Skip to main content
အမ်ိဳးသားရုိးရာ ေလွ ျပတုိက္ေနရာကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနေအာက္ေရြ႕မည့္ကိစၥ ရန္ကုန္တကၠသုိလ္ ဆရာမ်ားသမဂၢ လက္မခံ
Ads Block

အမ်ိဳးသားရုိးရာ ေလွ ျပတုိက္ေနရာကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနေအာက္ေရြ႕မည့္ကိစၥ ရန္ကုန္တကၠသုိလ္ ဆရာမ်ားသမဂၢ လက္မခံ

ရန္ကုန္တုိင္းေဒသႀကီး ကမာရြတ္ၿမိဳ႕နယ္ အင္းယားလမ္းရွိ ပညာေရးဝန္ႀကီးဌာန၊ ရန္ကုန္တကၠသုိလ္ပိုင္ အမ်ိဳးသားရုိးရာ ေလွ ျပ တုိက္ေနရာအား ရန္ကုန္တကၠသိုလ္ စီမံခန္႔ခြဲမႈေအာက္တြင္သာ ဆက္လက္ထားရွိရန္ ရန္ကုန္တကၠသိုလ္ဆရာမ်ားသမဂၢက ပညာေရး၀န္ႀကီးဌာနထံ တင္ျပထားေၾကာင္း သိရသည္။
ကမာရြတ္ၿမိဳ႕နယ္ အင္ယားလမ္းရွိ ေျမတုိင္းအမွတ္ (၃၆/ေအ)ေျမကြက္အမွတ္(၁)၊(၂)၊(၃)၊(၃ေအ)၊ (၄)၊ (၄ေအ)ႏွင့္(၅)ရွိ တစ္ စိတ္တေဒသျဖစ္သည့္ အမ်ိဳးသားေလွျပတုိက္ႏွင့္ ေျမေနရာ(ဆ၁.၁၆၀)အား ျမန္မာ့ေလွေလွာ္အားကစား ျမင့္မားေရး အတြက္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသို႔ လြဲေျပာင္းေပးႏုိင္ရန္ ရန္ကုန္တကၠသုိလ္၊ စီးပြြားေရးတကၠသိုလ္ စီစစ္တင္ ျပခ်က္၊ ေလွေလွာ္အဖြဲ႔၏ သေဘာထားမွတ္ခ်က္၊ ရန္ကုန္ တကၠသုိလ္ဆရာမ်ားသမဂၢႏွင့္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢတုိ႔၏ သေဘာထားမွတ္ခ်က္မ်ားကို ပညာေရး၀န္ႀကီးဌာနက ေတာင္းခံခဲ့ေၾကာင္း သိရသည္။
“ ဒါကေက်ာင္းပိုင္ပဲေလ။ ေက်ာင္းပိုင္ကို ဘာလုိ႔လႊဲမွာလဲ။ ကၽြန္ေတာ္တို႔ ဆံုးသြားတဲ့ဟာေတြကိုေတာင္ ျပန္ေတာင္းေနတာ။ ရွိတဲ့ ဟာကို ျပန္ေပးဖုိ႔ဆုိတာကေတာ့။ ဟုိးဘုိးဘြားဘီဘင္လက္ထက္ ကတည္းကရွိခဲ့ တာဟာ။ ပညာေရးဝန္ႀကီးဌာနပိုင္ကို က်န္းမာ ေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဘာလုိ႔လာေတာင္းတာလဲ” ဟု ရန္ကုန္တကၠသိုလ္ဆရာမ်ားသမဂၢ ဥကၠ႒ ေဒါက္တာ ထြန္းထြန္း ႏုိင္ က ေျပာသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ပြဲမ်ားလုပ္ခ်င္၍ေသာ္လည္းေကာင္း၊ ေလ့က်င့္ျခင္းမ်ား ေဆာင္ ရြက္ခ်င္၍ ေသာ္ လည္းေကာင္း ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္၍ ရေၾကာင္း ၎ကေျပာသည္။
အမ်ိဳးသားရုိးေလွျပတုိက္ေနရာမွာ လက္ရိွတြင္ ပညာေရးဝန္ႀကီးဌာန ရန္ကုန္တကၠသိုလ္ပုိင္အျဖစ္တည္ရွိၿပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၀၀ နီးပါး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode version

အမျိုးသားရိုးရာ လှေ ပြတိုက်နေရာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရွေ့မည့်ကိစ္စ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ လက်မခံ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်ပိုင် အမျိုးသားရိုးရာ လှေ ပြ တိုက်နေရာအား ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲမှုအောက်တွင်သာ ဆက်လက်ထားရှိရန် ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂက ပညာရေးဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရသည်။
ကမာရွတ်မြို့နယ် အင်ယားလမ်းရှိ မြေတိုင်းအမှတ် (၃၆/အေ)မြေကွက်အမှတ်(၁)၊(၂)၊(၃)၊(၃အေ)၊ (၄)၊ (၄အေ)နှင့်(၅)ရှိ တစ် စိတ်တဒေသဖြစ်သည့် အမျိုးသားလှေပြတိုက်နှင့် မြေနေရာ(ဆ၁.၁၆၀)အား မြန်မာ့လှေလှော်အားကစား မြင့်မားရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွဲပြောင်းပေးနိုင်ရန် ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စီစစ်တင် ပြချက်၊ လှေလှော်အဖွဲ့၏ သဘောထားမှတ်ချက်၊ ရန်ကုန် တက္ကသိုလ်ဆရာများသမဂ္ဂနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့၏ သဘောထားမှတ်ချက်များကို ပညာရေးဝန်ကြီးဌာနက တောင်းခံခဲ့ကြောင်း သိရသည်။
“ ဒါကကျောင်းပိုင်ပဲလေ။ ကျောင်းပိုင်ကို ဘာလို့လွှဲမှာလဲ။ ကျွန်တော်တို့ ဆုံးသွားတဲ့ဟာတွေကိုတောင် ပြန်တောင်းနေတာ။ ရှိတဲ့ ဟာကို ပြန်ပေးဖို့ဆိုတာကတော့။ ဟိုးဘိုးဘွားဘီဘင်လက်ထက် ကတည်းကရှိခဲ့ တာဟာ။ ပညာရေးဝန်ကြီးဌာနပိုင်ကို ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ဘာလို့လာတောင်းတာလဲ” ဟု ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်း နိုင် က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပွဲများလုပ်ချင်၍သော်လည်းကောင်း၊ လေ့ကျင့်ခြင်းများ ဆောင် ရွက်ချင်၍ သော် လည်းကောင်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ရကြောင်း ၎င်းကပြောသည်။
အမျိုးသားရိုးလှေပြတိုက်နေရာမှာ လက်ရှိတွင် ပညာရေးဝန်ကြီးဌာန ရန်ကုန်တက္ကသိုလ်ပိုင်အဖြစ်တည်ရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။