္ ခရိုင္းမီးယား ကၽြန္းဆြယ္သို႔ ပို႔ေဆာင္ေပးေၾကာင္း ၾကားသိရေသာ ယူကရိန္းလက္ယာယိမ္း အမ်ိဳးသားေရး အစြန္းေရာက္မ်ားသည္ ခရိုင္မီးယားကၽြန္းဆြယ္ကိုပါ အၾကမ္းဖက္ရန္ ႀကံစည္လာေလသည္။ ယူကရိန္းတြင္ အာဏာသိမ္းျခင္းမွာ ခရိုင္မီးယားေန ရုရွားလူမ်ိဳးမ်ားအတြက္ အသက္ေဘး အႏၱရာယ္ က်ေရာက္ၿပီျဖစ္ေၾကာင္း အခ်က္ေပးသည့္ႏွယ္ျဖစ္ပါသည္။ ယူကရိန္း၏ အုပ္ခ်ဳပ္မႈလက္ေအာက္တြင္ ဆက္လက္ေနထိုင္ရန္ ခရိုင္မီးယားအတြက္ မျဖစ္နိဳင္ေတာ့ေပ။
ျမိဳ႔ေတာ္ ကီယက္ဖ္တြင္ ဆႏၵျပၿပီး ျပန္လာသည့္ ခရိုင္မီးယားသား တက္ၾကြလွဳပ္ရွားသူမ်ားလိုက္ပါလာေသာ ဘတ္စ္ကားကို ယူကရိန္းလက္ယာစြန္း၀ါဒီမ်ားက လမ္းခုလတ္တြင္စီးနင္းကာ  အားလံုးနီးပါး သတ္ျဖတ္လိုက္ၾကသည္။ ခရိုင္မီးယားကၽြန္းဆြယ္ ၀န္ႀကီးခ်ဳပ္သည္ အေရးေပၚအစည္းအေ၀းေခၚယူၿပီးေနာက္ ယူကရိန္းႏိုင္ငံတြင္ အာဏာသိမ္းၿပီး တက္လာသည့္ အစိုးရအသစ္အား အသိအမွတ္မျပဳေၾကာင္း၊ မိမိတုိ႔အေနျဖင့္ သီးျခားရပ္တည္ၿပီး ယူကရိန္းအစိုးရကို သစၥာခံေတာ့မည္မဟုတ္ေၾကာင္း သတင္းထုတ္ျပန္သည္။ ထို႔ေနာက္ ခရိုင္မီးယားျပည္သူအမ်ားစုအား ယူကရိန္းလက္ယာယိမ္း အစြန္းေရာက္သမားမ်ား၏ ရန္မွ အကာအကြယ္ေပးပါရန္ ရုရွားသမၼတပူတင္အား ပန္ၾကားသည့္ အကူညီေတာင္းလႊာကို ဖတ္ၾကားသည္။ ရုရွားသမၼတပူတင္သည္ ရုရွားအထူးတပ္ဖြဲ႔မ်ား၊ ေရတပ္အေျခစိုက္စခန္းမွ စစ္သည္မ်ားအား တိုက္ပြဲ၀င္ေရး အသင့္ျပင္ထားရန္ ၂၀၁၄ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၂ ရက္ ညကတည္းက အမိန္႔ေပးခဲ့သည္။ ေဖေဖာ္၀ါရီ ၂၃ ရက္ တြင္ ခရိုင္မီးယားသို႔ စစ္တပ္မ်ားေစလႊတ္ရန္ သမၼတပူတင္ကိုယ္တိုင္ ရုရွားလႊတ္ေတာ္သို႔ အတည္ျပဳခ်က္ ေတာင္းခံသည္။ ပူတင္၏ အဆိုကို ရုရွားလႊတ္ေတာ္က ကန္႔ကြက္သူမရွိ အတည္ျပဳေပးခဲ့သည္။ ယူကရိန္းႏွင့္ ရုရွားအၾကား တရား၀င္စာခ်ဳပ္အရ ယူကရိန္းတြင္ ရုရွားတပ္မ်ားရွိေနၿပီး အင္အား ၂ ေသာင္း ခန္႔ရွိသည္။ ထို႔ေၾကာင့္ စာခ်ဳပ္ပါအတိုင္း တပ္အင္အား ၃၅၀၀ မွ်သာ ထပ္မံပို႔ေဆာင္ရန္ လုပ္ေဆာင္ခဲ့သည္။ ခရိုင္မီးယား ၀န္ႀကီးခ်ဳပ္၏ ပန္ၾကားလႊာ မထုတ္ျပန္မီကပင္ ခရိုင္မီးယားကၽြန္းဆြယ္ ရုရွားစစ္အေျခစိုက္ေရတပ္စခန္းရွိ ရုရွားစစ္သည္အားလံုး ခရိုင္မီးယားကၽြန္းၿမိဳ႕ေတာ္သို႔ ခ်ီတက္မိန္႔ရခဲ့ျပီးျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။ ဤသည္မွာ ဆိုဗီယက္ယူနီယံ ၿပဳိကြဲစဥ္ ဘုန္းဘုန္းလဲခဲ့ေသာ ရုရွားတပ္မေတာ္သည္ လ်င္ျမန္စြာ စစ္ကစားႏိုင္ေသာ  ေခတ္မီတပ္မေတာ္တစ္ရပ္အဆင့္ ျပန္လည္ေရာက္ရွိၿပီ ျဖစ္ေၾကာင္း  သက္ေသျပသကဲ့သို႔ ရွိသည္။
ယူကရိန္း၌ ႏိုင္ငံေတာ္အာဏာကို တရားမ၀င္သိမ္းပိုက္ခဲ့ၾကၿပီး မင္းမဲ့စရိုက္မ်ား လႊမ္းမိုးေနစဥ္ ယူကရိန္း ပိုင္နက္ ခရိုင္မီးယားကၽြန္းဆြယ္အေရးတြင္ ရုရွားႏိုင္ငံအေနျဖင့္ မည္သည့္စစ္တပ္ အင္အားႏွင့္မွ် ၀င္ေရာက္ပတ္သက္ျခင္းမျပဳရန္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွ အတိအလင္း သတိေပးခဲ့သည္။ အေနာက္ဥေရာပႏိုင္ငံမ်ားမွလည္း အကယ္၍ ခရိုင္မီးယားအေရးတြင္ ရုရွားတို႔ အင္အားသံုးစြက္ဖက္လွ်င္ ျပင္းထန္ေသာ စီးပြားေရးပိတ္ဆို႔ အေရးယူမႈမ်ားျဖင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ခဲ့ၾကသည္။ သတိေပးၿခိမ္းေျခာက္သည့္အတိုင္း ေနာင္တြင္ ရုရွားအေပၚ အမွန္တကယ္ပင္ ဒဏ္ခတ္ပိတ္ ဆို႔ျခင္းမ်ားျပဳလုပ္ခဲ့သည္။

