Skip to main content
တစ္ႏုိင္ငံ စနစ္ႏွစ္မ်ဳိးမူကုိ လက္မခံဟုဆုိကာ ထုိင္၀မ္သမၼတက တရုတ္ကုိ အာခံ 
Ads Block

တစ္ႏုိင္ငံ စနစ္ႏွစ္မ်ဳိးမူကုိ လက္မခံဟုဆုိကာ ထုိင္၀မ္သမၼတက တရုတ္ကုိ အာခံ 

တရုတ္ႏုိင္ငံရဲ ့ႏုိင္ငံေရးမူတစ္ခုျဖစ္တ့ဲ တစ္ႏုိင္ငံစနစ္ႏွစ္မ်ဳိး အစီအစဥ္ကုိ ထုိင္၀မ္ကၽြန္းေဒသက လက္ခံမွာမဟုတ္ေၾကာင္း ထုိင္၀မ္သမၼတ ဆုိင္အင္း၀မ္က ဇန္န၀ါရီ ၂ ရက္ေန ့မွာ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ 
ေရလက္ၾကားျဖတ္ေက်ာ္ ေစ့စပ္ေဆြးေႏြးမႈအားလုံးဟာ အစုိးရအခ်င္းခ်င္းေဆြးေႏြးမႈေတြအေပၚ အေျခခံရမွာျဖစ္ေၾကာင္းလည္း သူမက အသိေပးခဲ့ပါတယ္။ ထုိင္၀မ္ဟာ တရုတ္ႏုိင္ငံရဲ ့ အစိတ္အပုိင္းျဖစ္တယ္ဆုိတဲ့အခ်က္ကုိ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ် ျပင္ဆင္ေျပာင္းလဲလုိ ့မရႏုိင္ေၾကာင္း ဇန္န၀ါရီ ၂ ရက္ေန ့အေစာပုိင္းမွာ တရုတ္သမၼတ ရွီက်င္းပင္းက ေျပာဆုိခဲ့အၿပီး ဆုိင္က အခုလုိ တုံ ့ျပန္ခဲ့တာပါ။ ထုိင္၀မ္ေရလက္ၾကားရဲ ့ တစ္ဖက္စီမွာေနထုိင္ၾကတဲ့ လူထုဟာ ျပန္လည္ေပါင္းစည္းေရး လုပ္ေဆာင္ရမယ္လုိ ့လည္း တရုတ္သမၼတက ေျပာဆုိခဲ့တာပါ။ တရုတ္ႏုိင္ငံအေနနဲ ့ ထုိင္၀မ္လူထုရဲ ့ ထင္ျမင္ခ်က္နဲ ့လုိအပ္ခ်က္ေတြကုိ နားလည္ဖုိ ့လည္း ဆုိင္က တုိက္တြန္းေျပာဆုိခဲ့ပါတယ္။ တရုတ္ႏုိင္ငံအေနနဲ ့ထုိင္၀မ္နဲ ့၄င္းတုိ ့အၾကား ကြဲျပားမႈေတြကုိ ေျဖရွင္းရာမွာ ၿငိမ္းခ်မ္းစြာေျဖရွင္းႏုိင္တဲ့နည္းလမ္းေတြကုိ အသုံးျပဳရမွာျဖစ္ကာ ဒီမုိကရက္တစ္ စံတန္ဖုိးေတြကုိ ေလးစားရမွာျဖစ္ေၾကာင္း ယခုသီတင္းပတ္အေစာပုိင္းက ႏွစ္သစ္ကူးမိန္ ့ခြန္းမွာ ဆုိင္က ေျပာဆုိထားခဲ့ပါတယ္။ ထုိင္၀မ္ကၽြန္းအေရးဟာ တရုတ္ရဲ ့ထိရွလြယ္ဆုံး အေၾကာင္းအရာျဖစ္ကာ ၄င္းတုိ ့ရဲ ့ အထူးအခြင့္ေပးထားတဲ့ပုိင္နက္တစ္ခုအျဖစ္ ကၽြန္းေဒသကုိ ေပက်င္းက သတ္မွတ္ထားပါတယ္။ ထုိင္၀မ္မွာ လြတ္လပ္ေရးလုိလားတဲ့ DPP ပါတီမွ ဆုိင္အင္း၀မ္ ၂၀၁၆ ခုႏွစ္မွာ သမၼတအျဖစ္တက္ေရာက္လာခ်ိန္မွစလုိ ့ ကၽြန္းေဒသအေပၚ ရွီက တုိးျမွင့္ဖိအားေပးလာခဲ့ပါတယ္။ 
ထုိင္၀မ္ကုိ တရုတ္ရဲ ့အပုိင္အျဖစ္လက္ခံထားကာ ထုိင္၀မ္လြတ္လပ္ေရးေထာက္ခံသူေတြ မလုိလားၾကတဲ့ တရုတ္တစ္ႏုိင္ငံတည္းစည္းမ်ဥ္းအရသာ ျပန္လည္ေပါင္းစည္းေရး ေဖာ္ေဆာင္ရမွာျဖစ္ေၾကာင္း ေပက်င္းၿမိဳ ့ေတာ္ ျပည္သူ ့ခန္းမႀကီးမွာ ျပဳလုပ္တဲ့အခမ္းအနားအတြင္း ရွီက ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ အင္အားသုံး သိမ္းယူသြားမယ္ဆုိတဲ့အခ်က္ကုိ ျပန္ရုပ္သိမ္းဖုိ ့ မိမိတုိ ့ကတိမေပးႏုိင္ေၾကာင္းနဲ ့လုိအပ္တဲ့နည္းလမ္းအားလုံးသုံးသြားဖုိ ့အတြက္ ေရြးခ်ယ္စရာေတြ ရွိထားဆဲျဖစ္ေၾကာင္း ရွီက ေျပာဆုိခဲ့ပါတယ္။

