Skip to main content
ထုိင္းေတာင္ပုိင္းတြင္ ေက်းရြာကာကြယ္ေရးအဖြဲ ့ထံမွ ေသနတ္ႏွင့္ က်ည္မ်ားကုိ မ်က္ႏွာဖုံးစြပ္ လူတစ္စုက တုိက္ခုိက္လုယက္မႈျဖစ္ပြား 
Ads Block

ထုိင္းေတာင္ပုိင္းတြင္ ေက်းရြာကာကြယ္ေရးအဖြဲ ့ထံမွ ေသနတ္ႏွင့္ က်ည္မ်ားကုိ မ်က္ႏွာဖုံးစြပ္ လူတစ္စုက တုိက္ခုိက္လုယက္မႈျဖစ္ပြား 

ထုိင္းႏုိင္ငံေတာင္ပုိင္း ပတၱာနီျပည္နယ္ ဆုိင္ဘူရီခရုိင္ရွိ စာသင္ေက်ာင္းတစ္ခုကုိ ေစာင့္ေရွာက္ဖုိ ့တာ၀န္ေပးထားတဲ့ ေက်းလက္ေစတနာ့၀န္ထမ္း ကာကြယ္ေရးအဖြဲ ့သားေတြထံမွ ေသနတ္နဲ ့ က်ည္ဆန္ေတြကုိ မ်က္ႏွာဖုံးစြပ္ လူတစ္စုက တနဂၤေႏြေန ့ညမွာ တုိက္ခုိက္လုယက္သြားခဲ့ၾကပါတယ္။ ယခုအခါ ယင္း သံသယရွိ လူ ၆ ဦးအဖြဲ ့ကုိ ရဲတပ္ဖြဲ ့က လုိက္လံရွာေဖြေနၾကပါတယ္။ 

ထုိင္းေတာင္ပုိင္းတြင္ ေက်းရြာကာကြယ္ေရးအဖြဲ ့ထံမွ ေသနတ္ႏွင့္ က်ည္မ်ားကုိ မ်က္ႏွာဖုံးစြပ္ လူတစ္စုက တုိက္ခုိက္လုယက္မႈျဖစ္ပြား 


သံသယရွိသူေတြဟာ ငွက္ပစ္ေသနတ္ ၄ လက္နဲ ့က်ည္ အေတာင့္ ၂၀ လုယူသြားခဲ့ၾကေၾကာင္း ဆုိင္ဘူရီခရုိင္ ရဲမွဴး မြန္ထရီ ခြန္၀ပ္မုိင္ က ဒီဇင္ဘာ ၂၄ ရက္ေန ့မွာ ေျပာဆုိပါတယ္။ လက္နက္ေတြကုိင္ေဆာင္ထားတဲ့ ယင္း လူ ၆ ဦးဟာ တနဂၤေႏြေန ့ည ၉ နာရီခြဲခန္ ့မွာ ေစတနာ၀န္ထမ္းကာကြယ္ေရးသမားေတြကုိ တုိက္ခုိက္ခဲ့ၿပီးေနာက္ ပါးစပ္ကုိ အ၀တ္စည္း၊ ႀကိဳးတုပ္ထားခဲ့ကာ ေသနတ္ေတြလုယူထြက္ေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။ အခင္းျဖစ္ စာသင္ေက်ာင္းကုိ ရဲတပ္ဖြဲ ့၀င္ေတြ စစ္ေဆးမႈေတြလုပ္ႏုိင္ဖုိ ့နဲ ့ ေက်ာင္းသားေတြ လုံၿခဳံေရးအလုိ ့ငွာ တစ္ရက္တာပိတ္ထားခဲ့တယ္လုိ ့လည္း သိရပါတယ္။ တုိက္ခုိက္သူေတြထဲက တစ္ဦးက်က်န္ခဲ့တဲ့ ဦးထုပ္နက္တစ္လုံးနဲ ့ႀကိဳးတခ်ဳိ ့ကုိ ရဲတပ္ဖြဲ ့က ရွာေဖြေတြ ့ရွိခဲ့ပါတယ္။ တုိက္ခုိက္သူေတြရဲ ့သတင္းအခ်က္အလက္နဲ ့ထြက္ေျပးသြားတဲ့ လမ္းေၾကာင္းကုိ ေဖာ္ထုတ္ႏုိင္ဖုိ ့အတြက္ အခင္းျဖစ္ဧရိယာအနီးက စီစီတီဗီကင္မရာေတြကုိ ရဲက စစ္ေဆးေနတယ္လုိ ့လည္း သိရပါတယ္။ 
ကနဦးစစ္ေဆးေတြ ့ရွိခ်က္အရ တုိက္ခုိက္သူ ၆ ဦးဟာ ၀တ္စုံအနက္ေတြ၀တ္ထားၿပီး မ်က္ႏွာေတြဖုံးထားခဲ့ကာ ၄င္းတုိ ့မွာ ရုိင္ဖယ္ေလးလက္နဲ ့ပစၥတုိတစ္လက္ပါတာကုိ ေတြ ့ခဲ့ရပါတယ္။ ၄င္းတုိ ့ေတြဟာ မတုိက္ခုိက္ခင္ ေက်ာင္း၀န္းအတြင္းမွာ ပုန္းေအာင္း ေနခဲ့ၾကတာျဖစ္ႏုိင္တယ္လုိ ့ဆုိပါတယ္။ အခင္းျဖစ္ပြားခ်ိန္က ေက်ာင္းမွာ အေစာင့္ခ်ထားတဲ့ ေစတနာ့၀န္ထမ္း ၃ ဦးသာရွိခဲ့ကာ ၄င္းတုိ ့အေနနဲ ့ေသနတ္နဲ ့က်ည္ေတြကုိပဲ ယူေဆာင္ဖို ့လာတာျဖစ္ကာ ျပန္လည္ခုခံျခင္းမလုပ္ဖုိ ့ တုိက္ခုိက္သူေတြက သတိေပးခဲ့တယ္လုိ ့ဆုိ ပါတယ္။ ေသနတ္နဲ ့က်ည္ေတြယူအၿပီး တုိက္ခုိက္သူေတြဟာ ေမာ္ေတာ္ဆုိင္ကယ္ေတြနဲ ့ထြက္ေျပးသြားခဲ့ၾကပါတယ္။ 
Ref: The Nation 

