Skip to main content
တာေမြၿမိဳ႕နယ္ရွိဘုရားပြဲတြင္ ေစ်း၀ယ္သူထံမွ တစ္ေသာင္းတန္အတု (၃၅၅)ရြက္ ဖမ္းဆီးရမိ
Ads Block

တာေမြၿမိဳ႕နယ္ရွိဘုရားပြဲတြင္ ေစ်း၀ယ္သူထံမွ တစ္ေသာင္းတန္အတု (၃၅၅)ရြက္ ဖမ္းဆီးရမိ

ရန္ကုန္တုိင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္တြင္ တစ္ေသာင္းတန္ေငြစကၠဴအတု (၃၅၅)ရြက္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔မွ သိရသည္။ 
ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၂၄ ရက္၊ ည ၈ နာရီ ၄၅ အခ်ိန္တြင္္တာေမြၿမိဳ႕နယ္ ၊ ႏွစ္က်ိပ္ရွစ္ဆူဘုရားပြဲအတြင္း အမ်ိဳးသားတစ္ဦးမွ တစ္ေသာင္းတန္ေငြစကၠဴအတုမ်ားျဖင့္ ေဈးဝယ္ေနေၾကာင္းသတင္းအရ တာ၀န္ရွိ ရဲတပ္ဖြဲ႔၀င္မ်ားမွသြားေရာက္စုံစမ္းခဲ့ၿပီး ဘုရားပြဲေဈးႏွင့္ ေက်ာက္ေျမာင္းလမ္း၊ RV စားေသာက္ဆိုင္အနီးတြင္ ညႊန္႔လႈိင္(၃၄)ႏွစ္၊ကုိေတြ႔ရွိသျဖင့္စစ္ေဆးရာ ၎ကိုင္ေဆာင္ထားေသာ Boweisi စာတမ္းပါ အညိဳေရာင္ ပိုက္ဆံအိတ္အတြင္းမွ တစ္ေသာင္းတန္ေငြစကၠဴအတု (၁၉)ရြက္ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ 
ထုိ႔ေနာက္၄င္းအား တာ၀န္ရွိရဲတပ္ဖြဲ႔၀င္မ်ားမွစစ္ေဆးရာ ၎ေနထိုင္သည့္ ေျမာက္ဥကၠလာပၿမဳိ႕နယ္၊ (၁၂)ရပ္ကြက္၊ ေအာင္သိဒၶိလမ္းသြယ္(၆)လမ္းရွိ ေနအိမ္၌ ေငြစကၠဴအတုမ်ားက်န္ရွိေသးေနေၾကာင္း ထပ္မံထြက္ဆိုသျဖင့္ ၎ေနအိမ္သို႔ သြားေရာက္စစ္ေဆးခဲ့သည္။
စစ္ေဆးခ်က္အရ ၎၏ေနအိမ္အိပ္ခန္းအတြင္းမွ တစ္ေသာင္းတန္ေငြစကၠဴအတု (၃၃၆)ရြက္ကို ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး စုစုေပါင္းတစ္ေသာင္းတန္ေငြစကၠဴအတု (၃၅၅)ရြက္အားသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ေအာင္မင္းစိုး ၏ အိပ္ခန္းအတြင္းသို႔ ဝင္ေရာက္ရွာေဖြရာေအာင္မင္းစိုး(ဖမ္းမိ)အား ၎အမည္ပါ ရန္ကုန္-ျမဝတီကားလက္မွတ္ ၁ ေစာင္၊ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ၁ေစာင္ႏွင့္ တာ့ခ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရး႐ုံးမွ စာရြက္ ၁ ေစာင္တို႔အားသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ 
အဆုိပါဖမ္းဆီးရမိသူႏွစ္ဦးအား ကနဦးစစ္ေဆးခ်က္အရ အလုပ္အကိုင္ အတည္တက်မရွိျခင္းေၾကာင့္ ဝင္ေငြမရွိသျဖင့္ စားဝတ္ေနေရးအဆင္ေျပေစရန္ ထိုင္းႏိုင္ငံ၊ မဲေဆာက္သို႔ သြားေရာက္ကာ ေငြစကၠဴအတု အရြက္(၈၀၀) သြားေရာက္ဝယ္ယူခဲ့ၿပီး ျမဝတီမွတစ္ဆင့္ ရန္ကုန္သို႔သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
အဆိုပါအမႈႏွင့္ပတ္သက္ၿပီး  ညႊန္လိႈင္(ဖမ္းမိ)ႏွင့္ ေအာင္မင္းစိုး(ဖမ္းမိ)တို႔ ၂ ဦးအားတာေမြၿမိဳ႕မရဲစခန္း၌ တရားဥပေဒႏွင့္အညီအမႈဖြင့္ထားေၾကာင္း သိရသည္။
ဓာတ္ပုံ-ရဲဇာနည္

- ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

 

Unicode version

တာမွေမြို့နယ်ရှိဘုရားပွဲတွင်ဈေးဝယ်သူထံမှ တစ်သောင်းတန်အတု (၃၅၅)ရွက်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၄ ရက်၊ ည ၈ နာရီ ၄၅ အချိန်တွင်တာမွေမြို့နယ် ၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအတွင်း အမျိုးသားတစ်ဦးမှ တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေကြောင်းသတင်းအရ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များမှသွားရောက်စုံစမ်းခဲ့ပြီး ဘုရားပွဲဈေးနှင့် ကျောက်မြောင်းလမ်း၊ RV စားသောက်ဆိုင်အနီးတွင် ညွှန့်လှိုင်(၃၄)နှစ်၊ကိုတွေ့ရှိသဖြင့်စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသော Boweisi စာတမ်းပါ အညိုရောင် ပိုက်ဆံအိတ်အတွင်းမှ တစ်သောင်းတန်ငွေစက္ကူအတု (၁၉)ရွက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
ထို့နောက်၎င်းအား တာဝန်ရှိရဲတပ်ဖွဲ့ဝင်များမှစစ်ဆေးရာ ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းသွယ်(၆)လမ်းရှိ နေအိမ်၌ ငွေစက္ကူအတုများကျန်ရှိသေးနေကြောင်း ထပ်မံထွက်ဆိုသဖြင့် ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၎င်း၏နေအိမ်အိပ်ခန်းအတွင်းမှ တစ်သောင်းတန်ငွေစက္ကူအတု (၃၃၆)ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက်အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အောင်မင်းစိုး ၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာအောင်မင်းစိုး(ဖမ်းမိ)အား ၎င်းအမည်ပါ ရန်ကုန်-မြဝတီကားလက်မှတ် ၁ စောင်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ၁စောင်နှင့် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ စာရွက် ၁ စောင်တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
အဆိုပါဖမ်းဆီးရမိသူနှစ်ဦးအား ကနဦးစစ်ဆေးချက်အရ အလုပ်အကိုင် အတည်တကျမရှိခြင်းကြောင့် ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးအဆင်ပြေစေရန် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ သွားရောက်ကာ ငွေစက္ကူအတု အရွက်(၈၀၀) သွားရောက်ဝယ်ယူခဲ့ပြီး မြဝတီမှတစ်ဆင့် ရန်ကုန်သို့သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါအမှုနှင့်ပတ်သက်ပြီး  ညွှန်လှိုင်(ဖမ်းမိ)နှင့် အောင်မင်းစိုး(ဖမ်းမိ)တို့ ၂ ဦးအားတာမွေမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီအမှုဖွင့်ထားကြောင်း သိရသည်။
ဓာတ်ပုံ-ရဲဇာနည်

- ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။