အေမရိကန္၊ အေနာက္အုပ္စုႏွင့္ ရုရွားႏိုင္ငံ တို႔ ထိပ္တိုက္ေတြ႔ျခင္းႏွင့္ ဒဏ္ခတ္ပိတ္ဆို႔ျခင္းမ်ား
ခရိုင္မီးယားေန စစ္ျပန္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ စစ္မႈထမ္းဖူးေသာ အရပ္သားမ်ား အားလံုး ၃ ရက္အတြင္း ခရိုင္မီးယားရွိ ရုရွားတပ္ဖြဲ႔မ်ားထံတြင္ စာရင္းေပးၾကရန္ ခရိုင္မီးယား ၀န္ၾကီးခ်ဳပ္က အမိန္႔ထုတ္ျပန္ ဆင့္ေခၚလိုက္သည္။ ေလဆိပ္၊ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းႏွင့္  အေရးပါေသာ အခ်က္အျခာေနရာအားလံုးကို  ခရိုင္မီးယားသားတို႔က သိမ္းပိုက္လိုက္ၾကၿပီး ယူကရိန္းတပ္မ်ား ၀င္ေရာက္လာလွ်င္  ကာကြယ္ရန္ အသင့္ ရွိေနခဲ့သည္။ ခရိုင္မီးယားတြင္ တပ္စြဲထားေသာ ယူကရိန္းစစ္တပ္မ်ား ရွိေနပါသည္။ သို႔ေသာ္ တပ္ဖြဲ႔၀င္အမ်ားစုႏွင့္ အရာရွိမ်ားမွာ ခရိုင္မီးယားသားမ်ားျဖစ္ေနသည္။ ထို႔ေၾကာင့္ ယူကရိန္းအစိုးရအေနျဖင့္ အခက္ေတြ႔ရၿပီး ခရိုင္မီးယားရွိ ယူကရိန္းတပ္မ်ား အေနျဖင့္လည္း တပ္၀င္းတံခါးကို ပိတ္ကာ အထက္မွ အမိန္႔ကို ေစာင့္ဆိုင္းယံုသာ တတ္ႏိုင္ေတာ့သည္။ မၾကာမီ ရုရွားတပ္မ်ားေရာက္ရွိလာၿပီး  ယူကရိန္းတပ္မ်ားကို လက္နက္ျဖဳတ္သိမ္းသည့္ အခါ  ခုခံမႈမရွိ အသာတၾကည္ ၿပီးဆံုးသြားသည္။ သေဘာထားတင္းမာေသာ ယူကရိန္း စစ္တပ္မ်ားကို ခရိုင္မီးယားသားတို႔ ၀ိုင္းရံပိတ္ဆို႔ထားျခင္းမွ ဖယ္ရွားေစၿပီး  ယူကရိန္းသားတို႔ ေနရပ္ျပန္ႏိုင္ရန္ ရုရွားတို႔က ယူကရိန္းနယ္စပ္အထိ  ေကာင္းမြန္စြာ ပို႔ေဆာင္ေပးသည္။ ခရိုင္မီးယားသို႔ ရုရွားတပ္မ်ား ၀င္ေရာက္လာရျခင္းမွာ ခရိုင္မီးယားအား သိမ္းပိုက္ရန္မဟုတ္ဘဲ တရားဥပေဒ စိုးမုိးေရးႏွင့္ ၿငိမ္၀ပ္ပိျပားေရးတြင္ ကူညီရန္သာျဖစ္သည္ဟု  ရုရွားက ေျပာဆိုသည္။
မတ္လ ၁၆ ရက္ေန႔တြင္ ခရိုင္မီးယားတစ္၀န္းလံုး၌ ဆႏၵမဲေပးပြဲ က်င္းပ၍ ယူကရိန္းမွ ခြဲထြက္ရန္ စီစဥ္သည္။ ဆႏၵမဲေပးသူ ၉၆ ရာခိုင္ႏွဳန္းက ခြဲထြက္ရန္ ေထာက္ခံမဲေပးသည္ ဆိုေသာ္လည္း ခြဲထြက္သည္ဆိုျခင္းမွာ ယူကရိန္းဖြဲ႔စည္းပံုအရ အျငင္းပြားဖြယ္ျဖစ္သည္။
ဤတြင္ မတ္လ ၁၈ ရက္ ၂၀၁၄ ခုႏွစ္၌ ခရိုင္မီးယားသည္ လြတ္လပ္ေသာႏိုင္ငံံတစ္ခုအျဖစ္ ခရိုင္မီးယား အုပ္ခ်ဳပ္သူမ်ားက တစ္ဖက္သပ္ေၾကညာၿပီး ရုရွားႏိုင္ငံံဖြဲ႔စည္းပံုအရ ရုရွားဖက္ဒေရးရွင္း အစိတ္အပိုင္းပါ လြတ္လပ္ေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ သမၼတ ႏိုင္ငံံျဖစ္သည္ဟု သတင္းထုတ္ျပန္ခဲ့သည္။ ခရိုင္မီးယား လြတ္လပ္ေရးေၾကညာျခင္းကို ရုရွားႏိုင္ငံအပါအ၀င္ ကုလသမဂၢအဖြဲ႔၀င္ ၂၆ ႏိုင္ငံံက အသိအမွတ္ျပဳခဲ့သည္။ ယူကရိန္း၊ အေမရိကန္ႏွင့္ ကုလသမဂၢအဖြဲ႔၀င္ ၁၉၃ ႏိုင္ငံံအနက္ ၆၈ ႏိုင္ငံံတို႔က ခရိုင္မီးယား သည္ ယူကရိန္း၏ အစိတ္အပိုင္းအျဖစ္သာ သတ္မွတ္ၿပီး ရုရွားႏွင့္ ခရိုင္းမီးယားတို႔၏ ေၾကညာခ်က္မ်ားကို အသိအမွတ္ မျပဳေခ်။ ယူကရိန္းအေရး တင္းမာလွ်က္ရွိစဥ္ ၂၀၁၄ ဧၿပီလ၌ အေမရိကန္ဖ်က္သေဘၤာ USS Donald Cook ႏွင့္ စစ္သေဘၤာအုပ္စုမ်ား ပင္လယ္နက္အတြင္း ၀င္ေရာက္လာသည္။ ျပင္သစ္ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး သေဘၤာ Alize မွာ လြန္ခဲ့သည့္လ ကတည္းက ပင္လယ္နက္အတြင္း ေရာက္ရွိေနခဲ့ၿပီးျဖစ္သည္။ အေမရိကန္စစ္သေဘၤာအုပ္စု ေရာက္ရွိလာျခင္းမွာ ပင္လယ္နက္ေဒသအတြင္း ေနတိုးမဟာမိတ္မ်ား လံုၿခံဳေရးႏွင့္ ပတ္သက္၍ အာမခံေၾကာင္း ျပသျခင္းျဖစ္သည္ဟု ပင္တာဂြန္က သတင္းထုတ္ျပန္သည္။ ပင္လယ္နက္အတြင္း အေမရိကန္ႏွင့္ ယူကရိန္းစစ္သေဘၤာမ်ား စစ္ေရးေလ့က်င့္စဥ္ ရုရွား ဂ်က္တိုက္ေလယာဥ္မ်ားက အလြန္နီးကပ္စြာ ပ်ံသန္းေထာက္လွမ္းျခင္း၊ အနိမ့္ပ်ံသန္းျခင္းမ်ား ျပဳလုပ္ေႏွာင့္ယွက္ခဲ့သည္။ ရုရွား အေနာက္ပိုင္း ယူကရိန္းနယ္စပ္တြင္ ရုရွားစစ္တပ္မ်ား အင္အားအလံုးအရင္းျဖင့္ အခိုင္အမာတပ္စြဲထားသည္ကို အေမရိကန္ စစ္ဖက္ေထာက္လွမ္းေရးၿဂိဳဟ္တုက ေတြ႔ရွိသည္။
၂၀၁၄ခုႏွစ္ ဒီဇင္ဘာတြင္ ခရိုင္မီးယား ကီယာဆြန္မွ ရုရွားတပ္ဖြဲ႔၀င္အခ်ိဳ႕ျပန္လည္ရုပ္သိမ္းခဲ့ေသာ္လည္း ရုရွားအေနျဖင့္ ခရိုင္မီးယားရွိ ၄င္း၏ တပ္ဖြဲ႔၀င္မ်ားအားလံုးကို မည္သည့္အခါမွ် ရုပ္သိမ္းလိမ့္မည္မဟုတ္ဟု နိင္ငံတကာ စစ္ေရးေလ့လာသူမ်ားက ခန္႔မွန္းၾကသည္။ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံံမ်ားကလည္း ရုရွားအေပၚ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔ျခင္းမ်ားျဖင့္ အေရးယူခဲ့သည္။
ရုရွား၏ အေနာက္ဖက္တံခါး၀တြင္ရွိေသာ ပင္လယ္နက္သည္ ေနတိုးစစ္သေဘၤာမ်ား ဥဒဟိုသြားလာရာ ေရျပင္ျဖစ္လာသည္။ ခရိုင္မီးယားေဒသ ရုရွားႏွင့္ ပူးေပါင္းသြားၿပီးေနာက္ ဥေရာပအေရွ႕ပိုင္း ရုရွားနယ္စပ္အနီးတြင္ အေမရိကန္ႏွင့္ ေနတိုးစစ္စာခ်ဳပ္အဖြဲ႔၀င္ႏိုင္ငံံမ်ားက အင္အားအလံုးအရင္းျဖင့္ စစ္ေရးေလ့က်င့္မ်ား အႀကိမ္ႀကိမ္ျပဳလုပ္ဆဲျဖစ္သည္ကို ေတြ႔ရွိရသည္။

