Skip to main content
Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ထိန္းသိမ္းခံခဲ့ရသည့္ျဖစ္ရပ္အတြက္ တိုက္စစ္မွဴး ရြန္ေနးအား ဇနီးျဖစ္သူ ေကာလင္း ျပစ္တင္ေျပာဆို
Ads Block

Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ထိန္းသိမ္းခံခဲ့ရသည့္ျဖစ္ရပ္အတြက္ တိုက္စစ္မွဴး ရြန္ေနးအား ဇနီးျဖစ္သူ ေကာလင္း ျပစ္တင္ေျပာဆို

အေမရိကန္ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္အသင္းတြင္ ပါ၀င္ကစားေနသူ တိုက္စစ္မွဴး ၀ိန္းရြန္ေနးသည္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္တြင္ အေမရိကန္ႏိုင္ငံရွိ Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ရဲတပ္ဖြဲ႕၏ ထိန္းသိမ္း မႈခံခဲ့ရျခင္းႏွင့္ပတ္သက္၍ ဇနီးျဖစ္သူ ေကာလင္း၏ ျပစ္တင္သတိေပးေျပာဆိုမႈခံခဲ့ရေၾကာင္း သတင္းမ်ားတြင္ ေရးသား ေဖာ္ျပထားသည္။ တိုက္စစ္မွဴး ရြန္ေနးသည္ ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၌ က်င္းပခ့ဲေသာ Riyadh Formula E Grand Prix ကားၿပိဳင္ပြဲသို႔ သြားေရာက္ၿပီး အေမရိကန္သို႔ ျပန္လာခ်ိန္တြင္ ေလယာဥ္ေပၚ၌ အိပ္ေဆး အခ်ိဳ႕ေသာက္သံုးခဲ့ၿပီး Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာခ်ိန္တြင္ မူးယစ္ေနသည့္အတြက္ ယခုကဲ့သုိ႔ ထိန္းသိမ္းခံခဲ့ရျခင္းျဖစ္သည္။ Dulles အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔မွ တာ၀န္ရွိသူမ်ားက တိုက္စစ္မွဴး ရြန္ေနးအား မူး ယစ္ေနမႈ ေျပေပ်ာက္သည္အထိ ထိန္းသိမ္းထားခဲ့ၿပီးေနာက္ ရြန္ေနးသည္ ခရစၥမတ္ပြဲ က်င္းပရန္အတြက္ အဂၤလန္သို႔ ဆက္လက္ထြက္ခြာခဲ့သည္ဟု ဆုိသည္။ ထိန္းသိမ္းခံခဲ့ရသည့္ျဖစ္ရပ္ႏွင့္ပတ္သက္၍ ေကာလင္းက တိုက္စစ္မွဴး ရြန္ေနးထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ေျပာဆိုရာ တြင္ “မင္းကို ဘယ္ႏွစ္ႀကိမ္ သတိေပးေျပာဆိုေနရမွာလဲ”ဟု ေအာ္ဟစ္ေျပာဆုိခဲ့ေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရး သားထားသည္။ ရြန္ေနး၏ မိသားစုႏွင့္ နီးစပ္သူတစ္ဦးက “ရြန္ေနးကို ေကာလင္းက သူမရဲ႕ ႀကီးၾကပ္မႈမပါဘဲ အိမ္အျပင္ကုိ ေနာက္တစ္ႀကိမ္မထြက္ဖို႔ သတိေပးေျပာဆုိခဲ့ပါတယ္။ ရြန္ေနး ထိန္းသိမ္းခံရတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဖုန္း ဆက္အသိေပးေျပာဆိုခဲ့ခ်ိန္မွာ ေကာလင္းဟာ ဒီျဖစ္ရပ္ေၾကာင့္ အရွက္ရခဲ့ရပါတယ္။ ေကာလင္းက ရြန္ေနးကို ေဆာ္ဒီ ႏိုင္ငံကေန အိမ္ကို တစ္ခါတည္းျပန္လာေစခ်င္ခဲ့တာပါ။ ဒီလိုအျဖစ္အပ်က္မ်ိဳးျဖစ္ပ်က္ခဲ့တာေၾကာင့္ ေကာလင္းက ရြန္ေနးကို မိုက္မဲတဲ့သူလို႔ ေျပာဆိုခဲ့ပါတယ္။ တိုက္စစ္မွဴး ရြန္ေနး(၃၃ႏွစ္)သည္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္းကလည္း ႏိုက္ကလပ္တြင္ ေတြ႕ဆံုခဲ့ သည့္ အမ်ိဳးသမီးတစ္ဦး၏ ေမာ္ေတာ္ကားအား အရက္ေသစာေသာက္စားၿပီး ယူေဆာင္ေမာင္းႏွင္ခဲ့ျခင္းေၾကာင့္ ထိန္းသိမ္းခံခဲ့ရသည့္ ျဖစ္ရပ္အတြက္ ဇနီးျဖစ္သူ ေကာလင္းအား ေတာင္းပန္ခဲ့ရသည္။ ရြန္ေနးႏွင့္ ေကာလင္းတို႔သည္ အလယ္တန္းေက်ာင္းတြင္ အတူတကြ ပညာသင္ၾကားခဲ့သူ မ်ားျဖစ္ကာ ၆ ႏွစ္ၾကာခ်စ္ႀကိဳက္ခဲ့ၿပီးေနာက္ ၂၀၀၈ ခုႏွစ္ ဇြန္လ ၁၂ ရက္ေန႔တြင္လက္ထပ္ခဲ့သူမ်ားျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode version

Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိန်းသိမ်းခံခဲ့ရသည့်ဖြစ်ရပ်အတွက် တိုက်စစ်မှူး ရွန်နေးအား ဇနီးဖြစ်သူ ကောလင်း ပြစ်တင်ပြောဆို
----- -------
အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတွင် ပါဝင်ကစားနေသူ တိုက်စစ်မှူး ဝိန်းရွန်နေးသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံရှိ Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရဲတပ်ဖွဲ့၏ ထိန်းသိမ်း မှုခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ကောလင်း၏ ပြစ်တင်သတိပေးပြောဆိုမှုခံခဲ့ရကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။ တိုက်စစ်မှူး ရွန်နေးသည် ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပခဲ့သော Riyadh Formula E Grand Prix ကားပြိုင်ပွဲသို့ သွားရောက်ပြီး အမေရိကန်သို့ ပြန်လာချိန်တွင် လေယာဉ်ပေါ်၌ အိပ်ဆေး အချို့သောက်သုံးခဲ့ပြီး Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် မူးယစ်နေသည့်အတွက် ယခုကဲ့သို့ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်သို့မှ တာဝန်ရှိသူများက တိုက်စစ်မှူး ရွန်နေးအား မူး ယစ်နေမှု ပြေပျောက်သည်အထိ ထိန်းသိမ်းထားခဲ့ပြီးနောက် ရွန်နေးသည် ခရစ္စမတ်ပွဲ ကျင်းပရန်အတွက် အင်္ဂလန်သို့ ဆက်လက်ထွက်ခွာခဲ့သည်ဟု ဆိုသည်။ ထိန်းသိမ်းခံခဲ့ရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ကောလင်းက တိုက်စစ်မှူး ရွန်နေးထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာ တွင် “မင်းကို ဘယ်နှစ်ကြိမ် သတိပေးပြောဆိုနေရမှာလဲ”ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေး သားထားသည်။ ရွန်နေး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက “ရွန်နေးကို ကောလင်းက သူမရဲ့ ကြီးကြပ်မှုမပါဘဲ အိမ်အပြင်ကို နောက်တစ်ကြိမ်မထွက်ဖို့ သတိပေးပြောဆိုခဲ့ပါတယ်။ ရွန်နေး ထိန်းသိမ်းခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖုန်း ဆက်အသိပေးပြောဆိုခဲ့ချိန်မှာ ကောလင်းဟာ ဒီဖြစ်ရပ်ကြောင့် အရှက်ရခဲ့ရပါတယ်။ ကောလင်းက ရွန်နေးကို ဆော်ဒီ နိုင်ငံကနေ အိမ်ကို တစ်ခါတည်းပြန်လာစေချင်ခဲ့တာပါ။ ဒီလိုအဖြစ်အပျက်မျိုးဖြစ်ပျက်ခဲ့တာကြောင့် ကောလင်းက ရွန်နေးကို မိုက်မဲတဲ့သူလို့ ပြောဆိုခဲ့ပါတယ်။ တိုက်စစ်မှူး ရွန်နေး(၃၃နှစ်)သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းကလည်း နိုက်ကလပ်တွင် တွေ့ဆုံခဲ့ သည့် အမျိုးသမီးတစ်ဦး၏ မော်တော်ကားအား အရက်သေစာသောက်စားပြီး ယူဆောင်မောင်းနှင်ခဲ့ခြင်းကြောင့် ထိန်းသိမ်းခံခဲ့ရသည့် ဖြစ်ရပ်အတွက် ဇနီးဖြစ်သူ ကောလင်းအား တောင်းပန်ခဲ့ရသည်။ ရွန်နေးနှင့် ကောလင်းတို့သည် အလယ်တန်းကျောင်းတွင် အတူတကွ ပညာသင်ကြားခဲ့သူ များဖြစ်ကာ ၆ နှစ်ကြာချစ်ကြိုက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်လက်ထပ်ခဲ့သူများဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။