Skip to main content
ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ကုိ ျဖတ္ေဖာက္ခ်ဳပ္အျဖစ္ ေျပာင္း႐ုိက္သင့္ဟု အၾကံေပးသူ တြစ္တာတြင္ ရွဳတ္ခ်ခံေနရ
Ads Block

ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ကုိ ျဖတ္ေဖာက္ခ်ဳပ္အျဖစ္ ေျပာင္း႐ုိက္သင့္ဟု အၾကံေပးသူ တြစ္တာတြင္ ရွဳတ္ခ်ခံေနရ

မိန္းမလုိက္စားျခင္းမွာ ကၽြမ္းက်င္လွတဲ့ ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ကုိ ေနာက္႐ုိက္မည့္႐ုပ္ရွင္မွာ ျဖတ္ေဖာက္ခ်ဳပ္အျဖစ္ေျပာင္းသင့္တယ္လုိ႔ အၾကံေပးခဲ့တဲ့ ႐ုပ္ရွင္မင္းသား ဒုိမင္နစ္ဝက္စ္ကုိ ဘြန္းပရိသတ္ေတြက တြစ္တာေပၚမွာ ရွဳတ္ခ်ခံေနၾကပါတယ္။

ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ကုိ ျဖတ္ေဖာက္ခ်ဳပ္အျဖစ္ ေျပာင္း႐ုိက္သင့္ဟု အၾကံေပးသူ တြစ္တာတြင္ ရွဳတ္ခ်ခံေနရ


ၿဗိတိသွ်သူလွ်ိဳဇာတ္ေကာင္ ဂ်ိမ္းစ္ဘြန္းအား ဇာတ္အိမ္တည္ထားတဲ့ အက္ရွင္ကားေတြကုိ ၅၆ ႏွစ္အတြင္း ၂၆ ကားထြက္ေအာင္ မင္းသား ၆ လက္နဲ႔ ႐ုိက္ကူးခဲ့ထုတ္လုပ္ခဲ့ၿပီးပါၿပီ။ လက္ရွိဘြန္းမင္းသား ဒန္နီယယ္ခေရ႕ဂ္ဟာလည္း သူ႕ရဲ႕ငါးကားေျမာက္ ေနာက္ဆုံးတစ္ကားကုိ ႐ုိက္ကူးၿပီးစီးသြားၿပီျဖစ္တဲ့အတြက္ မၾကာခင္မွာ မင္းသားအသစ္ လုိလာေတာ့ပါမယ္။
ဒုိမင္နစ္ဝက္စ္ကုိ The Time မဂၢဇင္းက ေတြ႕ဆုံေမးျမန္းခဲ့ရာမွာ ထုိကိစၥနဲ႔ပတ္သက္ၿပီး ၄င္းက သူ႕ရဲ႕ထင္ျမင္ခ်က္ကုိ ထုတ္ေျပာျပခဲ့ပါတယ္။ သူ႕ရဲ႕အျမင္အရ အသစ္႐ုိက္မယ့္ ဂ်ိမ္းစ္ဘြန္းကားမွာ ဇာတ္ေကာင္ကုိ လိင္ေျပာင္းသင့္ၿပီး သဘာဝမိန္းမအျဖစ္ ႐ုိက္ကူးရင္လည္း Doctor Who နဲ႔ တူေနမွာျဖစ္တယ္လုိ႔ ဆုိလာပါတယ္။ 
အဲဒီအတြက္ ဘြန္းဇာတ္ေကာင္ကုိ ျဖတ္ေဖာက္ခ်ဳပ္အျဖစ္ ႐ုိက္သင့္တယ္လုိ႔ ေျပာခ်လုိက္ၿပီး ဇာတ္ေဆာင္အတြက္ ဟန္နာဂရာ့ဖ္ကုိ မင္းသမီးတင္သင့္တယ္လုိ႔ပါ တစ္ပါတည္း အၾကံျပဳခဲ့ပါတယ္။ ဟန္နာဂရာ့ဖ္ဟာ လက္ရွိၿဗိတိသွ်စစ္တပ္မွာ စစ္မႈထမ္းေနတဲ့ လိင္ေျပာင္းထားသူေတြထဲမွာ ရာထူးအျမင့္ဆုံး စစ္သမီးပဲျဖစ္ပါတယ္။
မည္သုိ႔ပင္ဆုိေစ ဂ်ိမ္းစ္ဘြန္းဆုိရင္ အထာက်က် မိန္းမလုိက္စားတတ္သူႀကီးအျဖစ္ တန္းျမင္ေနတဲ့ ပရိသတ္ေတြကေတာ့ ထုိအၾကံေပးခ်က္ကို နားမလည္ႏုိင္ပဲ ဝုိင္းေဝဖန္၊ သေရာ္ေနၾကပါတယ္။
ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ကုိ ေရတပ္ေထာက္လွမ္းေရးေဟာင္း ဝတၳဳေရးဆရာ အီယန္ဖလမ္းမင္းက ၁၉၅၃ ခုႏွစ္မွာ ပုံေဖၚအသက္သြင္းခဲ့ရာ တြစ္တာအသုံးျပဳသူတစ္ဦးကမူ “ ဒီကိစၥေၾကာင့္ အီယန္ႀကီးေတာ့ အ႐ုိးတြန္ေနေတာ့မွာပဲ”ဟု ေျပာဆိုလိုက္ပါတယ္။

