ထိုင်း ဆေးရုံတစ်ခုမှာ လူငယ်ဂိုဏ်းနှစ်ဖွဲ့ ရန်ပြွဲဖစ်ပွား

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ ဗုဒ္ဓဟူးနေ့ ( စက်တင်ဘာ ၉ ရက်နေ့ ) က လူငယ်ပြိုင်ဘက် ဂိုဏ်းနှစ်ဖွဲ့ရဲ့ ရန်ပွဲကြောင့် ဆေးရုံရဲ့ အရေးပေါ် ကုသခန်းဟာ စစ်မြေပြင်တစ်ခုလို ဖြစ်ခဲ့ရပါတယ်။ ၄င်းတို့ထဲမှ အဖွဲ့ဝင်၂ ဦးဟာ အစောပိုင်းက ဘူဖေးစားသောက်ဆိုင်တစ်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့် ဒဏ်ရာရကာ ဆေးရုံတက်နေခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာ ဆယ်ကျော်သက်အရွယ် ယောက်ကျားလေးနဲ့ မိန်းကလေး စုစုပေါင်း ၁၀ ဦး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာကို တွေ့ခဲ့ပြီး သူနာပြုနဲ့ အခြားဆေးရုံဝန်ထမ်းတွေက ၄င်းတို့ကို ဖြန်ဖြေဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ၄င်းတို့ ၁၀ ဦးလုံးကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၄င်းတို့ထဲမှ ကျောင်းသား ၃ ဦးဟာ အခန်းထဲက လူနာကိုတောင် တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရဲအရာရှိတွေက အချိန်မီ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်ဆေးမေးမြန်းရာမှာ Prakaifah Morawong ( ၂၀ နှစ် ) ဟာ Dechawat Talakanjanawat ( ၁၈ နှစ်) နှစ်နဲ့ ရန်ဖြစ်ခဲ့ပြီးနောက် ဓါးဒဏ်ရာများ ရရှိခဲ့ပြီး Dechawat ကတော့ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတင်လိုက်ရကြောင်း၊ ယင်းဂိုဏ်းနှစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ ဆေးရုံကိုလိုက်လာခဲ့ပြီး ဆက်လက်တိုက်ခိုက်ရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၄င်းတို ့ဟာ အခန်းထဲရှိ အခြားလူနာတွေပါခေါ်ပြီး အပြင်ထွက်သွားဖို့ ဆေးရုံဝန်ထမ်းတွေကို အတင်းအကျပ် ခိုင်းစေခဲ့ကြောင်းလည်း သိရပါတယ်။

Related Posts