Unicode Version 

၂၀၁၈ နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံအတွင်း တစ်သီးပုဂ္ဂလ လက်နက်ကိုင်အစုအဖွဲ့များ ပေါ်ထွန်းလာမည့် အရေးကို ကာကွယ်သည့်အနေဖြင့် အသက် ၁၆ နှစ်မှ ၆၀ နှစ်ကြားရှိသူ ရုရှားလူမျိုးများအား ယူကရိန်းနိုင်ငံအတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု The Independent က ရေးသားခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံအကြား ကာလရှည် တအုံနွေးနွေး မသင့်မြတ်မှုမှာ လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက် တနင်္ဂနွေနေ့ ပင်လယ်နက်ရေပြင်အရေးကိစ္စကြောင့် အဆိုးရွားဆုံးဖြစ်ခဲ့ရသည်။ ရုရှားကမ်းခြေစောင့်တပ်များက ယူကရိန်း အမှုထမ်း ၂၄ ဦး လိုက်ပါလာသော  စစ်သင်္ဘော ၃ စီးကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ယူကရိန်း သင်္ဘောများမှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု ဥပဒေနှင့်အညီ ခုတ်မောင်းလျက်ရှိနေကြောင်း ယူကရိန်းက ပြောဆိုသော်လည်း ရုရှားနိုင်ငံကမူ ယူကရိန်းသာလျှင် ဥပဒေဖောက်ဖျက်ကျူးလွန်သူ ဖြစ်ကြောင်း စွပ်စွဲထားသည်။ အဆိုပါကိစ္စအတွက် ရုရှားအစိုးရဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောဆိုရာတွင် ယူကရိန်းစစ်သင်္ဘောများမှ ရေယာဉ်မှူးတို့အား အသေးစိတ်စစ်ကြောရန် မော်စကိုသို့ ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရေ ယာဉ်ဝန်ထမ်း ၂၁ ဦးကို ခရိုင်းမီးယား၌ ထိန်းသိမ်းထားသည်ဟု Tass သတင်းဌာနက ဖော်ပြသည်။ ခရိုင်မီးယားတရားရုံးက စောစောပိုင်း ပြောဆိုရာတွင် ယူကရိန်း သင်္ဘောသားများအား ဥပဒေနှင့်အညီ ကြားနာစစ်ဆေးရန် ၂ လမျှအချိန်ယူရလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ ရုရှားနှင့် တင်းမာမှု အမြင့်ဆုံးရောက်ရှိနေစဉ် အဇ်ဇော့ပင်လယ်ပြင်၌ နေတိုးစစ်သင်္ဘောများ ချထားပေးရန် ယူကရိန်းသမ္မတက တောင်းဆိုခဲ့သည်။ အဇ်ဇော့ပင်လယ်ပြင် ဆိုသည်မှာ ရုရှား၏ အနောက်ဖက်ထွက်ပေါက် ပင်လယ်နက်နှင့် ဆက်စပ်နေပြီး ကြားတွင် ကာ့ချ်ရေလက်ကြားခေါ် အလွန်ကျဉ်းမြောင်းသော ရေလမ်းကြောင်းကလေးတစ်ခုကို ဖြတ်ကျော်သွားရသည်။ အဇ်ဇောပင်လယ်ပြင်၏ အရှေ့ဖက်တွင် ယနေ့ကမ္ဘာက စိတ်ဝင်စားလျက်ရှိသော နာမည်ကျော် ခရိုင်မီးယား ကျွန်းဆွယ်တည်ရှိနေသည်။ အဇ်ဇောပင်လယ်ပြင်တွင် ယူကရိန်းက အနောက်အုပ်စု၏ နေတိုးစစ်သင်္ဘောများကို ဖိတ်ခေါ်သည်ဆိုခြင်းမှာ ရုရှားနိုင်ငံ၏ နဖူးကို တူနှင့်ထုရန် ချိန်ရွယ်လိုက်ခြင်း မခြားရှိလေသည်ဖြစ်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ဆွေ့ဆွေ့ခုန် သွားမည်မှာ မလွဲပါတည်း။ ထို့ပြင် နိုဝင်ဘာ တတိယရက်သတ္တပတ်စောစောပိုင်း၌ ယူကရိန်းနိုင်ငံတွင် ရက်ပေါင်း ၃၀ ကြာ စစ်အုပ်ချုပ်ရေး ဥပဒေပြဌာန်းလိုက်ပြီး ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့ကလည်း ရုရှားသိမ်းယူထားသည့် ခရိုင်မီးယားမှ ယူကရိန်းလူမျိုး မဟုတ်သူများအား ကုန်းလမ်းကြောင်းမှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

ရုရှားက ယူကရိန်းသင်္ဘောများအား ဖမ်းဆီးသည့်အတွက် လာမည့် အာဂျင်တီးနားနိုင်ငံ G-20 ထိပ်သီး အစည်းအဝေးတွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့်အစဉ်အစဉ်ကို ဒေါ်နယ်ထရမ့်က ပယ်ဖျက်လိုက်သည်ဟု ဆိုသည်။ သို့သော် အမှန်တကယ်အစည်းအဝေးကျင်းပသောအခါ နှစ်နိုင်ငံ ခေါင်းဆောင်များ အချိန်အတော်ကြာစကား ပြောဆိုကြသည်ကို တွေ့ရသည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ကလည်း ပူတင်နှင့် တွေ့ဆုံမည့် အစီအစဉ်အား ဖျက်သိမ်းလိုက်ပြီး ယူကရိန်းသင်္ဘောများနှင့် သင်္ဘောသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း သိရှိရသည်။ ခရိုင်မီးယား၊ ယူကရိန်းအရေးနှင့် ဥရောပ၏ အရှေ့ပိုင်းသည် အချိန်မရွေးပေါက်ကွဲမည့် ယမ်းအိုးကြီးနှင့် တူလာသည်။ ထို့ကြောင့် ယူကရိန်း -  ရုရှားနှင့် ခရိုင်မီးယားဆိုသည်ကို ဇာတ်ကြောင်းလှန် နောက်ကြောင်းပြန်မှသာလျှင် လက်ရှိဖြစ်ပွားနေသာ တင်းမာမှု အတိမ်အနက်ကို သိနိုင်မည်ဖြစ်သည်။ ထိုနယ်မြေတို့၏ အတိတ်ဇာတ် ကြောင်းသည် စိတ်ဝင်စားဖွယ်ဖြစ်ပြီး  နိုင်ငံငယ်များအတွက် သင်ခန်းစာယူဖွယ်များနှင့် ပြည့်နှက်နေသည်မှာ လည်းအမှန်ပင်ဖြစ်လေသည်။

ဆိုဗီယက် ယူနီယံ သို့မဟုတ် တစ်ချိန်က ရုရှား အင်ပါယာ
ဥရောပဆိုသည်မှာ ကမ္ဘာ့မြောက်ဖက်ခြမ်း ယူရေးရှား ကုန်းမြေပြင်ကြီး၏ အနောက်ဘက်ဆုံး အပိုင်းတို့ ပါဝင်သည်။ ယူရယ်တောင်တန်း နှင့် ကော့ကေးဆပ်တောင်တန်း၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ် နှင့် ပင်လယ်နက်၊ အေဂျင်ပင်လယ်တို့ကို ဆက်သွယ်ထားသော ရေလမ်းတို့ဖြင့် ဥရောပနှင့် အာရှကို စည်းခြား ထားသည်ဟု ဆိုသည်။ အာရှတိုက် မြောက်ပိုင်းကို ဖြတ်၍ ဥရောပတိုက်၏ ၄၀ရာခိုင်နှုန်းအထိ ကျယ်ပြန့်သည်။
ရုရှားနိုင်ငံသည် အာရှတိုက်နှင့် ဥရောပတိုက်ပေါ်တွင် ခွလျက် တည်ရှိသည်။ ဥရောပတွင်သာမက ကမ္ဘာ၌ပါ  ဧရိယာအားဖြင့် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ရုရှားနိုင်ငံရှိ လူဦးရေသည် ၁၄၄.၅ သန်း( ၂၀၁၇-ခုနှစ် ) ခန့်ရှိသည်။ ယခုအခါ ရုရှားဖက်ဒရေးရှင်းဟု  ခေါ်ဆိုကြသော ရုရှားဖက်ဒရေးရှင်း သမ္မတနိုင်ငံသည် ကမ္ဘာပေါ် တွင် ၉ ခုမြောက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံဖြစ်သည်။ ရုရှားနိုင်ငံသည် နိုင်ငံမှာ ကျယ်ဝန်းလှသောကြောင့် အချို့ဒေသများတွင် အခြားအသုံးပြု ဘာသာစကားပေါင်း  ၂၇ မျိုးခန့်အထိ ရှိသည်။ သို့သော် ရုံးသုံး ဘာသာမှာ ရုရှားဘာသာဖြစ်သည်။ ရုရှားကို တစ်ချိန်က The Union of Soviet Socialist Republics ( USSR )  ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိင်ငံတော်ဟု လူသိများသည်။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုသည် နိင်ငံ ၁၅ နိင်ငံကို ပေါင်းစုထားခြင်းဖြစ်ပြီး ရုရှားသည် နိုင်ငံတစ်ခုဖြစ်ကာ  ယခုဖော်ပြလျက်ရှိသည့် ယူကရိန်းသည်လည်း နိင်ငံ တစ်ခုအဖြစ်နှင့် ၎င်းခရိုင်မီးယားသည် ဆိုဗီယက်ယူနီယံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့ဖူးသည်။

