Skip to main content
မေလးရွားဘုရင္  စူလတန္မိုဟာမက္ နန္းစြန္႔ဟု ေၾကညာ 
Ads Block

မေလးရွားဘုရင္  စူလတန္မိုဟာမက္ နန္းစြန္႔ဟု ေၾကညာ 

မေလးရွားနိဳင္ငံ ဘုရင္မင္းျမတ္ ပဥၥမေျမာက္ စူလတန္မိုဟာမက္သည္ ထီးနန္းဆက္ခံ၍ ၂ ႏွစ္မွ်သာ ၾကာျမင့္ျပီးေနာက္ နန္းစြန္႔ျခင္းျဖစ္ရာ မေလးရွားသမိုင္းတြင္ ပထမဆံုးအၾကိမ္ျဖစ္ခဲ့ေၾကာင္း Channel News Asia က ေဖာ္ျပသည္။
ဘုရင္မင္းျမတ္၏ ထီးနန္းစြန္႔ေၾကာင္း တရား၀င္ အေၾကာင္းၾကားစာကို မေလးရွားအာဏာပိုင္မ်ားထံ ေပးပို႔ခဲ့သည္။ ပဥၥမေျမာက္စူလတန္မိုဟာမက္သည္ ဖက္ဒရယ္ဖြဲ႔စည္းပံုႏွင့္အညီ ၁၅ ႀကိမ္ေျမာက္ ရန္ဒီပီတူအန္အေဂါန္ ဘုရင္အျဖစ္မွ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ ၆ ရက္ေန႔တြင္ တရား၀င္စြန္႔လႊတ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ ယခု ထီးနန္းစြန္႔သည့္အတြက္ ၂ လၾကာျပီးေနာက္ပိုင္း ဒီဇင္ဘာလကုန္မတိုင္မီ ယခင္ဘုရင္းျမတ္က ျပန္လည္ တာ၀န္ယူရမည္ျဖစ္သည္။

မေလးရွားဘုရင္  စူလတန္မိုဟာမက္ နန္းစြန္႔ဟု ေၾကညာ


ဖက္ဒရယ္မေလးရွားနိဳင္ငံ၏ ဖြဲ႔စည္းပံုအရ ျပည္နယ္ ၉ ခုမွ ၅ ႏွစ္တစ္ၾကိမ္ အလွည့္က်ဆက္ခံရေသာ စည္းမ်ဥ္းခံဘုရင္အျဖစ္ ပဥၥေျမာက္ စူလတန္မိုဟာမက္ ဘုရင္မင္းျမတ္သည္ ဒီဇင္ဘာ ၁၃ ရက္ ၂၀၁၆ တြင္ ထီနန္းဆက္ခံခဲ့ျခင္းျဖစ္ျပီး၊ မေလးရွားလက္နက္ကိုင္တပ္ဖြဲ႔မ်ား၏ ေသနာပတိခ်ဳပ္လည္းျဖစ္ခဲ့သည္။
အသက္ ၄၉ ႏွစ္အရြယ္ စူလတန္မိုဟာမက္သည္ ၂၀၁၅ ခုႏွစ္ ေမာ္စကို အလွမယ္ဘြဲ႔ရ ေအာ့ဆန္နာဗိုဗီဒီနာ ၂၅ ႏွစ္ႏွင့္ လက္ထပ္လိုက္ျပီးျဖစ္၍ နန္းစြန္႔မည့္အေၾကာင္း၊ နိ၀င္ဘာ ၂၂ ရက္ေန႔ ရုရွားနိဳင္ငံ မထင္မရွားတစ္ေနရာ၌ လက္ထပ္စဥ္ ဓါတ္ပံုမ်ားႏွင့္အတူ လြန္ခဲ့သည့္ ရက္သတၱပတ္ အြန္လိုင္းတြင္ ေကာလဟလအျဖစ္ သတင္းမ်ားပ်ံ႕လြင့္ခဲ့သည္။
ဘုရင္မင္းျမတ္ ထီးနန္းစြန္႔သည့္ကိစၥႏွင့္ ပတ္သက္၍ ၀န္ၾကီးခ်ဳပ္ မဟာသီယာက ထင္ျမင္ခ်က္ တစ္စံုတစ္ရာ ေျပာဆိုျခင္းမရွိေခ်။

- Htay Oung (အကုန္သိ သတင္းဌာန)

Unicode version

မလေးရှားဘုရင်  စူလတန်မိုဟာမက် နန်းစွန့်ဟု ကြေညာ 
မလေးရှားနိုင်ငံ ဘုရင်မင်းမြတ် ပဉ္စမမြောက် စူလတန်မိုဟာမက်သည် ထီးနန်းဆက်ခံ၍ ၂ နှစ်မျှသာ ကြာမြင့်ပြီးနောက် နန်းစွန့်ခြင်းဖြစ်ရာ မလေးရှားသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း Channel News Asia က ဖော်ပြသည်။
ဘုရင်မင်းမြတ်၏ ထီးနန်းစွန့်ကြောင်း တရားဝင် အကြောင်းကြားစာကို မလေးရှားအာဏာပိုင်များထံ ပေးပို့ခဲ့သည်။ ပဉ္စမမြောက်စူလတန်မိုဟာမက်သည် ဖက်ဒရယ်ဖွဲ့စည်းပုံနှင့်အညီ ၁၅ ကြိမ်မြောက် ရန်ဒီပီတူအန်အဂေါန် ဘုရင်အဖြစ်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် တရားဝင်စွန့်လွှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခု ထီးနန်းစွန့်သည့်အတွက် ၂ လကြာပြီးနောက်ပိုင်း ဒီဇင်ဘာလကုန်မတိုင်မီ ယခင်ဘုရင်းမြတ်က ပြန်လည် တာဝန်ယူရမည်ဖြစ်သည်။
ဖက်ဒရယ်မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအရ ပြည်နယ် ၉ ခုမှ ၅ နှစ်တစ်ကြိမ် အလှည့်ကျဆက်ခံရသော စည်းမျဉ်းခံဘုရင်အဖြစ် ပဉ္စမြောက် စူလတန်မိုဟာမက် ဘုရင်မင်းမြတ်သည် ဒီဇင်ဘာ ၁၃ ရက် ၂၀၁၆ တွင် ထီနန်းဆက်ခံခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ သေနာပတိချုပ်လည်းဖြစ်ခဲ့သည်။
အသက် ၄၉ နှစ်အရွယ် စူလတန်မိုဟာမက်သည် ၂၀၁၅ ခုနှစ် မော်စကို အလှမယ်ဘွဲ့ရ အော့ဆန်နာဗိုဗီဒီနာ ၂၅ နှစ်နှင့် လက်ထပ်လိုက်ပြီးဖြစ်၍ နန်းစွန့်မည့်အကြောင်း၊ နိဝင်ဘာ ၂၂ ရက်နေ့ ရုရှားနိုင်ငံ မထင်မရှားတစ်နေရာ၌ လက်ထပ်စဉ် ဓါတ်ပုံများနှင့်အတူ လွန်ခဲ့သည့် ရက်သတ္တပတ် အွန်လိုင်းတွင် ကောလဟလအဖြစ် သတင်းများပျံ့လွင့်ခဲ့သည်။
ဘုရင်မင်းမြတ် ထီးနန်းစွန့်သည့်ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် မဟာသီယာက ထင်မြင်ချက် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိချေ။

- Htay Oung (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။