Skip to main content
ဂ်က္ကီခ်န္းရဲ႕ခ်စ္တင္းေႏွာခန္းကုိ ဆင္ဆာမျဖတ္မိတဲ့ အီရန္အစုိးရ႐ုပ္သံဌာနမွဴး အလုပ္ျပဳတ္
Ads Block

ဂ်က္ကီခ်န္းရဲ႕ခ်စ္တင္းေႏွာခန္းကုိ ဆင္ဆာမျဖတ္မိတဲ့ အီရန္အစုိးရ႐ုပ္သံဌာနမွဴး အလုပ္ျပဳတ္

အီရန္႐ုပ္သံအစီအစဥ္တစ္ခုမွာ ဂ်က္ကီခ်န္း႐ုပ္ရွင္ကုိ ထုတ္လႊင့္ျပသခဲ့တာမွာ ဂ်က္ကီခ်န္း ခ်စ္တင္းေႏွာေနတဲ့အခန္း ပါသြားတဲ့အတြက္ ႐ုပ္သံဌာနမွဴး အလုပ္ျပဳတ္သြားခဲ့တယ္လုိ႔ သိရပါတယ္။
ေဟာင္ေကာင္မင္းသား ဂ်က္ကီခ်န္းပါဝင္တဲ့ “Shinjuku Incident” မွာ ၄င္းနဲ႔ ျပည့္တန္ဆာတစ္ဦးတုိ႔ ေပ်ာ္ပါးေနတဲ့အခန္းတစ္ခန္း ပါေနပါတယ္။ အမ်ိဳးသားနဲ႔အမ်ိဳးသမီး လက္ခ်င္းထိတာကုိေတာင္ ဘာသာေရးအရ ထုတ္လႊင့္ျပသခြင့္မျပဳတဲ့ အီရန္ႏုိင္ငံမွာ ထုိသုိ႔ခ်စ္တင္းေႏွာခန္းကုိ မေတာ္တဆ ျပသမိျခင္းဟာ အစိုးရ႐ုပ္သံလုပ္ငန္း အုိင္အာအုိင္ဘီရဲ႕ စည္းကမ္းကုိ ခ်ိဳးေဖာက္လြန္းရာ က်သြားပါတယ္။
ဒါေၾကာင့္ ၄င္း႐ုပ္သံဌာနမွဴးကုိ ဥကၠဌအမိန္႔နဲ႔ တစ္ခါတည္း အလုပ္ျဖဳတ္လုိက္ၾကပါတယ္။ ထုတ္လႊင့္မႈျဖစ္စဥ္ တစ္ခုလုံးကုိလည္း စုံစမ္းစစ္ေဆးကာ အျပစ္ရွိသူေတြကုိ ဘာသာေရး ပုလိပ္လက္ထဲ အပ္မယ္လုိ႔ ဆုိပါတယ္။
အီရန္ႏုိင္ငံမွာ အမ်ိဳးသားနဲ႔အမ်ိဳးသမီး အေႏွာင့္အသြားမလြတ္ က်ီစယ္ခန္းေတြ၊ အမ်ိဳးသမီးေတြရဲ႕ မ်က္ႏွာအနီးကပ္နဲ႔ လည္ဟုိက္ေတြကုိေတာင္ ဆင္ဆာျဖတ္ပါတယ္။ ဒါ့အျပင္ ရဲေတြနဲ႔ မုတ္ဆိတ္ေမြးထားသူေတြကုိ မေကာင္းတဲ့သူေတြသဖြယ္ သ႐ုပ္ေဖၚ႐ုိက္ကူးထားတဲ့ ႐ုပ္ရွင္ ေတြကုိလည္း ျပသခြင့္မျပဳပါဘူး။
အစိုးရ႐ုပ္သံလုပ္ငန္း အုိင္အာအုိင္ဘီဟာ ေက်ာင္းသားဆယ္ေယာက္ေသခဲ့ရတဲ့ ဘတ္စ္ကားေမွာက္မႈလုိ အနိ႒ာ႐ုံ သတင္းေတြကုိေတာ့ ထုတ္လႊင့္ခဲ့ေပမယ့္ ဂ်က္ကီခ်န္းခ်စ္တင္းေႏွာခန္း စကၠန္႔ပုိင္းေလးအတြက္ ႐ုပ္သံအစီအစဥ္တစ္ခုလုံးကုိ အလုပ္ျဖဳတ္လုိက္တာေၾကာင့္ လူမႈကြန္ရက္ေပၚမွာ အီရန္သားအခ်ဳိ႕ရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံေနရပါတယ္။

