Skip to main content
အားကစား
Ads Block

" ေဖ့ဘြတ္ေပၚမွာ ပ်ံ ့ႏွံ ့သြားေတာ့မွ ဆု ေပးမယ္လုိ ့ေျပာေတာ့ ဒီဆုကုိ မလုိခ်င္ေတာ့ဘူး "

က်င္းပၿပီးစီးခဲ့တဲ့ MPT Myanmar National League (U-21) 2018 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲမွာ ေဆာက္သမ္းျမန္မာအသင္း ကစားသမားေလး ေဇာ္ဝင္းႏိုင္က(၁၈) ဂိုးသြင္းၿပီး ဂိုးသြင္းအမ်ားဆံုးသူျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၂၇)ရက္က က်င္းပခဲ့တဲ့ MFF-MNL Awards night 2018 အခမ္းအနားမွာ သူ႕အေနနဲ႕ဂိုးသြင္းအမ်ားဆံုးဆုကို ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမဲ့ သူေမွ်ာ္လင့္သလို၊ အမ်ားက ေမွ်ာ္လင့္သလို ယူ(၂၁) ဂိုးသြင္းအမ်ားဆံုးဆုကို အဖြဲ႕ခ်ဳပ္က ဆုခ်ီးျမင့္ျခင္းမရွိတဲ့အခါမွာေတာ့ ငယ္ရြယ္တဲ့လူငယ္ပီပီ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ သူခံစားခ်က္ေတြကို တက္ေရးခဲ့ရမွာေတာ့ ေဘာလံုးေလာကမွာ လႈပ္ခတ္သြားခဲ့ပါတယ္။ ဒါနဲ႕ပတ္သက္ၿပီး သူရဲ႕ခံစားခ်က္ေတြ၊ သူရဲ႕အနာဂတ္ သူဘယ္ေလာက္အထိ ဒီအဆင့္ေရာက္ေအာင္ႀကိဳးစားခဲ့ရတာေတြကို အကုန္သိသတင္းဌာနက ဖုန္းနဲ ့ဆက္သြယ္ေမးျမန္းျဖစ္ခဲ့ပါတယ္။

ေမး - ေဆာက္သမ္းျမန္မာအသင္းကို ဘယ္လိုေရာက္ရွိခဲ့တာလဲ။
ေျဖ - ကြ်န္ေတာ္က ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္က ရြာေလးကပါ။ ကြ်န္ေတာ္မိဘေတြကေတာ့ ရိုးစင္းပါတယ္။ ေတာင္သူအလုပ္ကို လုပ္ကိုင္ၾကတယ္။ ေမာင္ႏွမ(၆)ေယာက္မွာ ကြ်န္ေတာ္က အငယ္ဆံုး။ ေဘာလံုးကို၀ါသနာပါတယ္။ ဒါေၾကာင့္ ၾကိဳးစားခဲ့တယ္။ ေဆာက္သမ္းျမန္မာမွာ လူေရြးပြဲရွိတယ္လို႕ၾကားလို႕ လာေရြးခံတယ္။ ဒါေပမဲ့ ပထမတစ္ေခါက္မွာ အေရြးမခံရဘူးေပါ့။ ဒီေတာ့ရြာျပန္တယ္။ ေနာက္တစ္ေခါက္ လူေရြးပြဲမွာေတာ့ အေရြးခံခဲ့ရပါတယ္။ တကယ္လို႕အေရြးမခံရရင္လည္း ကြ်န္ေတာ္ဆံုးျဖတ္ထားတာ ဘာပဲျဖစ္ျဖစ္ ရြာျပန္ျပီး ေတာင္သူေတာ့ မလုပ္ခ်င္ဘူး။ ကြ်န္ေတာ္က ေဘာလံုးပဲကစားခ်င္တာ။ ဒါေၾကာင့္ ေနာက္ဆံုး အေရြးမခံရရင္ေတာင္ ေဘာလံုးကြင္းမွာ ျမက္ပဲႏုတ္ရႏုတ္ရ ေရပဲေလာင္းရေလာင္းရဆိုျပီး ကြ်န္ေတာ္ဒီလိုဆံုးျဖတ္ထားတာ။ အခုဆိုရင္ ကြ်န္ေတာ္ဒီအသင္းကို ေရာက္တာ ၄ ႏွစ္ျပည့္ေတာ့မယ္။ ဒီႏွစ္မွ ကြ်န္ေတာ္ေအာင္ျမင္မႈေလးတစ္ခုရခဲ့တာပါ။