Ref: (RT – 25.12.18)

-ZHO(အကုန္သိ သတင္းဌာန)

Unicode version

ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ဖြတ်ဖောက်ချုပ်အဖြစ် ပြောင်းရိုက်သင့်ဟု အကြံပေးသူ တွစ်တာတွင် ရှုတ်ချခံနေရ

မိန်းမလိုက်စားခြင်းမှာ ကျွမ်းကျင်လှတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို နောက်ရိုက်မည့်ရုပ်ရှင်မှာ ဖြတ်ဖောက်ချုပ်အဖြစ်ပြောင်းသင့်တယ်လို့ အကြံပေးခဲ့တဲ့ ရုပ်ရှင်မင်းသား ဒိုမင်နစ်ဝက်စ်ကို ဘွန်းပရိသတ်တွေက တွစ်တာပေါ်မှာ ရှုတ်ချခံနေကြပါတယ်။
ဗြိတိသျှသူလျှိုဇာတ်ကောင် ဂျိမ်းစ်ဘွန်းအား ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို ၅၆ နှစ်အတွင်း ၂၆ ကားထွက်အောင် မင်းသား ၆ လက်နဲ့ ရိုက်ကူးခဲ့ထုတ်လုပ်ခဲ့ပြီးပါပြီ။ လက်ရှိဘွန်းမင်းသား ဒန်နီယယ်ခရေ့ဂ်ဟာလည်း သူ့ရဲ့ငါးကားမြောက် နောက်ဆုံးတစ်ကားကို ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့အတွက် မကြာခင်မှာ မင်းသားအသစ် လိုလာတော့ပါမယ်။
ဒိုမင်နစ်ဝက်စ်ကို The Time မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ရာမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး ၎င်းက သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြောပြခဲ့ပါတယ်။ သူ့ရဲ့အမြင်အရ အသစ်ရိုက်မယ့် ဂျိမ်းစ်ဘွန်းကားမှာ ဇာတ်ကောင်ကို လိင်ပြောင်းသင့်ပြီး သဘာဝမိန်းမအဖြစ် ရိုက်ကူးရင်လည်း Doctor Who နဲ့ တူနေမှာဖြစ်တယ်လို့ ဆိုလာပါတယ်။ 
အဲဒီအတွက် ဘွန်းဇာတ်ကောင်ကို ဖြတ်ဖောက်ချုပ်အဖြစ် ရိုက်သင့်တယ်လို့ ပြောချလိုက်ပြီး ဇာတ်ဆောင်အတွက် ဟန်နာဂရာ့ဖ်ကို မင်းသမီးတင်သင့်တယ်လို့ပါ တစ်ပါတည်း အကြံပြုခဲ့ပါတယ်။ ဟန်နာဂရာ့ဖ်ဟာ လက်ရှိဗြိတိသျှစစ်တပ်မှာ စစ်မှုထမ်းနေတဲ့ လိင်ပြောင်းထားသူတွေထဲမှာ ရာထူးအမြင့်ဆုံး စစ်သမီးပဲဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ဂျိမ်းစ်ဘွန်းဆိုရင် အထာကျကျ မိန်းမလိုက်စားတတ်သူကြီးအဖြစ် တန်းမြင်နေတဲ့ ပရိသတ်တွေကတော့ ထိုအကြံပေးချက်ကို နားမလည်နိုင်ပဲ ဝိုင်းဝေဖန်၊ သရော်နေကြပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ရေတပ်ထောက်လှမ်းရေးဟောင်း ဝတ္ထုရေးဆရာ အီယန်ဖလမ်းမင်းက ၁၉၅၃ ခုနှစ်မှာ ပုံဖေါ်အသက်သွင်းခဲ့ရာ တွစ်တာအသုံးပြုသူတစ်ဦးကမူ “ ဒီကိစ္စကြောင့် အီယန်ကြီးတော့ အရိုးတွန်နေတော့မှာပဲ”ဟု ပြောဆိုလိုက်ပါတယ်။

Ref: (RT – 25.12.18)

-ZHO(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။