Skip to main content
၄၈ ႏွစ္အရြယ္အမ်ိဳးသားက ၈ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြား 
Ads Block

၄၈ ႏွစ္အရြယ္အမ်ိဳးသားက ၈ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြား 

ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္တြင္ အိမ္ေထာင္ရွိအသက္(၄၈)ႏွစ္အရြယ္အမ်ိဳးသားက အိမ္နီးနားခ်င္း ျဖစ္ေသာေစ်းဆိုင္ရွင္၏ (၈)ႏွစ္အရြယ္ေျမးျဖစ္သူကို အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ျဖစ္စဥ္မွာ လိႈင္သာယာၿမိဳ႕နယ္၊ အတြင္းပဒံေက်းရြာတြင္ ေနထိုင္ေသာ ေဒၚ----- ၊ (၅၀)ႏွစ္သည္ ဇန္န၀ါရီလ ၁၃ ရက္က ေသာင္ႀကီးနယ္ေျမရဲစခန္းသို႔ေရာက္ရွိလာၿပီး ၎၏ (၈)ႏွစ္ေျမးမေလးကို ေျခရင္းအိမ္မွ အိမ္ေထာင္ရွင္ ဦးေဇာ္ျမင့္(၄၈)ႏွစ္က အဓမၼျပဳက်င့္ေစာ္ကားရန္ၾကံစည္သည္ဆိုကာ အေရးယူေပးရန္တရားလိုအျဖစ္ အမႈဖြင့္တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။
တိုင္ၾကားခ်က္အရ ဇန္န၀ါရီလ ၁၂ ရက္၊ ေန႔လယ္ ၁ နာရီခန္႔က တရားလိုသည္ ေနအိမ္ေစ်းဆိုင္တြင္ ေျမးကိုထားခဲ့ကာ၎ကရြာထဲရွိေၾကြးက်န္မ်ားလိုက္ေကာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ေနအိမ္သို႔ျပန္လာစဥ္ ဆိုင္တြင္တစ္ေယာက္တည္းက်န္ရစ္ခဲ့ေသာေျမးျဖစ္သူ မ---- သည္ အက်ၤီမ်ားၿပဲလ်က္ထိတ္လန္႔ေသာအမူအရာျဖင့္ ငိုယိုကာေျပးထြက္လာသျဖင့္ အက်ိဳးအေၾကာင္း ေမးျမန္းခဲ့ရာ အခင္းျဖစ္ခ်ိန္တြင္ ဦးေဇာ္ျမင့္သည္ အရက္မူး၍တရားလို၏ေစ်းဆိုင္သို႔ေရာက္ရွိလာကာ မ----ထံ ေဆးလိပ္ေတာင္းေသာက္ၿပီး မီးလာညိွစဥ္ လူႀကီးမေတြ႔သျဖင့္ “နင့္နဲ႔ငါလုပ္ရေအာင္ဘယ္သူမွလည္း ျမင္တာမဟုတ္ဘူး” ဟူ၍ လူမမယ္(၈)ႏွစ္သမီးငယ္အား သားသမီးခ်င္းကိုယ္ခ်င္းမစာနာဘဲ ေျပာဆိုခဲ့သည့္အျပင္ ကိုယ္ထိလက္ေရာက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
ထို႔ေၾကာင့္ ေဇာ္ျမင့္(၄၈)ႏွစ္ကို ေသာင္ႀကီးနယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ- ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။ 
Source - တင္ႏိုင္ထြန္း(လိႈင္သာယာ)

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

၄၈ နှစ်အရွယ်အမျိုးသားက ၈ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အိမ်ထောင်ရှိအသက်(၄၈)နှစ်အရွယ်အမျိုးသားက အိမ်နီးနားချင်း ဖြစ်သောဈေးဆိုင်ရှင်၏ (၈)နှစ်အရွယ်မြေးဖြစ်သူကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာတွင် နေထိုင်သော ဒေါ်----- ၊ (၅၀)နှစ်သည် ဇန်နဝါရီလ ၁၃ ရက်က သောင်ကြီးနယ်မြေရဲစခန်းသို့ရောက်ရှိလာပြီး ၎င်း၏ (၈)နှစ်မြေးမလေးကို ခြေရင်းအိမ်မှ အိမ်ထောင်ရှင် ဦးဇော်မြင့်(၄၈)နှစ်က အဓမ္မပြုကျင့်စော်ကားရန်ကြံစည်သည်ဆိုကာ အရေးယူပေးရန်တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားချက်အရ ဇန်နဝါရီလ ၁၂ ရက်၊ နေ့လယ် ၁ နာရီခန့်က တရားလိုသည် နေအိမ်ဈေးဆိုင်တွင် မြေးကိုထားခဲ့ကာ၎င်းကရွာထဲရှိကြွေးကျန်များလိုက်ကောက်ခဲ့ကြောင်း သိရသည်။
ထို့နောက်နေအိမ်သို့ပြန်လာစဉ် ဆိုင်တွင်တစ်ယောက်တည်းကျန်ရစ်ခဲ့သောမြေးဖြစ်သူ မ---- သည် အင်္ကျီများပြဲလျက်ထိတ်လန့်သောအမူအရာဖြင့် ငိုယိုကာပြေးထွက်လာသဖြင့် အကျိုးအကြောင်း မေးမြန်းခဲ့ရာ အခင်းဖြစ်ချိန်တွင် ဦးဇော်မြင့်သည် အရက်မူး၍တရားလို၏ဈေးဆိုင်သို့ရောက်ရှိလာကာ မ----ထံ ဆေးလိပ်တောင်းသောက်ပြီး မီးလာညှိစဉ် လူကြီးမတွေ့သဖြင့် “နင့်နဲ့ငါလုပ်ရအောင်ဘယ်သူမှလည်း မြင်တာမဟုတ်ဘူး” ဟူ၍ လူမမယ်(၈)နှစ်သမီးငယ်အား သားသမီးချင်းကိုယ်ချင်းမစာနာဘဲ ပြောဆိုခဲ့သည့်အပြင် ကိုယ်ထိလက်ရောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ထို့ကြောင့် ဇော်မြင့်(၄၈)နှစ်ကို သောင်ကြီးနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ 
Source - တင်နိုင်ထွန်း(လှိုင်သာယာ)

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။