ေမး - ဂိုးသြင္းအမ်ားဆံုးရေအာင္ ဘယ္လိုႀကိဳးစားခဲ့ရတာလဲ။
ေျဖ - ကြ်န္ေတာ္တို႕က အကယ္ဒမီထြက္ေတြမဟုတ္တဲ့အခါမွာ ေတာ္ေတာ္ေလးႀကိဳးစားရပါတယ္။ ေဘာလံုးဖမ္းတာကအစ အမ်ားၾကီးလုပ္ခဲ့ရတာပါ။ ဒါေၾကာင့္လည္း မိနစ္(၉၀)ကစားတဲ့ပြဲတစ္ပြဲမွာ တစ္ဂိုးရဖို႕ဆိုတာ ေတာ္ေတ္ာေလးခက္ခဲပါတယ္။ ရုန္းကန္ရပါတယ္ အသားကုန္ႀကိဳးစားရတာပါ။ လြဲသြားခဲ့ရင္လည္း ေရွ႕တန္းသမားျဖစ္ၿပီးဒီေလာက္ေတာင္ညံ့လားဆိုၿပီး ေျပာဆိုခံရပါတယ္။ ဒီလို ဂိုးေတြအမ်ားၾကီးသြင္းျပီးေတာ့လည္း အသိမွတ္ျပဳမခံရေတာ့လည္း စိတ္မေကာင္းဘူးေပါ့။

ေမး - အခုေပါ့။ လာမယ့္ခ်ာရတီဒုိင္းပြဲမွာ ညီေလးအတြက္ ဂိုးသြင္းဆု ျပန္ေပးမယ္လို႕လည္းၾကားေနရတယ္ ညီေလး သိလား။
ေျဖ - ေဖ့ဘြတ္ေပၚမွာ ပ်ံ ့ႏွံ႕ျပီးေတာ့မွ ဆုျပန္ေပးမယ္ဆိုရင္ေတာ့ မယူခ်င္ေတာ့ပါဘူး။ ကုိယ္က လူအမ်ားၾကားမွာ အသိအမွတ္ျပဳခံခ်င္တာေလ။ ျပီးေတာ့ ႏုိင္ငံျခားသားလည္း ဂိုးသြင္းအမ်ားဆံုးဆုရခ်င္မွာေပါ့။ သူလည္းၾကိဳးစားမႈကို အသိအမွတ္ျပဳခံခ်င္တာေပါ့။ အကယ္၍ ဒီေနရာမွာ လက္ေရြစင္ကစားသမားတစ္ေယာက္ဆိုရင္ ဒီဆုကိုမေပးပဲေနမလား။ အခုေတာ့ MNL မွာ ဂိုးသြင္းအမ်ားဆံုးသူက ႏုိင္ငံျခားသားျဖစ္ေနေတာ့ ကြ်န္ေတာ္ပါေရာပါသြားတာေပါ့။ သူတို႕ကိုလည္း အျပစ္မေျပာပါဘူး။ အလုပ္ရႈပ္ေတာ့ စီစဥ္တာေတြမ်ားလို႕ေနမွာေပါ့။ ဒါေပမဲ့ အဖြဲ႕ခ်ဳပ္အေနနဲ႕ အစကတည္းက ေျပာသင့္တာေပါ့။ ဒီႏွစ္ေတာ့ဂိုးသြင္းအမ်ားဆံုးဆု မပါဘူး။ ဒါေၾကာင့္ ပြဲတက္လည္း ရတယ္။ မတက္လည္းရတယ္ေပါ့။ ဒါကုိ ကြ်န္ေတာ္သိရင္ ဒီေလာက္မခံစားရဘူးေလ။ အခုေတာ့ ပြဲစကတည္းက ပြဲဆံုးသည္အထိ ကိုယ့္နာမည္ေလးမ်ားပါလာမလားဆိုၿပီး ေမွ်ာ္ေနမိတာ။ ပြဲသာျပီးသြားတယ္။ ဆုသာကုန္သြားတယ္။ ကြ်န္ေတာ္နာမည္ ပါမလာဘူ။း ဒါေတာ့ ကြ်န္ေတာ္ေေတာ္ေလးခံစားရတယ္။ ကိုယ့္ကိုယ္ကုိယ္လည္း အရွက္ကြဲတယ္လို႕ခံစားရတယ္။ 