ရုရှားနိုင်ငံ အတိတ်ကာလ
ရုရှားနိုင်ငံ၏ သမိုင်းအစသည် အရှေ့ဆဗ် လူမျိုးများ ဥရောပတိုက်တွင် ပါဝင်လာခြင်းက အစပြုခဲ့သည်။ အရှေ့ဆဗ် လူမျိုးများ သည် အေဒီ ၃ ရာစုနှင့် ၈ ရာစုနှစ်အတွင်း၌ ဥရောပတိုက်သို့ ဝင်ရောက် ပေါင်းစည်းခဲ့ကြသည်။ အေဒီ ၉ ရာစုခန့်တွင် ဗိုက်ကင်းများနှင့် ၎င်းတို့၏ မျိုးနွယ်စုများသည် ကေဗင်ရစ်ပြည်နယ်ရှိ အရှေ့ဆလဗ်လူမျိုးများကို ပထမဆုံး တွေ့ရှိသွားကြသည်။ ထိုအချိန်၌ ရောမအင်ပါယာသည် တန်ခိုးအင်အား အကြီးထွားဆုံး အချိန် ဖြစ်သည်။ အရှေ့ရောမအင်ပါယာ၏ သြဇာသည် ကေဗင်ဆပ်ဒေသထိအောင် ပျံ့နှံ့လျက်ရှိသည်။ ၉၈၈ ခုနှစ်တွင် ဗိုက်ကင်းများသည် အရှေ့ရောမအင်ပါယာမှလာသော ခရစ်ယာန်ဘာသာကို ကိုးကွယ်ရန် အတည်ပြုခဲ့သည်။
ထို့ကြောင့် ရုရှားယဉ်ကျေးမှုများတွင် ရောမယဉ်ကျေးမှုများ လွှမ်းမိုးထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ နောက်ဆုံး၌ ကေဗင်ရပ်ပြည်နယ်ကြီးသည် အစိတ်စိတ်အမွှာမှာ ပြိုကွဲခဲ့ရပြီး မြေကျွန်လူတန်းစား စနစ်ရှိသော ပြည်နယ်လေးများ မြောက်များစွာ ပေါ်ပေါက်လာခဲ့လေသည်။ ထိုပြည်နယ် ငယ်လေးများတွင် မော်စကိုမြို့၏ မြို့စားကြီးသည် ဩဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မွန်ဂိုအင်ပါယာသည် တန်ခိုးထွားလျက်ရှိနေသည်။ မော်စကိုမြို့စားကြီးသည် မွန်ဂိုတို့အား တွန်းလှန်ရန် ကြိုးပမ်းသည့်အနေဖြင့် ကေဗင်နယ်ကြီး၏ အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း သိမ်းယူကာ ပြည်နယ်လေးများကို စုစည်းပြီး အင်အားတောင့်တင်းလာရန် တည်ဆောက်သည်။
၁၆၅၄ ခုနှစ်တွင် ပိုလန်နှင့် ၁၃ နှစ်ကြာစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ပိုလန် - လစ်သူယေးနီးယား ဓနသဟာယအဖွဲ့နှင့် ရုရှားဇာဘုရင့်နိုင်ငံတော်တို့အကြား ဖြစ်ပွားသော စစ်ပွဲများအပြီးတွင် နယ်မြေအများအပြားကို ရုရှားနိုင်ငံက ရရှိလိုက်သည်မှာ ငြင်းချက်ထုတ်၍ မရသော သမိုင်းအထောက်အထားတစ်ခုဖြစ်သည်။ စစ်ပွဲအပြီးတွင် ရုရှားနိင်ငံက နယ်မြေအများအပြား ရရှိသဖြင့် ရုရှားတို့ အရှေ့ဥရောပတွင် အင်အားကြီးနိင်ငံ တစ်နိုင်ငံဖြစ်လာစေသော လမ်းစပေါ်ပေါက်လာသည်။ ၁၈ ရာစုတွင် အင်အားပိုမိုချဲ့ထွင်ပြီး အခြားနယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ နယ်မြေသစ်များ ရှာဖွေမှုကို ပြုလုပ်ခဲ့ကြသည်။ ထိုနောက်ပိုင်းတွင် ရုရှားအင်ပါယာကြီးသည် သမိုင်းတွင် တတိယမြောက် အင်အားကြီး အင်ပါယာကြီးတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
ကိုင်ဇာဘုရင် လက်ထက်တွင် ပိုလန်နိုင်ငံအရှေ့ဘက်မှသည် ပစိဖိတ်သမုဒ္ဒရာနှင့်  အလာစကာ နယ်အထိသို့ ရောက်အောင် ချဲ့ထွင်သိမ်းပိုက်ပြန်သည်။ ၁၆၈၉ ခုနှစ်မှ ၁၇၂၅ ခုနှစ် မဟာပီတာလက်ထက် ပဒေသရာဇ် ခေတ်တွင်ကား ရုရှားအင်ပါယာသည် အကြီးအကျယ် အခမ်းနားဆုံးဖြစ်ခဲ့သည်။ မဟာပီတာသည် ၁၇၀၉ တွင် ဆွီဒင်ကို ပိုတဗ်စစ်၌ အနိုင်ရပြီး နေဗာမြစ်ဝတွင် စိန့်ပီတာစဘက်မြို့ကို တည်ထောင်သည်။

ရုရှား - ဂျပန် စစ်ပွဲနှင့် ဒုတိယကမ္ဘာစစ်ကာလ ရုရှား
၁၉၀၄ ခုနှစ်တွင် စတင်၍ ၁၉၀၅ ခုနှစ်တွင် ပြီးဆုံးသွားသော ရုရှား - ဂျပန်စစ်ပွဲတွင် ရုရှားတို့ ရှုံးနိုမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိုမ့်ရခြင်းမှာ ထိုစဉ်ကာလ ရုရှားတို့၏ ခေတ်နောက်ကျ ကျန်နေမှုကြောင့်ဖြစ်သည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် ဗလာဒီမာလီနင်နှင့် ဂျာမနီနိုင်ငံမှ ကားလ်မာ့ခ်တို့၏ ဗော်ရှီဗစ်ကွန်မြူနစ် အတွေးအခေါ်များစိုးမိုးလာခဲ့ပြီး နိင်ငံတစ်ဝန်း မငြိမ်သက်မှုများ ဖြစ်ပွားလာခဲ့သည်။ ကိုင်ဇာဘုရင်နှင့် အခြားပြည်သူများက လက်ဝဲအတွေးအခေါ်များကို လက်မခံခဲ့ကြပေ။ ထိုအချိန်တွင် ရုရှား၌ စီးပွားရေးမှာ ကျဆင်းလျက်ရှိသည်။ နိုင်ငံ့စီးပွားရေး တောင့်တင်းမှုမရှိသည့်ကြားမှ ဇာဘုရင်အစိုးရက ပထမကမ္ဘာစစ်ပွဲအတွင်း ဝင်ရောက်ခဲ့ခြင်းကြောင့် လီနင်အတွက် ထူးခြားကောင်းမွန်ဆုံး အခွင့်အရေး ရရှိသွားသည်ဟု ဆိုရပါမည်။ စစ်ကြီး မပြီးဆုံးမီပင် ပြည်သူတို့အကြား မကျေနပ်မှု ပြင်းထန်လာပြီး ၁၉၁၇ တွင် ရုရှားအောက်တိုဘာ တော်လှန်ရေး ကြီးဖြစ်ပွားသည်။ ဇာဘုရင် အစိုးရပြုတ်ကျပြီးနောက် ဗလာဒီမာ လီနင်နှင့် လီယွန်ထရော့စကိုင်းတို့ အာဏာရရှိခဲ့သည်။ ၎င်းတို့သည် မာ့ခ်ကွန်မြူနစ်နယ်မြေများ ထူထောင်ကြသည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားပြီး ၁၉၄၁ ခုနှစ် ဂျာမနီတို့က ရုရှားအား စတင်တိုက်ခိုက်သည်။ ထိုစစ်ပွဲများသည် ၁၉၄၅ ခုနှစ် မေလထိအောင် ကြာမြင့်ခဲ့သည်။ ရုရှားနိုင်ငံ၌လည်း လူပေါင်း ၂၇ သန်းခန့် အသက်ဆုံးရှုံး ရပြီးမှ အနိုင်ရခဲ့သည်။

ရုရှား ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း
၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိင်ငံဟုခေါ်တွင်သော အလွန် ကြီးမားသည့် ပြည်ထောင်စုနိင်ငံကြီးသည် ၁၉၉၀ ခုနှစ်မတိုင်မီ ပြိုကွဲလေသည်။ ၁၉၉၁ ခုနှစ်တွင် ဖက်ဒရယ် ရုရှားဟူ၍ ပြန်လည် တည်ထောင်ခဲ့ပြီး ကွန်မြူနစ်တစ်ပါတီအစိုးရစနစ်မှ ဒီမိုကရေစီ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးသည်။ နိုင်ငံခေါင်းဆောင်အား  ဆန္ဒမဲပေး ရွေးကောက်ပွဲဖြင့် ရွေးချယ် တင်မြှောက်သည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ၁၉၉၁- ခုနှစ် ရုရှားဖက်ဒရေးဟူ၍ ပြန်လည် ဖွဲ့စည်းသည့် အခါ  ယခင်ပါဝင်ခဲ့သော ယူကရိန်း၊ ဘီလာရုဇ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စန်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ကာဂျီစတန်၊ မော်ဒိုဗာ၊ တာဂျီကစ္စတန်နှင့် တာမင်နစ္စတန်စသည့်တို့က  သီးခြား ၁၂ နိုင်ငံံအဖြစ် ခွဲထွက်သွားခဲ့ပြီး ယခင် ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတမှ နိုင်ငံံ ( ၅ ) နိုင်ငံံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြင့်သာ ပေါင်းစည်းထားသည်။ ၁၉၉၁ သြဂုတ်လ ၂၄ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ နိုင်ငံံဟောင်း ယူကရိန်းက  မည်သည့်အစုအဖွဲ့တွင်မှ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်သော နိုင်ငံံဖြစ်သည်ဟု တစ်ဖက်သပ် ကြေညာခြင်းဖြင့် သီးခြားရပ်တည်ခဲ့သည်။ ထိုစဉ်အထိ ခရိုင်မီးယားမှာ ယူကရိန်းနိုင်ငံံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။