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

ဂျက်ကီချန်းရဲ့ချစ်တင်းနှောခန်းကို ဆင်ဆာမဖြတ်မိတဲ့ အီရန်အစိုးရရုပ်သံဌာနမှူး အလုပ်ပြုတ်

အီရန်ရုပ်သံအစီအစဉ်တစ်ခုမှာ ဂျက်ကီချန်းရုပ်ရှင်ကို ထုတ်လွှင့်ပြသခဲ့တာမှာ ဂျက်ကီချန်း ချစ်တင်းနှောနေတဲ့အခန်း ပါသွားတဲ့အတွက် ရုပ်သံဌာနမှူး အလုပ်ပြုတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဟောင်ကောင်မင်းသား ဂျက်ကီချန်းပါဝင်တဲ့ “Shinjuku Incident” မှာ ၎င်းနဲ့ ပြည့်တန်ဆာတစ်ဦးတို့ ပျော်ပါးနေတဲ့အခန်းတစ်ခန်း ပါနေပါတယ်။ အမျိုးသားနဲ့အမျိုးသမီး လက်ချင်းထိတာကိုတောင် ဘာသာရေးအရ ထုတ်လွှင့်ပြသခွင့်မပြုတဲ့ အီရန်နိုင်ငံမှာ ထိုသို့ချစ်တင်းနှောခန်းကို မတော်တဆ ပြသမိခြင်းဟာ အစိုးရရုပ်သံလုပ်ငန်း အိုင်အာအိုင်ဘီရဲ့ စည်းကမ်းကို ချိုးဖောက်လွန်းရာ ကျသွားပါတယ်။
ဒါကြောင့် ၎င်းရုပ်သံဌာနမှူးကို ဥက္ကဌအမိန့်နဲ့ တစ်ခါတည်း အလုပ်ဖြုတ်လိုက်ကြပါတယ်။ ထုတ်လွှင့်မှုဖြစ်စဉ် တစ်ခုလုံးကိုလည်း စုံစမ်းစစ်ဆေးကာ အပြစ်ရှိသူတွေကို ဘာသာရေး ပုလိပ်လက်ထဲ အပ်မယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံမှာ အမျိုးသားနဲ့အမျိုးသမီး အနှောင့်အသွားမလွတ် ကျီစယ်ခန်းတွေ၊ အမျိုးသမီးတွေရဲ့ မျက်နှာအနီးကပ်နဲ့ လည်ဟိုက်တွေကိုတောင် ဆင်ဆာဖြတ်ပါတယ်။ ဒါ့အပြင် ရဲတွေနဲ့ မုတ်ဆိတ်မွေးထားသူတွေကို မကောင်းတဲ့သူတွေသဖွယ် သရုပ်ဖေါ်ရိုက်ကူးထားတဲ့ ရုပ်ရှင် တွေကိုလည်း ပြသခွင့်မပြုပါဘူး။
အစိုးရရုပ်သံလုပ်ငန်း အိုင်အာအိုင်ဘီဟာ ကျောင်းသားဆယ်ယောက်သေခဲ့ရတဲ့ ဘတ်စ်ကားမှောက်မှုလို အနိဋ္ဌာရုံ သတင်းတွေကိုတော့ ထုတ်လွှင့်ခဲ့ပေမယ့် ဂျက်ကီချန်းချစ်တင်းနှောခန်း စက္ကန့်ပိုင်းလေးအတွက် ရုပ်သံအစီအစဉ်တစ်ခုလုံးကို အလုပ်ဖြုတ်လိုက်တာကြောင့် လူမှုကွန်ရက်ပေါ်မှာ အီရန်သားအချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။

 - ZHO (အကုန်သိ သတင်းဌာန)

Ref: bbc

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။