ေမး - အသင္းနည္းျပေတြရဲ႕အားေပးစကား ဘာရွိမလဲ။ 
ေျဖ - နည္းျပေတြကေတာ့ အားေပးစကားေျပာပါတယ္။ ဒါေပမဲ့ ဒီဆုေပးပြဲျပီးကတည္းက ကြ်န္ေတာ္ လံုး၀စိတ္မပါေတာ့သလိုျဖစ္သြားတယ္။ ဒါေၾကာင့္ ခြင့္ေတာင္းျပီးရြာမွာ ခဏျပန္ဖို႕ရွိတယ္( ယခု ရြာသုိ ့ျပန္သြားသည္)။ ရြာမွာပဲေနျပီး ေတာင္သူလုပ္မလား။ ျပန္လာမလား ေလာေလာဆယ္ေတာ့ မစဥ္းစားႏုိင္ေသးဘူး ျဖစ္ေနတယ္။

ေမး - ဂိုးသြင္းအမ်ားဆံုးဆုမရတာနဲ႕ပတ္သက္ၿပီး ညီေလးခံစားခ်က္ေလးကို ဘယ္လို စိတ္ကူးေၾကာင့္ ညီေလးရဲ႕ေဖ့ဘြတ္ေပၚမွာ ေရးတင္ျဖစ္တာလဲ။
ေျဖ - ကြ်န္တာ္ ဒီပိုစ့္ကိုတင္ဖို႕အတြက္ အႀကိမ္ႀကိမ္စဥ္းစားပါေသးတယ္။ ေယာက္က်ားတစ္ေယာက္ျဖစ္လွ်က္နဲ႕ ႏိုဗိုတယ္ရန္ကုန္မက္စ္ဟိုတယ္ကေန ျပန္ထြက္လာတဲ့အခ်ိန္မွာ ဘယ္လိုမွမခံစားႏုိင္ေတာ့လို႕ကြ်န္ေတာ္တအားငိုခ်လိုက္တယ္။ အျပန္လမ္းတစ္ေလွ်ာက္လံုးမွာလည္း အႀကိမ္ႀကိမ္ post ေတြ တင္လိုက္ၾကမ္းသြားလို႕ ျပန္ျဖဳတ္ခ်လိုက္နဲ႕ေနာက္ဆံုးေတာ့ အခုတင္ထားတဲ့ Post ကို ကြ်န္ေတာ္ နာရီ၀က္ေလာက္စဥ္းစားျပီးမွ တင္လိုက္တယ္။ တင္လိုက္တာနဲ႕ခ်က္ျခင္းဆိုသလို သူငယ္ခ်င္း ေတြ၊ ဆရာေတြက ျပန္ျဖဳတ္ဖို႕ေျပာၾကတယ္။ ကြ်န္ေတာ့္ဘ၀ရဲ႕တက္လမ္းေတြထိခိုက္မယ္ ဆုိၿပီးေတာ့ေပါ့။