ယူကရိန်းနှင့် ခရိုင်မီးယား
ယူကရိန်းနိုင်ငံံသည် ဧရိယာစတုရန်းမိုင် ၂၃၃၀၆၂  ရှိသဖြင့် မြန်မာနိုင်ငံံ နီးပါးတမျှ ကျယ်ဝန်းပြီး ဥရောပတိုက်တွင် တစ်ဆက်တည်းရှိသော နိုင်ငံံများအနက် အကြီးဆုံးဖြစ်သည်။ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ရုရှားနိုင်ငံံ၊ အနောက်မြောက်ဘက်တွင် ဘီလာရုဇ်နိုင်ငံံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံံ၊ ဆလိုဗက်ကီးယားနိုင်ငံံနှင့် ဟန်ဂေရီနိုင်ငံံ၊ အနောက်တောင်ဘက်တွင် ရိုမေးနီးယားနိုင်ငံံနှင့် မော်ဒိုဗာနိုင်ငံံ၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် ပင်လယ်နက်၊ အဇ်ဇော့ဗ် ပင်လယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ၁၈ ရာစုနှစ်တွင် ယူကရိန်းအရှေ့ပိုင်းသည် ရုရှဇာဘုရင်၏ လက်အောက်ခံ ဖြစ်သွား၍ အနောက်ပိုင်းသည် ဩစတြီးယားပိုင် ဖြစ်ခဲ့ဖူးသည်။ ရုရှတော်လှန်ရေးပြီးသည့်နောက် ၁၉၁၉ ခုနှစ်တွင် ယူကရိန်းနီယန် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံဟူ၍ ပေါ်ထွန်းလာသည်။ ၁၉၂၃ ခုနှစ်တွင် ယူကရိန်း သမ္မတနိုင်ငံသည် ရုရှနိုင်ငံရှိ အခြားဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံများနှင့် ပူးပေါင်းကာ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ အင်ပါယာ၌ ပါဝင်ခဲ့သည်။ မြို့တော်မှာ ကီးယက်ဖ်မြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ပင်လယ်နက် ကမ်းနဖူးတွင် မေးတင်လျက်ရှိသည့် အိုဒက်ဆာမြို့နှင့် ခါးရကပ်မြို့များ ဖြစ်သည်။ ဥရောပတိုက်တွင် ယူကရိန်းသည် မြေဩဇာထက်သန်သော ဒေသဖြစ်ပြီး အဖိုးတန် တွင်းထွက်သတ္တုသယံဇာတကြွယ်ဝသည်။ ယူကရိန်းနိုင်ငံသားတို့သည် ဆလဗ်လူမျိုး အနွယ်များ ဖြစ်ကြပြီး လူဦးရေ ၄၄၁ဝဝ,ဝဝဝ ခန့်ရှိသည်။ များသောအားဖြင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍ ဂျုံ၊ ရိုင်းစပါး၊ မုယော၊ အုတ်ဂျုံ၊ သကြားမုန်လာ၊ အာလူး၊ ပြောင်း၊ ဆေး၊ ဝါနှင့် လျှော်ပင်များစိုက်ပျိုးသည်။ သံနှင့်သံမဏိလုပ်ငန်း၊ သတ္တုလုပ်ငန်းနှင့် စက်မှု လက်မှုလုပ်ငန်းများလည်း ထွန်းကားသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဆိုဗီယက်ပြည်ထောင်စုမှ ထွက်သော ကျောက်မီးသွေး ငါးပုံ သုံးပုံမှာ ယူကရိန်းနိုင်ငံမှ ဖြစ်လေသည်။
ယူကရိန်းသည် ရုရှားအတွက် အဖိုးတန်သယံဇာတများသာမက  ဥရောပနှင့် မြေထဲပင်လယ် ထွက်ပေါက်၌ တည်ရှိသည့် ပထဝီနိုင်ငံံရေး မဟာဗျူဟာ အချက်အခြာဒေသဖြစ်ရကား ယူကရိန်းနိုင်ငံ ခွဲထွက်သွားခြင်းမှာ ရုရှား၏ စစ်ရေး၊ နိုင်ငံံရေးအတွက် အလွန်အထိနာသည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုဗီယက်၊ ယူဂိုဆလားဗီးယားနှင့် ချက်ကိုဆလိုဗက်တို့ကဲ့သို့ မကြာသေးခင်ကာလ အခိုင်မာဆုံး ပြည်ထောင်စုနိုင်ငံများ ပြိုကွဲခြင်းသည် အကောင်း အဆိုး ရောပြွန်းလျက် ရှိရာတွင် အဆိုးရလာဒ်က ပိုမိုများပြားပါသည်။ အလွန်ရှုပ်ထွေး ပြင်းထန်ပြီး ရုတ်တရက် ပေါက်ကွဲသွားသည့် နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုကြောင့်  လူမျိုးရေး၊ ဓနဥစ္စာ ပိုင်ဆိုင်မှု၊ ကလေးသူငယ်များ နှင့် အမျိုးသမီးများ အခွင့်အရေး ပြဿနာစသည့်တို့မှာ အမြင်သဘောထား ကွဲပြားခြင်းကြောင့်လည်းကောင်း မတူခြားနားသည့် လူမျိုးစုများ အကြား အင်အား၊ အာဏာ၊ ချိန်ခွင်လျှာ အားပြိုင်ကြခြင်းကြောင့် နိုင်ငံံမဲ့ ဘဝများစွာနှင့် ပဋိပက္ခများဖြစ်ပေါ်လာရသည်။ ခရိုင်မီးယားသည် မွန်ဂို၊ တူရကီ၊ ပြင်သစ်၊ ဂျာမန်တို့၏ ကျူးကျော်သိမ်းပိုက်ခံ စစ်တလင်းဖြစ်ခဲ့ဖူးသည်။ ၁၄ ရာစုနှစ်တွင် တူရကီတို့၏ အော်တိုမန်အင်ပါယာ ချဲ့ထွင်ချိန်၌ ခရိုင်မီးယားဒေသခံများ အကူအညီတောင်းခံသည် ဖြစ်၍ ဆလဗ်လူမျိုး ရုရှား စစ်သည် တော်များ လာရောက်တပ်စွဲခဲ့သည်။  တူရကီတို့ အုပ်စိုးချိန်တွင် ဒေသခံ ခရိုင်မီးယား တာတာလူမျိုးတို့သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်လာကြသည်။ ရုရှားအခေါ် ဆလာဗြန်း ခေါ် ဆလဗ် တို့ကမူ အော်သိုဒေါ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဖြစ်သည်။
ဒုတိယကမ္ဘာစစ်တွင် ခရိုင်မီးယားတာတာလူမျိုးတို့သည် ကျူးကျော်သူ ဂျာမန်တို့အား သစ္စာခံခဲ့သည်။ ထို့ကြောင့် ၁၉၄၅ခုနှစ် စစ်ပြီးဆုံးချိန်တွင် ဆိုဗီယက် ကွန်မြူနစ်ခေါင်းဆောင် စတာလင် က ခရိုင်မီးယား တာတာလူမျိုးတို့အား  ဆိုဗီယက်ပိုင် အလယ်အာရှဒေသများသို့ အတင်းအကြပ်ပြောင်းရွှေ့စေပြီး ဆလဗ် တို့အား နေရာချထားပေးခဲ့သည်။ သို့ဖြစ်၍ ခရိုင်မီးယားတွင် ဒေသခံ တာတာလူမျိုး ရာနှုန်းနည်းပါး သွားရလေသည်။ ၂၀၁၄ ခုနှစ် ရုရှားနိုင်ငံံက ကောက်ယူသော သန်းခေါင်စာရင်းအရ ခရိုင်မီးယားနေထိုင်သူ ၈၄ ရာခိုင်နှုန်းသည် ရုရှားဓလေ့ထုံးတမ်းအရ အမည်ရှိသူများဖြစ်ပြီး ရုရှားဘာသာစကား ပြောဆိုကြသူများဖြစ်သည်။  ခရိုင်မီးယား တာတာလူမျိုး ၇.၉ ရာခိုင်နှုန်း၊ တာတာ ၃.၇ ရာခိုင်နှုန်း၊ ယူကရိန်း ၃.၃ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲ ပြီးနောက် လွတ်လပ်သော ယူကရိန်းနိုင်ငံံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ ဖြစ်ပေါ်လာသည်။ ထိုအချိန်ရောက်မှသာ ပထမအသုတ် တာတာလူမျိုး ၁၇٫၀၀၀ တို့သည် ယူကရိန်း နိုင်ငံသား ခံယူခွင့်ရကြပြီး၊ ကျန်အများစုက ဥဇဘက်ကစ္စတန် နိုင်ငံံသားအဖြစ် ခံယူကြလေသည် ။ သို့သော် ယူကရိန်း၏ သမိုင်းစဉ် မျိုးနွယ်စုအမှန်ဖြစ်သော်လည်း ခိုင်မာသော အထောက်အထား အချက်အလက်တွေ ပြသရန် အခက်အခဲရှိနေသည်။ ယူကရိန်းနိုင်ငံသားဖြစ်ရေး မသေချာမရေရာသည့် အခြေအနေတွင် ဥဇဘက်နိုင်ငံသားအဖြစ် မှ စွန့်လွှတ်ရန် သင့် မသင့်မှာလည်း  ပြဿနာတစ်ရပ်အဖြစ် ကြုံရပြန်လေသည်။
ခရိုင်မီးယားသည် ပင်လယ်နက်နှင့် အဇ်ဇော့ပင်လယ်တို့ ဝိုင်းပတ်ထားသည့် ကျွန်းဆွယ်တစ်ခုဖြစ်ပြီး မြောက်ဖက်တွင် ယူကရိန်းနိုင်ငံံနှင့် ကုန်းမြေထိစပ်လျက်ရှိ၍ အရှေ့ဖက်တွင်  ကာ့ချ်ရေလက်ကြားအား “ ခရိုင်မီးယားတံတား “ ဖြင့် ရုရှားနိုင်ငံံ အနောက်ပိုင်း ကူဘန်းဒေသအား ဆက်သွယ်ထားသည်။  ခရိုင်မီးယားကျွန်းဆွယ်ကို အများအားဖြင့် ဝိုင်းပတ်တည်ရှိနေသည်မှာ ပင်လယ်နက်ဖြစ်၍ ခရိုင်မီးယား ကဲ့သို့ မဟာဗျူဟာမြောက် ကျွန်းဆွယ်အား ပိုင်ဆိုင်သူသည် စစ်သင်္ဘောအုပ်စုကြီး တစ်စုမက ချထား နိင်သည်နှင့် တူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ခရိုင်မီးယားကို ယူကရိန်း၊ ရုရှားတို့သာမက တူရကီ နှင့် အမေရိကန်တို့ကပါ အာသာငမ်းငမ်း လိုချင်နေသည်မှာ အမှန်ပင်ဖြစ်သည်။