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ထိုင်းတောင်ပိုင်းတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ထံမှ သေနတ်နှင့် ကျည်များကို မျက်နှာဖုံးစွပ် လူတစ်စုက တိုက်ခိုက်လုယက်မှုဖြစ်ပွား 
ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီပြည်နယ် ဆိုင်ဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ခုကို စောင့်ရှောက်ဖို့တာဝန်ပေးထားတဲ့ ကျေးလက်စေတနာ့ဝန်ထမ်း ကာကွယ်ရေးအဖွဲ့သားတွေထံမှ သေနတ်နဲ့ ကျည်ဆန်တွေကို မျက်နှာဖုံးစွပ် လူတစ်စုက တနင်္ဂနွေနေ့ညမှာ တိုက်ခိုက်လုယက်သွားခဲ့ကြပါတယ်။ ယခုအခါ ယင်း သံသယရှိ လူ ၆ ဦးအဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြပါတယ်။ 
သံသယရှိသူတွေဟာ ငှက်ပစ်သေနတ် ၄ လက်နဲ့ကျည် အတောင့် ၂၀ လုယူသွားခဲ့ကြကြောင်း ဆိုင်ဘူရီခရိုင် ရဲမှူး မွန်ထရီ ခွန်ဝပ်မိုင် က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြောဆိုပါတယ်။ လက်နက်တွေကိုင်ဆောင်ထားတဲ့ ယင်း လူ ၆ ဦးဟာ တနင်္ဂနွေနေ့ည ၉ နာရီခွဲခန့်မှာ စေတနာဝန်ထမ်းကာကွယ်ရေးသမားတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ပါးစပ်ကို အဝတ်စည်း၊ ကြိုးတုပ်ထားခဲ့ကာ သေနတ်တွေလုယူထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ အခင်းဖြစ် စာသင်ကျောင်းကို ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုတွေလုပ်နိုင်ဖို့နဲ့ ကျောင်းသားတွေ လုံခြုံရေးအလို့ငှာ တစ်ရက်တာပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်ခိုက်သူတွေထဲက တစ်ဦးကျကျန်ခဲ့တဲ့ ဦးထုပ်နက်တစ်လုံးနဲ့ကြိုးတချို့ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တိုက်ခိုက်သူတွေရဲ့သတင်းအချက်အလက်နဲ့ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို ဖော်ထုတ်နိုင်ဖို့အတွက် အခင်းဖြစ်ဧရိယာအနီးက စီစီတီဗီကင်မရာတွေကို ရဲက စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ 
ကနဦးစစ်ဆေးတွေ့ရှိချက်အရ တိုက်ခိုက်သူ ၆ ဦးဟာ ဝတ်စုံအနက်တွေဝတ်ထားပြီး မျက်နှာတွေဖုံးထားခဲ့ကာ ၎င်းတို့မှာ ရိုင်ဖယ်လေးလက်နဲ့ပစ္စတိုတစ်လက်ပါတာကို တွေ့ခဲ့ရပါတယ်။ ၎င်းတို့တွေဟာ မတိုက်ခိုက်ခင် ကျောင်းဝန်းအတွင်းမှာ ပုန်းအောင်း နေခဲ့ကြတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်က ကျောင်းမှာ အစောင့်ချထားတဲ့ စေတနာ့ဝန်ထမ်း ၃ ဦးသာရှိခဲ့ကာ ၎င်းတို့အနေနဲ့သေနတ်နဲ့ကျည်တွေကိုပဲ ယူဆောင်ဖို့လာတာဖြစ်ကာ ပြန်လည်ခုခံခြင်းမလုပ်ဖို့ တိုက်ခိုက်သူတွေက သတိပေးခဲ့တယ်လို့ဆို ပါတယ်။ သေနတ်နဲ့ကျည်တွေယူအပြီး တိုက်ခိုက်သူတွေဟာ မော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးသွားခဲ့ကြပါတယ်။ 
Ref: The Nation 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။