Skip to main content
ႏုိင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားရာတြင္ လက္ဆြဲႏႈတ္ဆက္ရမည့္ ဥပေဒကုိ ဒိန္းမတ္လႊတ္ေတာ္ အတည္ျပဳ ၊ မြတ္ဆလင္ေတြအေပၚ ကန္႔သတ္လုိျခင္းဟု ေ၀ဖန္မႈ ရွိ
Ads Block

ႏုိင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားရာတြင္ လက္ဆြဲႏႈတ္ဆက္ရမည့္ ဥပေဒကုိ ဒိန္းမတ္လႊတ္ေတာ္ အတည္ျပဳ ၊ မြတ္ဆလင္ေတြအေပၚ ကန္႔သတ္လုိျခင္းဟု ေ၀ဖန္မႈ ရွိ

ႏုိင္ငံသားေပးအပ္ျခင္းအခမ္းအနားေတြမွာ တာ၀န္ရွိသူေတြကုိ ႏုိင္ငံသား ေလွ်ာက္ထားသူေတြက လက္ဆြဲႏႈတ္ဆက္ရမယ့္ အခ်က္ပါ၀င္တဲ့ အစုိးရ ကမကထျပဳ ေရးဆြဲခဲ့တဲ့ ဥပေဒကို ဒိန္းမတ္ဥပေဒျပဳအမတ္ေတြက ေထာက္ခံအတည္ျပဳလုိက္ေၾကာင္း သိရပါတယ္။ ဒါေပမဲ့လည္း ဒီဥပေဒၾကမ္းဟာ မြတ္ဆလင္ေတြအေပၚ ခြဲျခားဆက္ဆံဖုိ ့အတြက္ ေရးဆြဲခဲ့တာျဖစ္ေၾကာင္း ေ၀ဖန္မႈေတြ ရွိခဲ့ပါတယ္။ 

ႏုိင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားရာတြင္ လက္ဆြဲႏႈတ္ဆက္ရမည့္ ဥပေဒကုိ ဒိန္းမတ္လႊတ္ေတာ္ အတည္ျပဳ ၊ မြတ္ဆလင္ေတြအေပၚ ကန္႔သတ္လုိျခင္းဟု ေ၀ဖန္မႈ ရွိ


ႏုိင္ငံသားျပဳေရး ဥပေဒသစ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီကစလုိ ့ ျပင္းထန္တဲ့ ျငင္းခုံ ေဆြးေႏြးမႈေတြျဖစ္ခဲ့ရတဲ့ ဥပေဒတစ္ခုျဖစ္ပါတယ္။ ဒိန္းမတ္ႏုိင္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားသူ ေတြဟာ တာ၀န္ရွိအရာရွိေတြကုိ လက္ဆြဲႏႈတ္ဆက္ျခင္းျဖင့္ ဒိန္းမတ္ႏုိင္ငံရဲ႕စံတန္ဖုိးေတြကုိ ေစာင့္သိကာ ဒိန္းမတ္အစုိးရအေပၚ ေလးစားသမႈရွိတယ္ဆုိတာကုိ ျပသဖုိ ့လုိအပ္ေၾကာင္း ဥေပဒမွာ ေဖာ္ျပခဲ့ပါတယ္။ ဥပေဒကုိ ကန္႔ကြက္တဲ့ ေ၀ဖန္သူေတြကေတာ့ ဥပေဒဟာ မြတ္ဆလင္ေတြကို ဒိန္းမတ္ႏုိင္ငံသား ေလွ်ာက္ထားဖုိ႔ ခက္ခဲေအာင္ အဟန္႔အတားျပဳဖုိ ့ရည္ရြယ္ျခင္းျဖစ္ေၾကာင္း ဆုိခဲ့ၾကၿပီး မလုိအပ္တဲ့ ဥပေဒစည္းမ်ဥ္းတစ္ခုအျဖစ္ ေ၀ဖန္ ခဲ့ပါတယ္။ 

ႏုိင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားရာတြင္ လက္ဆြဲႏႈတ္ဆက္ရမည့္ ဥပေဒကုိ ဒိန္းမတ္လႊတ္ေတာ္ အတည္ျပဳ ၊ မြတ္ဆလင္ေတြအေပၚ ကန္႔သတ္လုိျခင္းဟု ေ၀ဖန္မႈ ရွိ