ဆိုဗီယက်ယူနီယံ ဘာကြောင့် ပြိုကွဲ၊ ဆိုဗီယက် တပ်မတော် ပြိုလဲခြင်း
ဆိုဗီယက်ခရူးရှောဗ်ခေတ် ၁၉၅၄ တွင်  ခရိုင်မီးယားဒေသကို ယူကရိန်းပိုင်အဖြစ် သွတ်သွင်းပေးခဲ့သည်။ အမှန်စင်စစ် ယူကရိန်းဆိုသည်မှာလည်း လေသံဝဲ ရုရှားဘာသာ စကားပြောဆိုသူ အများစုနေထိုင်ရာဖြစ်သည့်အပြင် ရာစုနှစ်ပေါင်းများစွာ ရုရှားတို့အပေါ် သစ္စာစောင့်သိသူများဖြစ်ရကား နောင်တစ်ချိန် ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲလိမ့်မည်ဟု မည်သူမျှ ယောင်၍အိပ်မက်ပင် မမက်နိင်ချိန်ဖြစ်သည်။
ဆိုဗီယက်ယူနီယံသည် အမှန်စင်စစ် စစ်လက်နက်အမြောက်အမြား ပိုင်ဆိုင်သည်မှလွဲ၍ ပြည်တွင်း စီးပွားရေး ခိုင်မာခြင်းမရှိပါ။ ဂေါ်ဘာချော့ဗ်သမ္မတဖြစ်လာသောအခါ အမေရိကန်မှ စီးပွားရေး ပါရဂူများ ငှားရမ်းကာ အကြံဉာဏ်ယူခဲ့သည်။ ရုရှားပြည်သူလူထုသည် အစိုးရကို ကြောက်၍ အလုပ်လုပ်ကြသော်လည်း ကိုယ်ပိုင်စီးပွားရေးကဲ့သို့ သဘောမထားကြချေ။ နောက်ဆုံး ရုရှားနိုင်ငံံ၏ ပကတိ စီးပွားရေးအခြေအနေမှာ အခွံချည်းသက်သက် ကျန်ချိန်ရောက်မှသာ သမ္မတကြီး ဂေါ်ဘာချော့ဗ်လည်း နောင်တရလျက် ပြည်ပစီးပွားရေး ပါရဂူဆိုသူ အနောက်နိုင်ငံံသား သူလျှိုများကို ပြန်လွှတ်ရသော်လည်း အချိန် နှောင်းခဲ့လေပြီ။ ဆိုဗီယက်ယူနီယံ၏ စီးပွားရေးချွတ်ခြုံကျဆင်းချိန်တွင် ပြည်ထောင်စုအတွင်းနိုင်ငံံများ၌ အမျိုးသားရေး နိုးကြားလာချိန်ဖြစ်၍ ဘီလာရုစ်၊ ယူကရိန်းနှင့် ဘော်လကန်ဒေသနိုင်ငံံများ ခွဲထွက်သည်ကို ဆိုဗီယက် လွှတ်တော်က မတားဆီးနိင်တော့ချေ။ ခွဲထွက်ခြင်းကို လက်မခံနိင်သော ဆိုဗီယက်တပ်မတော်အတွင်း သဘောထားတင်းမာသူ စစ်ဖက်အရာရှိ တစ်စုက လွှတ်တော်ကို တင့်ကားများဖြင့် ဝိုင်းရံကာ အမြောက်ဖြင့် ထုတော့သည်။ ဆိုဗီယက်ခေတ် တစ်လျှောက်လုံး တပ်မတော်ကို ကွန်မြူနစ်ပါတီကသာလျှင် ကွပ်ကဲအမိန့်ပေးခဲ့သည်ဖြစ်၍ တပ်မတော် ပြိုကွဲမည့်အရေးကိုလည်း တားမြစ်နိင်ခြင်း မရှိတော့ချေ။ တပ်ဖွဲ့ဝင်အများအပြား ပြောင်းရွှေ့၊ လျှော့ချ၊ ဖျက်သိမ်းခြင်းဖြင့် ကမ္ဘာကျော် ဆိုဗီယက်တပ်မတော် သည်လည်း ဘုန်းဘုန်းလဲရတော့သည်။

ရုရှားမှ ခွဲထွက်ပြီး ယူကရိန်းနှင့် ခရိုင်မီးယားအခြေအနေ
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန် ခရိုင်းမီးယားကျွန်းဆွယ်မှာ ယူကရိန်းပိုင်နက်အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆက်လက်တည်ရှိနေသည်။ ယူကရိန်းအစိုးရသည် ခရိုင်းမီးယားကျွန်းဆွယ် အရှေ့တောင်ဖက်ကမ်းခြေကို ရုရှားရေတပ် အခြေစိုက်စခန်းအဖြစ် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်ဖြင့် အငှားချပေးထားသည်။ ထို့ပြင် ရုရှားထံမှ သဘာဝဓါတ်ငွေ့ကို ပေါက်ဈေးထက် ၁၀ ဆခန့်သက်သာသော နှုန်းထားဖြင့် ဝယ်ယူသည်။ ယူကရိန်း၏ အနောက်ဖက်ခြမ်းတွင် ယူကရိန်းလူမျိုးများနေထိုင်ကြပြီး အရှေ့ဘက်တွင် ရုရှားသာသာစကားပြော ရုရှားလူမျိုးများနေထိုင်ကြသည်။ ဆိုဗီယက်ယူနီယံမှ ခွဲထွက်နိုင်ငံံငယ်များစွာတို့ကို ဒီမိုကရေစီပြန့်ပွားရေးအဖြစ် အမေရိကန်နှင့် ဂျော့ဆိုရော့စ်ကဲ့သို့ ဘီလျံနာသူဌေးကြီးများက ငွေကြေးပုံအောလှူဒါန်းကာ ကူညီသည်။ ဤတွင် အမှန်တကယ်ဖြစ်ပေါ်လာသည်မှာ ထိုနိုင်ငံံများ၌  အမေရိကန်ဖက် ယိမ်းသော ပါတီများ ၊ အစိုးရများ ပေါ်ပေါက်လာ၍ ရုရှားနိုင်ငံဆိုသည်မှာ စစ်တိုက်ရန် သွေးဆာသော စစ်ဘီလူးအဖြစ် ပုံပေါ်စေသည်။ ထိုနိုင်ငံငယ်များအား နေတိုးစစ်စာချုပ်အဖွဲ့ဝင် ဖြစ်လာစေရန် ဥပဒေများ ပြောင်းလဲပေးခြင်းဖြင့် ရုရှားအား အနောက်အုပ်စု စစ်အခြေစိုက်စခန်းများဖြင့် ဝိုင်းရံထားသည့်အသွင် ဆောင်လာသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒီမိုကရေစီကို အကြောင်းပြ၍ အမေရိကန် သြဇာလွှမ်းမိုးသော နိုင်ငံများ မွေးထုတ်ခြင်းဖြင့် ပြိုင်ဖက်နိုင်ငံများကို ဆန့်ကျင်ရေးပင်ဖြစ်သည်။

