Skip to main content
ကြယ္လြန္ၿပီးေနာက္ ပုိင္ဆုိင္သမွ်အားလုံး လွဴခဲ့မယ္လုိ ့ မင္းသားႀကီး ေခ်ာင္ယြင္ဖက္ ကတိျပဳ
Ads Block

ကြယ္လြန္ၿပီးေနာက္ ပုိင္ဆုိင္သမွ်အားလုံး လွဴခဲ့မယ္လုိ ့ မင္းသားႀကီး ေခ်ာင္ယြင္ဖက္ ကတိျပဳ

Crouching Tiger, Hidden Dragon ရုပ္ရွင္ဇာတ္ကားရဲ ့နာမည္ေက်ာ္ သရုပ္ေဆာင္ မင္းသားႀကီး ေခ်ာင္ယြင္ဖက္က သူ ကြယ္လြန္ခဲ့ရင္ ပုိင္ဆုိင္သမွ်အားလုံး လွဴဒါန္းခဲ့မယ္လုိ ့ ကတိျပဳေျပာဆုိသြားခဲ့ပါတယ္။ 

ကြယ္လြန္ၿပီးေနာက္ ပုိင္ဆုိင္သမွ်အားလုံး လွဴခဲ့မယ္လုိ ့ မင္းသားႀကီး ေခ်ာင္ယြင္ဖက္ ကတိျပဳ 


ေအာ္စကာဇာတ္ကားျဖစ္တဲ့ Pirate of the Caribbean၊ ဂႏၱ၀င္ ဂုိဏ္းစတား ဇာတ္ကားျဖစ္တဲ့ A Better Tomorrow လုိ ရုပ္ရွင္ကားေတြနဲ ့ အေနာက္တုိင္းပရိသတ္ေတြ လည္း အႀကိဳက္ေတြ ့ခဲ့ၾကတဲ့ ေခ်ာင္ဟာ ခ်ဳိးၿခံေခၽြတာကာ ပလႊားျခင္းမရွိတဲ့ သူ ့ရဲ ့ဘ၀ ေနထုိင္မႈပုံစံေၾကာင့္ ပရိသတ္ေတြ ခ်စ္ခင္ေလးစားမႈကုိ ရရွိခဲ့သူပါ။ အသက္ ၆၃ ႏွစ္အရြယ္ သန္းၾကြယ္သူေ႒းေခ်ာင္ဟာ ၂၀၁၅ ခုႏွစ္က ေဖာ္ဘိစ္မဂၢဇင္းရဲ ့ကမာၻ ့၀င္ေငြ အေကာင္းဆုံး သရုပ္ေဆာင္စာရင္းမွာ ပထမဆုံးေဖာ္ျပခံရကာ ရပ္ဆဲလ္ခရုိးနဲ ့ အဆင့္ ၂၄ ေနရာမွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။ 

ကြယ္လြန္ၿပီးေနာက္ ပုိင္ဆုိင္သမွ်အားလုံး လွဴခဲ့မယ္လုိ ့ မင္းသားႀကီး ေခ်ာင္ယြင္ဖက္ ကတိျပဳ 


အခုခါမွာေတာ့ သူပုိင္ဆုိင္သမွ် ေဟာင္ေကာင္ေဒၚလာ ၅.၆ ဘီလီယံ (အေမရိကန္ ေဒၚလာ ၉၈၁ သန္း) ကုိ လွဴဒါန္းပစ္ခဲ့မယ္လုိ ့ ေခ်ာင္က ကတိျပဳေျပာဆုိ လုိက္တာျဖစ္ပါတယ္။ 
 “ ဒီေငြေတြက သင္ အၿမဲပုိင္တဲ့အရာေတြ မဟုတ္ပါဘူး၊ တစ္ေန ့ေန ့ သင္ကြယ္လြန္သြားခ်ိန္မွာ ဒါေတြကုိ တျခားသူေတြ သုံးစြဲႏုိင္ဖုိ ့ ထားပစ္ခဲ့ရပါမယ္” လုိ ့ၿပီးခဲ့တဲ့ အပတ္က ေတာင္ကုိရီးယား MBC ရုပ္သံနဲ ့အင္တာဗ်ဴးမွာ ေခ်ာင္က ေျပာဆုိခဲ့ပါတယ္။ “ ေသသြားရင္ ဒီေငြေတြကုိ ဘဏ္အေကာင့္ထဲက ယူသြားႏုိင္မွာ မဟုတ္ပါဘူး” လုိ ့လည္း ေခ်ာင္က ဆုိခဲ့ကာ ပုိင္ဆုိင္မႈအားလုံး လွဴဒါန္းမယ့္ သူရဲ ့ဆုံးျဖတ္ခ်က္ကုိ ဇနီးျဖစ္သူကလည္း လုိလုိလားလား ေထာက္ခံခဲ့တယ္လုိ ့ ေျပာဆုိခဲ့ပါတယ္။ 