ေမး - ေလာေလာဆယ္ ညီေလးအေနနဲ႕ဒီႏွစ္ေအာင္ျမင္မႈရေအာင္ ဘယ္လိုျပန္လည္ႀကိဳးစားသြားမလဲ။
ေျဖ - အသင္းနည္းျပေတြကေတာ့ အားေပးစကားေျပာပါတယ္။ ဒါေပမဲ့ ဒီဆုေပးပြဲျပီးကတည္းက ကြ်န္ေတာ္ လံုး၀စိတ္မပါေတာ့သလို ျဖစ္သြားတယ္။ ဒါေၾကာင့္ခြင့္ေတာင္းျပီးရြာမွာ ခဏျပန္ဖို႕ရွိတယ္။ ရြာမွာပဲေနျပီး ေတာင္သူလုပ္မလား။ ျပန္လာမလားေလာေလာဆယ္ေတာ့ မစဥ္းစားႏုိင္ေသးဘူး ျဖစ္ေနတယ္။ (အေပၚ၌ ေျပာထားေသာ စကားကုိသာ ထပ္ေျပာခဲ့ျခင္းျဖစ္သည္)

ေျဖၾကားေပးတဲ့  ညီေလးကုိ ေက်းဇူးတင္ပါတယ္။

Unicode Version 

ကျင်းပပြီးစီးခဲ့တဲ့ MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ဆောက်သမ်းမြန်မာအသင်း ကစားသမားလေး ဇော်ဝင်းနိုင်က(၁၈) ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၇)ရက်က ကျင်းပခဲ့တဲ့ MFF-MNL Awards night 2018 အခမ်းအနားမှာ သူ့အနေနဲ့ဂိုးသွင်းအများဆုံးဆုကို မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ သူမျှော်လင့်သလို၊ အများက မျှော်လင့်သလို ယူ(၂၁) ဂိုးသွင်းအများဆုံးဆုကို အဖွဲ့ချုပ်က ဆုချီးမြင့်ခြင်းမရှိတဲ့အခါမှာတော့ ငယ်ရွယ်တဲ့လူငယ်ပီပီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သူခံစားချက်တွေကို တက်ရေးခဲ့ရမှာတော့ ဘောလုံးလောကမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေ၊ သူရဲ့အနာဂတ် သူဘယ်လောက်အထိ ဒီအဆင့်ရောက်အောင်ကြိုးစားခဲ့ရတာတွေကို အကုန်သိသတင်းဌာနက ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - ဆောက်သမ်းမြန်မာအသင်းကို ဘယ်လိုရောက်ရှိခဲ့တာလဲ။
ဖြေ - ကျွန်တော်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်က ရွာလေးကပါ။ ကျွန်တော်မိဘတွေကတော့ ရိုးစင်းပါတယ်။ တောင်သူအလုပ်ကို လုပ်ကိုင်ကြတယ်။ မောင်နှမ(၆)ယောက်မှာ ကျွန်တော်က အငယ်ဆုံး။ ဘောလုံးကိုဝါသနာပါတယ်။ ဒါကြောင့် ကြိုးစားခဲ့တယ်။ ဆောက်သမ်းမြန်မာမှာ လူရွေးပွဲရှိတယ်လို့ကြားလို့ လာရွေးခံတယ်။ ဒါပေမဲ့ ပထမတစ်ခေါက်မှာ အရွေးမခံရဘူးပေါ့။ ဒီတော့ရွာပြန်တယ်။ နောက်တစ်ခေါက် လူရွေးပွဲမှာတော့ အရွေးခံခဲ့ရပါတယ်။ တကယ်လို့အရွေးမခံရရင်လည်း ကျွန်တော်ဆုံးဖြတ်ထားတာ ဘာပဲဖြစ်ဖြစ် ရွာပြန်ပြီး တောင်သူတော့ မလုပ်ချင်ဘူး။ ကျွန်တော်က ဘောလုံးပဲကစားချင်တာ။ ဒါကြောင့် နောက်ဆုံး အရွေးမခံရရင်တောင် ဘောလုံးကွင်းမှာ မြက်ပဲနုတ်ရနုတ်ရ ရေပဲလောင်းရလောင်းရဆိုပြီး ကျွန်တော်ဒီလိုဆုံးဖြတ်ထားတာ။ အခုဆိုရင် ကျွန်တော်ဒီအသင်းကို ရောက်တာ ၄ နှစ်ပြည့်တော့မယ်။ ဒီနှစ်မှ ကျွန်တော်အောင်မြင်မှုလေးတစ်ခုရခဲ့တာပါ။
မေး - ဂိုးသွင်းအများဆုံးရအောင် ဘယ်လိုကြိုးစားခဲ့ရတာလဲ။
ဖြေ - ကျွန်တော်တို့က အကယ်ဒမီထွက်တွေမဟုတ်တဲ့အခါမှာ တော်တော်လေးကြိုးစားရပါတယ်။ ဘောလုံးဖမ်းတာကအစ အများကြီးလုပ်ခဲ့ရတာပါ။ ဒါကြောင့်လည်း မိနစ်(၉၀)ကစားတဲ့ပွဲတစ်ပွဲမှာ တစ်ဂိုးရဖို့ဆိုတာ တော်တေ်ာလေးခက်ခဲပါတယ်။ ရုန်းကန်ရပါတယ် အသားကုန်ကြိုးစားရတာပါ။ လွဲသွားခဲ့ရင်လည်း ရှေ့တန်းသမားဖြစ်ပြီးဒီလောက်တောင်ညံ့လားဆိုပြီး ပြောဆိုခံရပါတယ်။ ဒီလို ဂိုးတွေအများကြီးသွင်းပြီးတော့လည်း အသိမှတ်ပြုမခံရတော့လည်း စိတ်မကောင်းဘူးပေါ့။
မေး - အခုပေါ့ လာမယ့်ချာရတီဒိုင်းပွဲမှာ ညီလေးအတွက် ဂိုးသွင်းဆု ပြန်ပေးမယ်လို့လည်းကြားနေရတယ် ညီလေး သိလား။
ဖြေ - ဖေ့ဘွတ်ပေါ်မှာ ပျံ့နှံ့ပြီးတော့မှ ဆုပြန်ပေးမယ်ဆိုရင်တော့ မယူချင်တော့ပါဘူး။ ကိုယ်က လူအများကြားမှာ အသိအမှတ်ပြုခံချင်တာလေ။ ပြီးတော့ နိုင်ငံခြားသားလည်း ဂိုးသွင်းအများဆုံးဆုရချင်မှာပေါ့။ သူလည်းကြိုးစားမှုကို အသိအမှတ်ပြုခံချင်တာပေါ့။ အကယ်၍ ဒီနေရာမှာ လက်ရွေစင်ကစားသမားတစ်ယောက်ဆိုရင် ဒီဆုကိုမပေးပဲနေမလား။ အခုတော့ MNL မှာ ဂိုးသွင်းအများဆုံးသူက နိုင်ငံခြားသားဖြစ်နေတော့ ကျွန်တော်ပါရောပါသွားတာပေါ့။ သူတို့ကိုလည်း အပြစ်မပြောပါဘူး။ အလုပ်ရှုပ်တော့ စီစဉ်တာတွေများလို့နေမှာပေါ့။ ဒါပေမဲ့ အဖွဲ့ချုပ်အနေနဲ့ အစကတည်းက ပြောသင့်တာပေါ့။ ဒီနှစ်တော့ဂိုးသွင်းအများဆုံးဆု မပါဘူး။ ဒါကြောင့် ပွဲတက်လည်း ရတယ်။ မတက်လည်းရတယ်ပေါ့။ ဒါကို ကျွန်တော်သိရင် ဒီလောက်မခံစားရဘူးလေ။ အခုတော့ ပွဲစကတည်းက ပွဲဆုံးသည်အထိ ကိုယ့်နာမည်လေးများပါလာမလားဆိုပြီး မျှော်နေမိတာ။ ပွဲသာပြီးသွားတယ်။ ဆုသာကုန်သွားတယ်။ ကျွန်တော်နာမည် ပါမလာဘူ။း ဒါတော့ ကျွန်တော်ေတော်လေးခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရှက်ကွဲတယ်လို့ခံစားရတယ်။ 
