Skip to main content
ရှိတ်ဟာဆီနာ
Ads Block

ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုတွေအတွက် နိုးနိုးကြားကြားရှိဖို့  ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ဟာစီနာဆော်သြ

နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးအတွက် ပြည်တွင်း ပြည်ပက ဘယ်လို ခြိမ်းခြောက်မှုတွေကိုမဆို ရင်ဆိုင်ဖို့ ရာ အစဉ်နိုးနိုးကြားကြားရှိနေဖို့  ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ၀န်ကြီးချုပ် ရှိတ်ဟာစီနာက ဆော်သြလိုက်ပါတယ်။ 


“အမိမြေရဲ့  အချုပ်အခြာအာဏာနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးအတွက် ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုမှန်သမျှကို ရင်ဆိုင်ဖို့  သင်တို့ အနေနဲ့ အမြဲ နိုးကြားသတိရှိနေရပါမယ်” လို့  မေ ၁၃ ရက်နေ့ က ပြုလုပ်တဲ့ တပ်နယ်စီမံကိန်းများ ဖွင့်ပွဲအခမ်းအနားတစ်ခုမှာ ဟာစီနာက ပြောခဲ့ပါတယ်။ ယင်းတပ်နယ်စီမံကိန်းတွေမှာ ဘင်္ဂလားဒေ့ရှ်တပ်နယ် ကင်ဆာစင်တာ၊ ဓါတ်မြေသြဇာစင်တာ၊ စားသုံးဆီစက်၊ အမျိုးမျိုးသော လေ့ကျင့်ရေးဋ္ဌာနတွေနဲ့  စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် အိမ်ရာအဆောက်အအုံတွေပါဝင်ကြောင်း သိရပါတယ်။        

ဘင်္ဂလားဒေ့ရှ် စစ်တပ်


ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ လူထုရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုရဲ့ သင်္ကေတဖြစ်ပြီး မိမိတို့ ပိုင်ဆိုင်တဲ့ အဖွဲ့ အစည်းဖြစ်ကြောင်း ဒါကြောင့် သင်တို့ အနေနဲ့  ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာတန်ဖိုးတွေနဲ့ ပတ်သက်ပြီး စိတ်ထားမွန်မြတ်မှုတွေ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေ ပိုမိုပြသရမှာဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။ တပ်ဖွဲ့ ဝင်တွေအနေနဲ့  စီနီယာခေါင်းဆောင်တွေရဲ့ ယုံကြည်အားထားရမှု၊ အပြန်အလှည်ယုံကြည်မှု၊ သနားကြင်နာမှု၊ ညီရင်းအစ်ကိုစိတ်ထားမှု၊ တာဝန်ယူစိတ်ရှိမှု၊ စည်းကမ်းရှိမှု၊ တာဝန်ကျေပွန်မှုတွေနဲ့ အတူ ၄င်းတို့ တွေရဲ့  တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရာမှာ အရိုးဖြောင့်ဆုံး ထမ်းဆောင်ကြလိမ့်မယ်လို့  မိမိမျှော်လင့်ပါကြောင်းလည်း ဟာစီနာက ပြောဆိုခဲ့တယ်လို့  သိရပါတယ်။

ဒါ့အပြင် လူထုအတွက် တာဝန်ထမ်းဆောင်ရာမှာ သင်တို့ ဟာ မိမိတို့ နဲ့ အမြဲအတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းနဲ့  ဘယ်အချိန်ဘယ်နေရာမှာမဆို လိုအပ်လာပြီဆိုရင် စစ်တပ်ဟာ လူထုရှေ့ မှာ အမြဲရပ်တည်ပေးမယ်ဆိုတာကို မိမိက အခိုင်အမာယုံကြည်ပါကြောင်းလည်း ဟာစီနာက ပြောခဲ့ပါတယ်။ 

 - ကိုလင်း 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။