ဒီဥပေဒၾကမ္းကုိ ေရႊ ့ေျပာင္းအေျခခ်ဆန္ ့က်င္တဲ့ ဒိန္းမတ္ျပည္သူ ့ပါတီနဲ ့ကြန္ဆာေဗးတစ္ ပါတီတုိ ့က ေနာက္ကြယ္မွ တြန္းအားေပးမႈနဲ ့အတူ ဒိန္းမတ္ရဲ ့ သုံးပါတီ လူနည္းစုအစုိးရက ကမကထျပဳေရးဆြဲကာ အဆုိျပဳခဲ့တာျဖစ္ပါတယ္။ 
ႏုိင္ငံသားျဖစ္ေရးအခမ္းအနားနဲ ့ဆက္စပ္တဲ့လုပ္ငန္းစဥ္ေတြအတြက္ ေလွ်ာက္ထားသူ ေတြဟာ အခြန္ ဒိန္းမတ္ေငြ ၂၄၀၀ ကရုိနာ ေပးေဆာင္ရမွာျဖစ္ပါတယ္။ ဒါဟာလည္း လက္ရွိေပးေဆာင္ရတဲ့ ၁၂၀၀ ထက္ ႏွစ္ဆတက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဥပေဒေတြကုိ ေထာက္ခံသူေတြကေတာ့ ဒိန္းမတ္ႏုိင္ငံသားတစ္ဦးျဖစ္လာဖုိ ့အတြက္ ဒါဟာ မွ်တတဲ့ အဖုိးအချဖစ္တယ္လုိ ့ယုံၾကည္ေၾကာင္း ဆုိခဲ့ၾကပါတယ္။ ဒါ့အျပင္ ဒိန္းမတ္ႏုိင္ငံ ေပါင္းစည္းေရး၀န္ႀကီး စေတာ့ေဂ်ဘတ္ကလည္း ဥပေဒအေပၚ ေ၀ဖန္မႈေတြကုိ ျပစ္တင္ ေျပာဆုိခဲ့ပါတယ္။ အုိင္အက္စ္ေတြ ကာလီဖိတ္ႏုိင္ငံထူေထာင္တာကုိ ေပၚတင္ေထာက္ခံခ်က္ ေပးခဲ့တဲ့ အစၥလာမ္မစ္အုပ္စု Hizb ut-Tahrir ရဲ ့ေျပာေရးဆုိခြင့္ရွိသူက ယခင္ ႏုိင္ငံသားေလွ်ာက္ထားေရး ဥပေဒေဟာင္းနဲ ့သာဆုိရင္ သူ ဒိန္းမတ္ႏုိင္ငံသားျဖစ္ေတာ့မွာ မဟုတ္ဘူးလုိ ့သူ႔ကုိ ေျပာခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ ယခု ဥေပဒအတည္ျပဳခဲ့မႈဟာ ဒိန္းမတ္ အစုိးရရဲ႕ေရႊ႕ေျပာင္းအေျခခ် ႏွိမ္နင္းေရး က်ယ္ျပန္႔တဲ့ အစီအမံေတြမွာ ေနာက္ထပ္ ေျခလွမ္းတစ္ခုျဖစ္ခဲ့ပါတယ္။ ယခုလအေစာပုိင္းက ဒိန္းမတ္ျပည္မႀကီးနဲ ့ ၂ မုိင္ခန္ ့ေ၀းတဲ့ ေ၀းလံေခါင္သီကၽြန္းတစ္ခုမွာ ခုိလႈံခြင့္ေလွ်ာက္ထားသူေတြ ၀င္ေရာက္ေနထုိင္မႈကုိ လက္မခံဖုိ ့ စေတာ့ေဂ်ဘတ္က အဆုိတင္ခဲ့ပါေသးတယ္။
Ref: RT    

- ကိုလင္း (အကုန္သိ သတင္းဌာန)         

Unicode version

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာတွင် လက်ဆွဲနှုတ်ဆက်ရမည့် ဥပဒေကို ဒိန်းမတ်လွှတ်တော် အတည်ပြု ၊ မွတ်ဆလင်တွေအပေါ် ကန့်သတ်လိုခြင်းဟု ဝေဖန်မှု ရှိ

