Skip to main content
ေမာ္ရုိကိုသို႔ ခရီးသြားတဲ့ အမ်ိဳးသမီး ႏွစ္ဦး ရက္စက္စြာသတ္ျဖတ္ခံရ 
Ads Block

ေမာ္ရုိကိုသို႔ ခရီးသြားတဲ့ အမ်ိဳးသမီး ႏွစ္ဦး ရက္စက္စြာသတ္ျဖတ္ခံရ 

ေမာ္ရိုကိုႏုိင္ငံ သို႔ ခရီးသြားခဲ့တဲ့ အမ်ိဳးသမီးခရီးသြားေတြ ႏွစ္ဦးဟာ အၾကမ္းဖက္သမားေတြ ရဲ႕ ရက္စက္စြာသတ္ျဖတ္မႈကို ေတြၾကံဳခဲ့ရေၾကာင္း ေမာ္ရိုကို အာဏာပိုင္ေတြက ေျပာပါတယ္။ ဒိန္းမတ္ႏိုင္ငံမွ အသက္ ၂၄ နွစ္အရြယ္ရွိ လူ၀စ္ ဗက္တီရာဂါ နဲ႔ ွအသက္ ၂၈ ႏွစ္အရြယ္ရွိ မာရမ္ ယူလမ္္းတုိ႔ ဟာ Atlas ေတာင္ေတြ ဆီ ေက်ာပုိးအိတ္ေတြ လြယ္ကာ ခရီးသြားေရာက္ခ်ိန္မွာ သတ္ျဖတ္ခံရတာျဖစ္ေၾကာင္း သိရပါတယ္။ ခရီးသြားအမ်ိဳးသမီး ႏွစ္ဦးသတ္ျဖတ္ခံရမႈ နဲ႔ ပတ္သက္လို႔ သံသယရွိသူတစ္ဦးကို ေမာ္ရုိကိုအာဏာပိုင္ေတြ က ဖမ္းဆီးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အဲဒီ သတ္ျဖတ္မႈကို အၾကမ္းဖက္သမားေတြက ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ေမာ္ရုိကိုသို႔ ခရီးသြားတဲ့ အမ်ိဳးသမီး ႏွစ္ဦး ရက္စက္စြာသတ္ျဖတ္ခံရ 

 

အၾကမ္းဖက္သမားေတြ ဟာ အမ်ိဳးသမီး ႏွစ္ဦးကို သတ္ျဖတ္ေနပံုကို ရုပ္သံဖုိင္ ရိုက္ကူးခဲ့ၿပီး ေမာ္ရုိကို လူမူကြန္ရက္မွာတင္ခဲ့ရာ အၾကမ္းဖက္သမားေတြ ရဲ႕လုပ္ရပ္ ကို ေမာ္ရိုကို ျပည္သူေတြ က စိတ္ဆိုးေဒါသျဖစ္ေနပါတယ္။ ခရီးသြားအမ်ိဳးသမီးႏွစ္ဦးကို သတ္ျဖတ္မႈနဲ႔ ပတ္သက္လုိ႔ လက္ရွိအခ်ိန္အထိ ဘယ္အၾကမ္းဖက္ အဖြဲ႔အစည္း ကမွ ၀န္ခံတာမရွိေသးေၾကာင္း သိရပါတယ္။

ေမာ္ရုိကိုသို႔ ခရီးသြားတဲ့ အမ်ိဳးသမီး ႏွစ္ဦး ရက္စက္စြာသတ္ျဖတ္ခံရ 

အၾကမ္းဖက္သမာေတြ ဟာအမ်ိဳးသမီးေတြ အိပ္ေနခ်ိန္မွာ ေခ်ာင္းေျမာင္းေနခဲ့ၿပီး အမ်ိဳးသမီ္းေတြ ေနာက္မွ လုိက္သြားကာ သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း၊ ခရီးသြားအမ်ိဳးသမီး ႏွစ္ဦးကို သတ္ျဖတ္ခဲ့သူမွာ လူသံုးဦးျဖစ္ႏုိင္ဖြယ္ရွိေနေၾကာင္း ေမာ္ရုိကုိအာဏာပိုင္ေတြကေျပာပါတယ္။ အမ်ိဳးသမီးေတြ ရဲ႕ ရုပ္အေလာင္းကို ရြက္ထည္တဲ အနီး ေတြ႕ခဲ့ရၿပီး တစ္ဦးမွာ ေခါင္းျဖတ္သတ္ျဖတ္ခံရတာျဖစ္ကာ အျခားတစ္ဦးမွာ ၀မ္းဗိုက္မွာ ျပင္းထန္တဲ့ ဒဏ္ရာရကာ ေသဆံုးသြားခဲ့ျဖစ္ေၾကာင္း ေမာ္ရိုကို အာဏာပိုင္ေတြက ေျပာပါတယ္။