Ref: Reuters

-   ကုိလင္း(အကုန္သိသတင္းဌာန)

Unicode version

တစ်နိုင်ငံ စနစ်နှစ်မျိုးမူကို လက်မခံဟုဆိုကာ ထိုင်ဝမ်သမ္မတက တရုတ်ကို အာခံ 
တရုတ်နိုင်ငံရဲ့နိုင်ငံရေးမူတစ်ခုဖြစ်တဲ့ တစ်နိုင်ငံစနစ်နှစ်မျိုး အစီအစဉ်ကို ထိုင်ဝမ်ကျွန်းဒေသက လက်ခံမှာမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 
ရေလက်ကြားဖြတ်ကျော် စေ့စပ်ဆွေးနွေးမှုအားလုံးဟာ အစိုးရအချင်းချင်းဆွေးနွေးမှုတွေအပေါ် အခြေခံရမှာဖြစ်ကြောင်းလည်း သူမက အသိပေးခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ပြင်ဆင်ပြောင်းလဲလို့မရနိုင်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့အစောပိုင်းမှာ တရုတ်သမ္မတ ရှီကျင်းပင်းက ပြောဆိုခဲ့အပြီး ဆိုင်က အခုလို တုံ့ပြန်ခဲ့တာပါ။ ထိုင်ဝမ်ရေလက်ကြားရဲ့ တစ်ဖက်စီမှာနေထိုင်ကြတဲ့ လူထုဟာ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရမယ်လို့လည်း တရုတ်သမ္မတက ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်လူထုရဲ့ ထင်မြင်ချက်နဲ့လိုအပ်ချက်တွေကို နားလည်ဖို့လည်း ဆိုင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်နဲ့၎င်းတို့အကြား ကွဲပြားမှုတွေကို ဖြေရှင်းရာမှာ ငြိမ်းချမ်းစွာဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ကာ ဒီမိုကရက်တစ် စံတန်ဖိုးတွေကို လေးစားရမှာဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက နှစ်သစ်ကူးမိန့်ခွန်းမှာ ဆိုင်က ပြောဆိုထားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအရေးဟာ တရုတ်ရဲ့ထိရှလွယ်ဆုံး အကြောင်းအရာဖြစ်ကာ ၎င်းတို့ရဲ့ အထူးအခွင့်ပေးထားတဲ့ပိုင်နက်တစ်ခုအဖြစ် ကျွန်းဒေသကို ပေကျင်းက သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်မှာ လွတ်လပ်ရေးလိုလားတဲ့ DPP ပါတီမှ ဆိုင်အင်းဝမ် ၂၀၁၆ ခုနှစ်မှာ သမ္မတအဖြစ်တက်ရောက်လာချိန်မှစလို့ ကျွန်းဒေသအပေါ် ရှီက တိုးမြှင့်ဖိအားပေးလာခဲ့ပါတယ်။ 
ထိုင်ဝမ်ကို တရုတ်ရဲ့အပိုင်အဖြစ်လက်ခံထားကာ ထိုင်ဝမ်လွတ်လပ်ရေးထောက်ခံသူတွေ မလိုလားကြတဲ့ တရုတ်တစ်နိုင်ငံတည်းစည်းမျဉ်းအရသာ ပြန်လည်ပေါင်းစည်းရေး ဖော်ဆောင်ရမှာဖြစ်ကြောင်း ပေကျင်းမြို့တော် ပြည်သူ့ခန်းမကြီးမှာ ပြုလုပ်တဲ့အခမ်းအနားအတွင်း ရှီက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အင်အားသုံး သိမ်းယူသွားမယ်ဆိုတဲ့အချက်ကို ပြန်ရုပ်သိမ်းဖို့ မိမိတို့ကတိမပေးနိုင်ကြောင်းနဲ့လိုအပ်တဲ့နည်းလမ်းအားလုံးသုံးသွားဖို့အတွက် ရွေးချယ်စရာတွေ ရှိထားဆဲဖြစ်ကြောင်း ရှီက ပြောဆိုခဲ့ပါတယ်။

Ref: Reuters

-   ကိုလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။