နိုင်ငံသားပေးအပ်ခြင်းအခမ်းအနားတွေမှာ တာဝန်ရှိသူတွေကို နိုင်ငံသား လျှောက်ထားသူတွေက လက်ဆွဲနှုတ်ဆက်ရမယ့် အချက်ပါဝင်တဲ့ အစိုးရ ကမကထပြု ရေးဆွဲခဲ့တဲ့ ဥပဒေကို ဒိန်းမတ်ဥပဒေပြုအမတ်တွေက ထောက်ခံအတည်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ဒီဥပဒေကြမ်းဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံဖို့အတွက် ရေးဆွဲခဲ့တာဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ 
နိုင်ငံသားပြုရေး ဥပဒေသစ်ဟာ ပြီးခဲ့တဲ့ နွေရာသီကစလို့ ပြင်းထန်တဲ့ ငြင်းခုံ ဆွေးနွေးမှုတွေဖြစ်ခဲ့ရတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ တွေဟာ တာဝန်ရှိအရာရှိတွေကို လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ဒိန်းမတ်နိုင်ငံရဲ့စံတန်ဖိုးတွေကို စောင့်သိကာ ဒိန်းမတ်အစိုးရအပေါ် လေးစားသမှုရှိတယ်ဆိုတာကို ပြသဖို့လိုအပ်ကြောင်း ဥပေဒမှာ ဖော်ပြခဲ့ပါတယ်။ ဥပဒေကို ကန့်ကွက်တဲ့ ဝေဖန်သူတွေကတော့ ဥပဒေဟာ မွတ်ဆလင်တွေကို ဒိန်းမတ်နိုင်ငံသား လျှောက်ထားဖို့ ခက်ခဲအောင် အဟန့်အတားပြုဖို့ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုခဲ့ကြပြီး မလိုအပ်တဲ့ ဥပဒေစည်းမျဉ်းတစ်ခုအဖြစ် ဝေဖန် ခဲ့ပါတယ်။ 
ဒီဥပဒေကြမ်းကို ရွှေ့ပြောင်းအခြေချဆန့်ကျင်တဲ့ ဒိန်းမတ်ပြည်သူ့ပါတီနဲ့ကွန်ဆာဗေးတစ် ပါတီတို့က နောက်ကွယ်မှ တွန်းအားပေးမှုနဲ့အတူ ဒိန်းမတ်ရဲ့ သုံးပါတီ လူနည်းစုအစိုးရက ကမကထပြုရေးဆွဲကာ အဆိုပြုခဲ့တာဖြစ်ပါတယ်။ 
နိုင်ငံသားဖြစ်ရေးအခမ်းအနားနဲ့ဆက်စပ်တဲ့လုပ်ငန်းစဉ်တွေအတွက် လျှောက်ထားသူ တွေဟာ အခွန် ဒိန်းမတ်ငွေ ၂၄၀၀ ကရိုနာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါဟာလည်း လက်ရှိပေးဆောင်ရတဲ့ ၁၂၀၀ ထက် နှစ်ဆတက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေတွေကို ထောက်ခံသူတွေကတော့ ဒိန်းမတ်နိုင်ငံသားတစ်ဦးဖြစ်လာဖို့အတွက် ဒါဟာ မျှတတဲ့ အဖိုးအခဖြစ်တယ်လို့ယုံကြည်ကြောင်း ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဒိန်းမတ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး စတော့ဂျေဘတ်ကလည်း ဥပဒေအပေါ် ဝေဖန်မှုတွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။ အိုင်အက်စ်တွေ ကာလီဖိတ်နိုင်ငံထူထောင်တာကို ပေါ်တင်ထောက်ခံချက် ပေးခဲ့တဲ့ အစ္စလာမ်မစ်အုပ်စု Hizb ut-Tahrir ရဲ့ပြောရေးဆိုခွင့်ရှိသူက ယခင် နိုင်ငံသားလျှောက်ထားရေး ဥပဒေဟောင်းနဲ့သာဆိုရင် သူ ဒိန်းမတ်နိုင်ငံသားဖြစ်တော့မှာ မဟုတ်ဘူးလို့သူ့ကို ပြောခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ယခု ဥပေဒအတည်ပြုခဲ့မှုဟာ ဒိန်းမတ် အစိုးရရဲ့ရွှေ့ပြောင်းအခြေချ နှိမ်နင်းရေး ကျယ်ပြန့်တဲ့ အစီအမံတွေမှာ နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ယခုလအစောပိုင်းက ဒိန်းမတ်ပြည်မကြီးနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ဝေးလံခေါင်သီကျွန်းတစ်ခုမှာ ခိုလှုံခွင့်လျှောက်ထားသူတွေ ဝင်ရောက်နေထိုင်မှုကို လက်မခံဖို့ စတော့ဂျေဘတ်က အဆိုတင်ခဲ့ပါသေးတယ်။
Ref: RT             

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။