-ေကာင္းထက္ (အကုန္သိ သတင္းဌာန)

Unicode version

မော်ရိုကိုသို့ ခရီးသွားတဲ့ အမျိုးသမီး နှစ်ဦး ရက်စက်စွာသတ်ဖြတ်ခံရ 
မော်ရိုကိုနိုင်ငံ သို့ ခရီးသွားခဲ့တဲ့ အမျိုးသမီးခရီးသွားတွေ နှစ်ဦးဟာ အကြမ်းဖက်သမားတွေ ရဲ့ ရက်စက်စွာသတ်ဖြတ်မှုကို တွေကြုံခဲ့ရကြောင်း မော်ရိုကို အာဏာပိုင်တွေက ပြောပါတယ်။ ဒိန်းမတ်နိုင်ငံမှ အသက် ၂၄ နှစ်အရွယ်ရှိ လူဝစ် ဗက်တီရာဂါ နဲ့ ှအသက် ၂၈ နှစ်အရွယ်ရှိ မာရမ် ယူလမ်းတို့ ဟာ Atlas တောင်တွေ ဆီ ကျောပိုးအိတ်တွေ လွယ်ကာ ခရီးသွားရောက်ချိန်မှာ သတ်ဖြတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။ ခရီးသွားအမျိုးသမီး နှစ်ဦးသတ်ဖြတ်ခံရမှု နဲ့ ပတ်သက်လို့ သံသယရှိသူတစ်ဦးကို မော်ရိုကိုအာဏာပိုင်တွေ က ဖမ်းဆီးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အဲဒီ သတ်ဖြတ်မှုကို အကြမ်းဖက်သမားတွေက ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဟာ အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်နေပုံကို ရုပ်သံဖိုင် ရိုက်ကူးခဲ့ပြီး မော်ရိုကို လူမူကွန်ရက်မှာတင်ခဲ့ရာ အကြမ်းဖက်သမားတွေ ရဲ့လုပ်ရပ် ကို မော်ရိုကို ပြည်သူတွေ က စိတ်ဆိုးဒေါသဖြစ်နေပါတယ်။ ခရီးသွားအမျိုးသမီးနှစ်ဦးကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ ဘယ်အကြမ်းဖက် အဖွဲ့အစည်း ကမှ ဝန်ခံတာမရှိသေးကြောင်း သိရပါတယ်။ အကြမ်းဖက်သမာတွေ ဟာအမျိုးသမီးတွေ အိပ်နေချိန်မှာ ချောင်းမြောင်းနေခဲ့ပြီး အမျိုးသမီ်းတွေ နောက်မှ လိုက်သွားကာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း၊ ခရီးသွားအမျိုးသမီး နှစ်ဦးကို သတ်ဖြတ်ခဲ့သူမှာ လူသုံးဦးဖြစ်နိုင်ဖွယ်ရှိနေကြောင်း မော်ရိုကိုအာဏာပိုင်တွေကပြောပါတယ်။ အမျိုးသမီးတွေ ရဲ့ ရုပ်အလောင်းကို ရွက်ထည်တဲ အနီး တွေ့ခဲ့ရပြီး တစ်ဦးမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရတာဖြစ်ကာ အခြားတစ်ဦးမှာ ဝမ်းဗိုက်မှာ ပြင်းထန်တဲ့ ဒဏ်ရာရကာ သေဆုံးသွားခဲ့ဖြစ်ကြောင်း မော်ရိုကို အာဏာပိုင်တွေက ပြောပါတယ်။

-ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။