ယူကရိန်းတော်လှန်ရေး သို့မဟုတ် အာဏာသိမ်းပွဲ
ထိုကြောင့် ယူကရိန်းနိုင်ငံတွင် ဥရောပသမဂ္ဂနှင့် စီးပွားရေးအဆက်အသွယ်မလုပ်ခြင်းသည်ပင် အများလူထုအမြင်တွင် အပြစ်ကြီးတစ်ခုဖြစ်လာပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြှောက် ခံရသော အစိုးရဖြစ်လင့်ကစား ပြင်းထန်သော လူထုဆန္ဒပြပွဲများဖြင့် အစိုးရများပြုတ်ကျ ရလေသည်။ ယူရိန်းနိုင်ငံံ၏ အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့သည်လည်း သဘောထားကွဲလွဲကာ သင့်မြတ်ခြင်းမရှိတော့ဘဲ လက်နက်ကိုင်စွဲကာ စစ်ခင်းခြင်းဖြင့် မငြိမ်မသက်ဖြစ်ရလေသည်။ ယူကရိန်း၏ အနောက်ဘက်ခြမ်းသည် စိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ ချမ်းသာကြွယ်ဝနိုင်မည့် အလုပ်အကိုင်မရှိချေ။ ထို့ကြောင့် အခြားဆိုဗီယက်ခွဲထွက်နိုင်ငံံများကဲ့သို့ နေတိုးအဖွဲ့ဝင်ပြီး ဥရောပနှင့် လွတ်လပ်စွာ ကုန်သွယ်ကာ ချမ်းသာလိုကြသည်။ ထို့ကြောင့် ယူကရိန်းတွင် ရုံးသုံးဘာသာစကားဖြစ်သော ရုရှားဘာသာကို ပယ်ဖျက်၍ ယူကရိန်းဘာသာစကားဖြင့် အစားထိုးပြီး ဒုတိယဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာကို သတ်မှတ်စေလိုသည်။ ယူကရိန်းအရှေ့ခြမ်းကမူ ရုရှားလိုလားသူများဖြစ်ကြပြီး အမေရိကန်၊ ဥရောပနှင့် နေတိုးအဖွဲ့အား ရန်သူပမာ ရှုမြင်ကြသည်။ ၂၀၁၀ - ၂၀၁၂ ခုနှစ် ခန့် ယူကရိန်းတွင် အနောက်အုပ်စု၏ လူမွေး သွေးထိုးမှုသည် လူတန်းစား အလွှာအသီးသီးတွင် အခိုင်အမာ အမြစ်တွယ်ခဲ့ပြီဖြစ်ရာ ယူကရိန်း အစိုးရ၏ ရုရှားသာသာစကား ဖယ်ရှားရေးမှာ အချင်းချင်း ယုံမှားသံသယဖြစ်စေသည်။ ယူကရိန်းရှိ ရုရှားဘာသာစကား ပြောဆိုသူများအား ဖိနှိပ်ခွဲခြားဆက်ဆံသည့်အသွင် ဖြစ်လာခဲ့ပြီး ရုရှားဘာသာစကား ပြောဆိုသူ ခရိုင်မီးယားကျွန်းဆွယ်နေများ အတွက် စိုးရိမ်မှု ဒီရေအလား တိုးပွားရန် ဖြစ်လာခဲ့သည်။ ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ ယူကရိန်းမြို့တော် ကီးယက်ဖ်၏ လွတ်လပ်ရေးရင်ပြင်သည် နေ့စဉ်၊ လစဉ်၊ အပတ်စဉ် ဆန္ဒပြပွဲများဖြင့် ကင်းသည်ဟူ၍ မရှိခဲ့ချေ။ ဆန္ဒပြပွဲများသည် အကြမ်းဖက်မှု အသွင် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူများက ဓါတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်သည်အထိ ဖြစ်လာခဲ့ပြီး ယူကရိန်း အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲနည်းမှာလည်း ကြမ်းတမ်းသည်ဟု ဝေဖန်ခံရသည်။ ထို့ပြင် ဆန္ဒပြလူအုပ်အတွင်း စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများလည်း ဖြစ်ပေါ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် ယူကရိန်းဆန္ဒပြသူ ၇၀ ကျော် သေဆုံးသည်။
၂၀၁၀ ခုနှစ်တွင် ယူကရိန်းနိုင်ငံံ၏ ၄ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံရသူ ဗစ်တာ ယာနိုကူဗစ်ချ် သည် ရုရှားဖက်ယိမ်းသည်ဟု ဝေဖန်ခံရပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ယူကရိန်းလွှတ်တော်က ရာထူးမှ နှုတ်ထွက်ပေးရန် မဲခွဲဆုံးဖြတ်ခြင်းခံရသည်။ ကိယက်ဖ်မြို့တော်ရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အား ဆန္ဒပြသူများက ဝင်ရောက်သိမ်းပိုက်သည့်အခါ လုံခြုံရေးတပ်ဖွဲ့များစွာ ထိခိုက်သေကြေခဲ့ရပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညတွင် “ ယူကရိန်းတော်လှန်ရေး “ ခေါ် အာဏာသိမ်းပွဲ စတင်လေသည်။ ယာနိုကူဗစ်ချ်သည် သူ၏ မွေးရပ်ဇာတိမြေသို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုကြပြီး နောင်တွင် ယူကရိန်း တရားလွှတ်တော်က ယာနိုကူဗစ်ချ်အား မျက်ကွယ်၌ ထောင်ဒါဏ် ၁၅နှစ် စီရင်ခဲ့သည်။

ခရိုင်မီးယားတွင် ရုရှားတပ်များ ဝင်ရောက်လာခြင်း
သမ္မတ ယာနူကိုဗစ်ချ်အား ရုရှား အထူးတပ်ဖွဲ့ဝင်များက ယူကရိန်းပိုင်နက် ခရိုင်းမီးယား ကျွန်းဆွယ်သို့ ပို့ဆောင်ပေးကြောင်း ကြားသိရသော ယူကရိန်းလက်ယာယိမ်း အမျိုးသားရေး အစွန်းရောက်များသည် ခရိုင်မီးယားကျွန်းဆွယ်ကိုပါ အကြမ်းဖက်ရန် ကြံစည်လာလေသည်။ ယူကရိန်းတွင် အာဏာသိမ်းခြင်းမှာ ခရိုင်မီးယားနေ ရုရှားလူမျိုးများအတွက် အသက်ဘေး အန္တရာယ် ကျရောက်ပြီဖြစ်ကြောင်း အချက်ပေးသည့်နှယ်ဖြစ်ပါသည်။ ယူကရိန်း၏ အုပ်ချုပ်မှုလက်အောက်တွင် ဆက်လက်နေထိုင်ရန် ခရိုင်မီးယားအတွက် မဖြစ်နိုင်တော့ပေ။
မြို့တော် ကီယက်ဖ်တွင် ဆန္ဒပြပြီး ပြန်လာသည့် ခရိုင်မီးယားသား တက်ကြွလှုပ်ရှားသူများလိုက်ပါလာသော ဘတ်စ်ကားကို ယူကရိန်းလက်ယာစွန်းဝါဒီများက လမ်းခုလတ်တွင်စီးနင်းကာ  အားလုံးနီးပါး သတ်ဖြတ်လိုက်ကြသည်။ ခရိုင်မီးယားကျွန်းဆွယ် ဝန်ကြီးချုပ်သည် အရေးပေါ်အစည်းအဝေးခေါ်ယူပြီးနောက် ယူကရိန်းနိုင်ငံတွင် အာဏာသိမ်းပြီး တက်လာသည့် အစိုးရအသစ်အား အသိအမှတ်မပြုကြောင်း၊ မိမိတို့အနေဖြင့် သီးခြားရပ်တည်ပြီး ယူကရိန်းအစိုးရကို သစ္စာခံတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။ ထို့နောက် ခရိုင်မီးယားပြည်သူအများစုအား ယူကရိန်းလက်ယာယိမ်း အစွန်းရောက်သမားများ၏ ရန်မှ အကာအကွယ်ပေးပါရန် ရုရှားသမ္မတပူတင်အား ပန်ကြားသည့် အကူညီတောင်းလွှာကို ဖတ်ကြားသည်။ ရုရှားသမ္မတပူတင်သည် ရုရှားအထူးတပ်ဖွဲ့များ၊ ရေတပ်အခြေစိုက်စခန်းမှ စစ်သည်များအား တိုက်ပွဲဝင်ရေး အသင့်ပြင်ထားရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ညကတည်းက အမိန့်ပေးခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက် တွင် ခရိုင်မီးယားသို့ စစ်တပ်များစေလွှတ်ရန် သမ္မတပူတင်ကိုယ်တိုင် ရုရှားလွှတ်တော်သို့ အတည်ပြုချက် တောင်းခံသည်။ ပူတင်၏ အဆိုကို ရုရှားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည်။ ယူကရိန်းနှင့် ရုရှားအကြား တရားဝင်စာချုပ်အရ ယူကရိန်းတွင် ရုရှားတပ်များရှိနေပြီး အင်အား ၂ သောင်း ခန့်ရှိသည်။ ထို့ကြောင့် စာချုပ်ပါအတိုင်း တပ်အင်အား ၃၅၀၀ မျှသာ ထပ်မံပို့ဆောင်ရန် လုပ်ဆောင်ခဲ့သည်။ ခရိုင်မီးယား ဝန်ကြီးချုပ်၏ ပန်ကြားလွှာ မထုတ်ပြန်မီကပင် ခရိုင်မီးယားကျွန်းဆွယ် ရုရှားစစ်အခြေစိုက်ရေတပ်စခန်းရှိ ရုရှားစစ်သည်အားလုံး ခရိုင်မီးယားကျွန်းမြို့တော်သို့ ချီတက်မိန့်ရခဲ့ပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ဤသည်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ် ဘုန်းဘုန်းလဲခဲ့သော ရုရှားတပ်မတော်သည် လျင်မြန်စွာ စစ်ကစားနိုင်သော  ခေတ်မီတပ်မတော်တစ်ရပ်အဆင့် ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း  သက်သေပြသကဲ့သို့ ရှိသည်။
ယူကရိန်း၌ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပိုက်ခဲ့ကြပြီး မင်းမဲ့စရိုက်များ လွှမ်းမိုးနေစဉ် ယူကရိန်း ပိုင်နက် ခရိုင်မီးယားကျွန်းဆွယ်အရေးတွင် ရုရှားနိုင်ငံအနေဖြင့် မည်သည့်စစ်တပ် အင်အားနှင့်မျှ ဝင်ရောက်ပတ်သက်ခြင်းမပြုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတိအလင်း သတိပေးခဲ့သည်။ အနောက်ဥရောပနိုင်ငံများမှလည်း အကယ်၍ ခရိုင်မီးယားအရေးတွင် ရုရှားတို့ အင်အားသုံးစွက်ဖက်လျှင် ပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူမှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြသည်။ သတိပေးခြိမ်းခြောက်သည့်အတိုင်း နောင်တွင် ရုရှားအပေါ် အမှန်တကယ်ပင် ဒဏ်ခတ်ပိတ် ဆို့ခြင်းများပြုလုပ်ခဲ့သည်။