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ကွယ်လွန်ပြီးနောက် ပိုင်ဆိုင်သမျှအားလုံး လှူခဲ့မယ်လို့ မင်းသားကြီး ချောင်ယွင်ဖက် ကတိပြု 

Crouching Tiger, Hidden Dragon ရုပ်ရှင်ဇာတ်ကားရဲ့နာမည်ကျော် သရုပ်ဆောင် မင်းသားကြီး ချောင်ယွင်ဖက်က သူ ကွယ်လွန်ခဲ့ရင် ပိုင်ဆိုင်သမျှအားလုံး လှူဒါန်းခဲ့မယ်လို့ ကတိပြုပြောဆိုသွားခဲ့ပါတယ်။ 
အော်စကာဇာတ်ကားဖြစ်တဲ့ Pirate of the Caribbean၊ ဂန္တဝင် ဂိုဏ်းစတား ဇာတ်ကားဖြစ်တဲ့ A Better Tomorrow လို ရုပ်ရှင်ကားတွေနဲ့ အနောက်တိုင်းပရိသတ်တွေ လည်း အကြိုက်တွေ့ခဲ့ကြတဲ့ ချောင်ဟာ ချိုးခြံချွေတာကာ ပလွှားခြင်းမရှိတဲ့ သူ့ရဲ့ဘ၀ နေထိုင်မှုပုံစံကြောင့် ပရိသတ်တွေ ချစ်ခင်လေးစားမှုကို ရရှိခဲ့သူပါ။ အသက် ၆၃ နှစ်အရွယ် သန်းကြွယ်သူဋ္ဌေးချောင်ဟာ ၂၀၁၅ ခုနှစ်က ဖော်ဘိစ်မဂ္ဂဇင်းရဲ့ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်စာရင်းမှာ ပထမဆုံးဖော်ပြခံရကာ ရပ်ဆဲလ်ခရိုးနဲ့ အဆင့် ၂၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 
အခုခါမှာတော့ သူပိုင်ဆိုင်သမျှ ဟောင်ကောင်ဒေါ်လာ ၅.၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၈၁ သန်း) ကို လှူဒါန်းပစ်ခဲ့မယ်လို့ ချောင်က ကတိပြုပြောဆို လိုက်တာဖြစ်ပါတယ်။ 
 “ ဒီငွေတွေက သင် အမြဲပိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ တစ်နေ့နေ့ သင်ကွယ်လွန်သွားချိန်မှာ ဒါတွေကို တခြားသူတွေ သုံးစွဲနိုင်ဖို့ ထားပစ်ခဲ့ရပါမယ်” လို့ပြီးခဲ့တဲ့ အပတ်က တောင်ကိုရီးယား MBC ရုပ်သံနဲ့အင်တာဗျူးမှာ ချောင်က ပြောဆိုခဲ့ပါတယ်။ “ သေသွားရင် ဒီငွေတွေကို ဘဏ်အကောင့်ထဲက ယူသွားနိုင်မှာ မဟုတ်ပါဘူး” လို့လည်း ချောင်က ဆိုခဲ့ကာ ပိုင်ဆိုင်မှုအားလုံး လှူဒါန်းမယ့် သူရဲ့ဆုံးဖြတ်ချက်ကို ဇနီးဖြစ်သူကလည်း လိုလိုလားလား ထောက်ခံခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။