မေး - အသင်းနည်းပြတွေရဲ့အားပေးစကား ဘာရှိမလဲ။ 
ဖြေ - နည်းပြတွေကတော့ အားပေးစကားပြောပါတယ်။ ဒါပေမဲ့ ဒီဆုပေးပွဲပြီးကတည်းက ကျွန်တော် လုံးဝစိတ်မပါတော့သလိုဖြစ်သွားတယ်။ ဒါကြောင့် ခွင့်တောင်းပြီးရွာမှာ ခဏပြန်ဖို့ရှိတယ်( ယခု ရွာသို့ပြန်သွားသည်)။ ရွာမှာပဲနေပြီး တောင်သူလုပ်မလား။ ပြန်လာမလား လောလောဆယ်တော့ မစဉ်းစားနိုင်သေးဘူး ဖြစ်နေတယ်။
မေး - ညီလေးရဲ့ဖေ့ဘွတ်ပေါ်မှာ ဂိုးသွင်းအများဆုံးဆုမရတာနဲ့ပတ်သက်ပြီး ညီလေးခံစားချက်လေးကို ဘယ်လို စိတ်ကူးကြောင့် ရေးတင်ဖြစ်တာလဲ။
ဖြေ - ကျွန်တာ် ဒီပိုစ့်ကိုတင်ဖို့အတွက် အကြိမ်ကြိမ်စဉ်းစားပါသေးတယ်။ ယောက်ကျားတစ်ယောက်ဖြစ်လျှက်နဲ့ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်ကနေ ပြန်ထွက်လာတဲ့အချိန်မှာ ဘယ်လိုမှမခံစားနိုင်တော့လို့ကျွန်တော်တအားငိုချလိုက်တယ်။ အပြန်လမ်းတစ်လျှောက်လုံးမှာလည်း အကြိမ်ကြိမ် post တွေ တင်လိုက်ကြမ်းသွားလို့ ပြန်ဖြုတ်ချလိုက်နဲ့နောက်ဆုံးတော့ အခုတင်ထားတဲ့ Post ကို ကျွန်တော် နာရီဝက်လောက်စဉ်းစားပြီးမှ တင်လိုက်တယ်။ တင်လိုက်တာနဲ့ချက်ခြင်းဆိုသလို သူငယ်ချင်း တွေ၊ ဆရာတွေက ပြန်ဖြုတ်ဖို့ပြောကြတယ်။ ကျွန်တော့်ဘဝရဲ့တက်လမ်းတွေထိခိုက်မယ် ဆိုပြီးတော့ပေါ့။
မေး - လောလောဆယ် ညီလေးအနေနဲ့ဒီနှစ်အောင်မြင်မှုရအောင် ဘယ်လိုပြန်လည်ကြိုးစားသွားမလဲ။
ဖြေ - အသင်းနည်းပြတွေကတော့ အားပေးစကားပြောပါတယ်။ ဒါပေမဲ့ ဒီဆုပေးပွဲပြီးကတည်းက ကျွန်တော် လုံးဝစိတ်မပါတော့သလို ဖြစ်သွားတယ်။ ဒါကြောင့်ခွင့်တောင်းပြီးရွာမှာ ခဏပြန်ဖို့ရှိတယ်။ ရွာမှာပဲနေပြီး တောင်သူလုပ်မလား။ ပြန်လာမလားလောလောဆယ်တော့ မစဉ်းစားနိုင်သေးဘူး ဖြစ်နေတယ်။ (အပေါ်၌ ပြောထားသော စကားကိုသာ ထပ်ပြောခဲ့ခြင်းဖြစ်သည်)

   - ဆလုိင္းေက်ာ္မုိး (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။