အမေရိကန်၊ အနောက်အုပ်စုနှင့် ရုရှားနိုင်ငံ တို့ ထိပ်တိုက်တွေ့ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့ခြင်းများ
ခရိုင်မီးယားနေ စစ်ပြန်များ၊ စစ်မှုထမ်းဟောင်းများ၊ စစ်မှုထမ်းဖူးသော အရပ်သားများ အားလုံး ၃ ရက်အတွင်း ခရိုင်မီးယားရှိ ရုရှားတပ်ဖွဲ့များထံတွင် စာရင်းပေးကြရန် ခရိုင်မီးယား ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန် ဆင့်ခေါ်လိုက်သည်။ လေဆိပ်၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့်  အရေးပါသော အချက်အခြာနေရာအားလုံးကို  ခရိုင်မီးယားသားတို့က သိမ်းပိုက်လိုက်ကြပြီး ယူကရိန်းတပ်များ ဝင်ရောက်လာလျှင်  ကာကွယ်ရန် အသင့် ရှိနေခဲ့သည်။ ခရိုင်မီးယားတွင် တပ်စွဲထားသော ယူကရိန်းစစ်တပ်များ ရှိနေပါသည်။ သို့သော် တပ်ဖွဲ့ဝင်အများစုနှင့် အရာရှိများမှာ ခရိုင်မီးယားသားများဖြစ်နေသည်။ ထို့ကြောင့် ယူကရိန်းအစိုးရအနေဖြင့် အခက်တွေ့ရပြီး ခရိုင်မီးယားရှိ ယူကရိန်းတပ်များ အနေဖြင့်လည်း တပ်ဝင်းတံခါးကို ပိတ်ကာ အထက်မှ အမိန့်ကို စောင့်ဆိုင်းယုံသာ တတ်နိုင်တော့သည်။ မကြာမီ ရုရှားတပ်များရောက်ရှိလာပြီး  ယူကရိန်းတပ်များကို လက်နက်ဖြုတ်သိမ်းသည့် အခါ  ခုခံမှုမရှိ အသာတကြည် ပြီးဆုံးသွားသည်။ သဘောထားတင်းမာသော ယူကရိန်း စစ်တပ်များကို ခရိုင်မီးယားသားတို့ ဝိုင်းရံပိတ်ဆို့ထားခြင်းမှ ဖယ်ရှားစေပြီး  ယူကရိန်းသားတို့ နေရပ်ပြန်နိုင်ရန် ရုရှားတို့က ယူကရိန်းနယ်စပ်အထိ  ကောင်းမွန်စွာ ပို့ဆောင်ပေးသည်။ ခရိုင်မီးယားသို့ ရုရှားတပ်များ ဝင်ရောက်လာရခြင်းမှာ ခရိုင်မီးယားအား သိမ်းပိုက်ရန်မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတွင် ကူညီရန်သာဖြစ်သည်ဟု  ရုရှားက ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့တွင် ခရိုင်မီးယားတစ်ဝန်းလုံး၌ ဆန္ဒမဲပေးပွဲ ကျင်းပ၍ ယူကရိန်းမှ ခွဲထွက်ရန် စီစဉ်သည်။ ဆန္ဒမဲပေးသူ ၉၆ ရာခိုင်နှုန်းက ခွဲထွက်ရန် ထောက်ခံမဲပေးသည် ဆိုသော်လည်း ခွဲထွက်သည်ဆိုခြင်းမှာ ယူကရိန်းဖွဲ့စည်းပုံအရ အငြင်းပွားဖွယ်ဖြစ်သည်။
ဤတွင် မတ်လ ၁၈ ရက် ၂၀၁၄ ခုနှစ်၌ ခရိုင်မီးယားသည် လွတ်လပ်သောနိုင်ငံံတစ်ခုအဖြစ် ခရိုင်မီးယား အုပ်ချုပ်သူများက တစ်ဖက်သပ်ကြေညာပြီး ရုရှားနိုင်ငံံဖွဲ့စည်းပုံအရ ရုရှားဖက်ဒရေးရှင်း အစိတ်အပိုင်းပါ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတ နိုင်ငံံဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ခရိုင်မီးယား လွတ်လပ်ရေးကြေညာခြင်းကို ရုရှားနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၂၆ နိုင်ငံံက အသိအမှတ်ပြုခဲ့သည်။ ယူကရိန်း၊ အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံံအနက် ၆၈ နိုင်ငံံတို့က ခရိုင်မီးယား သည် ယူကရိန်း၏ အစိတ်အပိုင်းအဖြစ်သာ သတ်မှတ်ပြီး ရုရှားနှင့် ခရိုင်းမီးယားတို့၏ ကြေညာချက်များကို အသိအမှတ် မပြုချေ။ ယူကရိန်းအရေး တင်းမာလျှက်ရှိစဉ် ၂၀၁၄ ဧပြီလ၌ အမေရိကန်ဖျက်သင်္ဘော USS Donald Cook နှင့် စစ်သင်္ဘောအုပ်စုများ ပင်လယ်နက်အတွင်း ဝင်ရောက်လာသည်။ ပြင်သစ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သင်္ဘော Alize မှာ လွန်ခဲ့သည့်လ ကတည်းက ပင်လယ်နက်အတွင်း ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ အမေရိကန်စစ်သင်္ဘောအုပ်စု ရောက်ရှိလာခြင်းမှာ ပင်လယ်နက်ဒေသအတွင်း နေတိုးမဟာမိတ်များ လုံခြုံရေးနှင့် ပတ်သက်၍ အာမခံကြောင်း ပြသခြင်းဖြစ်သည်ဟု ပင်တာဂွန်က သတင်းထုတ်ပြန်သည်။ ပင်လယ်နက်အတွင်း အမေရိကန်နှင့် ယူကရိန်းစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်စဉ် ရုရှား ဂျက်တိုက်လေယာဉ်များက အလွန်နီးကပ်စွာ ပျံသန်းထောက်လှမ်းခြင်း၊ အနိမ့်ပျံသန်းခြင်းများ ပြုလုပ်နှောင့်ယှက်ခဲ့သည်။ ရုရှား အနောက်ပိုင်း ယူကရိန်းနယ်စပ်တွင် ရုရှားစစ်တပ်များ အင်အားအလုံးအရင်းဖြင့် အခိုင်အမာတပ်စွဲထားသည်ကို အမေရိကန် စစ်ဖက်ထောက်လှမ်းရေးဂြိုဟ်တုက တွေ့ရှိသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာတွင် ခရိုင်မီးယား ကီယာဆွန်မှ ရုရှားတပ်ဖွဲ့ဝင်အချို့ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ရုရှားအနေဖြင့် ခရိုင်မီးယားရှိ ၎င်း၏ တပ်ဖွဲ့ဝင်များအားလုံးကို မည်သည့်အခါမျှ ရုပ်သိမ်းလိမ့်မည်မဟုတ်ဟု နိင်ငံတကာ စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံံများကလည်း ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်းများဖြင့် အရေးယူခဲ့သည်။
ရုရှား၏ အနောက်ဖက်တံခါးဝတွင်ရှိသော ပင်လယ်နက်သည် နေတိုးစစ်သင်္ဘောများ ဥဒဟိုသွားလာရာ ရေပြင်ဖြစ်လာသည်။ ခရိုင်မီးယားဒေသ ရုရှားနှင့် ပူးပေါင်းသွားပြီးနောက် ဥရောပအရှေ့ပိုင်း ရုရှားနယ်စပ်အနီးတွင် အမေရိကန်နှင့် နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံံများက အင်အားအလုံးအရင်းဖြင့် စစ်ရေးလေ့ကျင့်များ အကြိမ်ကြိမ်ပြုလုပ်ဆဲဖြစ်သည်ကို တွေ့ရှိရသည်။

    -  Htay Oung 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။