Spoiler Leaks တွေကြောင့် ထိခိုက်မှုများ

1.Leakသွားတဲ့အခန်းတွေကို ထုတ်လွှင့်ချိန်မှာ ဖြတ်ထုတ်ပစ်နိုင်တယ်။ရိုက်ကူးရေးအဖွဲ့ကို ဆက် မရိုက်ဖို့ဖိအားပေးစေနိုင်တယ် သို့ မူလရိုက်ကူးထားတဲ့ ရုပ်သံတွေအကုန်ဖျက်သိမ်းခံရသွားစေနိုင်တယ် ။ ဒီလိုလုပ်ရပ်တွေကအနုပညာရှင်တွေရဲ့ အစီအစဉ်တွေ၊ဂုဏ်သိက္ခာနဲ့တိုးတက်မှုတွေကိုအကြီးအကျယ်ထိခိုက်လိမ့်မယ်။

2.ဒီလုပ်ရပ်တွေက ဆုတွေကိုပါ လွှမ်းမိုးသက်ရောက်စေနိုင်တယ်။ဇာတ်လမ်းဇာတ်ကွက်တွေကို Leakတာဟာ ဇာတ်ညွှန်း ခိုးယူကူးချမှုတွေကိုဦးတည်နိုင်တယ်။ဒီလိုလေးနက်တဲ့ကိစ္စတွေကြောင့် တစ်ယောက် သို့ တစ်ဆု တောင် nominated မဝင်တာမျိုးထိဖြစ်တတ်တယ်။

3.ဒီလိုလုပ်ရပ်တွေကနှုတ်နဲ့ပြောဆိုတာတောင် ဂုဏ်သတင်းနဲ့အများပြည်သူထင်မြင်ယူဆချက်ကို ကိုထိခိုက်နိုင်တယ်။အချို့သောဖျက်လိုဖျက်ဆီးသမားများသည်အန္တရာယ်ရှိသောပြိုင်ဘက်များမှဖြစ်နိုင်တယ်။ဥပမာပြောရရင် Video Clipsတွေကိုတမင်တကာနှေးကွေးစွာလုပ်တယ် ပြီးတော့ အရမ်းဆိုးတဲ့ HD ပုံမျိုးတွေကို ဖြန့်တယ်။ ဒီလိုကြိုတင်ကြံစည်ထားပြီး အပျက်သဘောဆောင်တဲ့ထင်မြင်ချက်တွေကြောင့် ပရိသတ်တွေကြားမှာစိတ်ကွက်မှုတွေဖြစ်စေနိုင်တယ်။(တချို့က အမှန်ကိုသေချာမစူးစမ်းဘူး ဒီလိုကြိုတင်မြင်ရတာတွေကြောင့် ဇာတ်ကားတစ်ကားကိုတဖက်သတ်ဆုံးဖြတ်ချက်တွေချပြီး စိတ်ကွက်ကြတာမျိုးကိုပြောတာ။ The untamed မှာ ဥပမာရှိခဲ့ဖူးပါတယ် ဝမ်းချင်နဲ့ဝေ့ဝူရှန့်ကိုတွဲပေးထားတယ်ဆိုတဲ့သဘောမျိူးရောက်တဲ့ ရိုက်ကူးရေးclipကိုဖြန့်လို့ ဝမ်းချင်သရုပ်ဆောင်ကိုလူတွေကမုန်းတီးကြပြီး သရုပ်ဆောင်ဟာ ဘယ်Fan meetingမှာ တက်ခွင့်မရခဲ့ပါဘူး။ 😔 The untamed ဟာလည်း Trailer လို့ယူဆရတဲ့ Vid clipပါ leakခဲ့လို့ Trailer တောင်မပြတော့ဘဲ အရဲစွန့်ထွက်လာခဲ့တာပါ။ ဇာတ်ကားတိုင်းက The untamed လိုကံမကောင်းနိုင်ပါဘူး။ )

4.ဒီလုပ်ရပ်တွေက ပုံမှန်လှုပ်ရှားနေတဲ့ project announcement တွေကိုပျက်ပြားစေပြီးကျော်ကြားမှုရလဒ်များကိုဆိုးကျိုးသက်ရောက်စေတယ်။

5.အနုပညာရှင်ရဲ့ Mainstream ကိုထိခိုက်စေနိုင်တယ်။တကယ်လို့အနုပညာရှင်တစ်ဦးရဲ့အလုပ်ကအမြဲတမ်းဒီလိုတွေအလုပ်ခံရမယ်ဆိုရင်စီးပွားရေးမိတ်ဖက်ပြုမှုတွေကိုအကျိုးသက်ရောက်စေနိုင်တယ်။တစ်ကြိမ်လောက်သူတို့ကပုံသေသတ်မှတ်ထားပြီဆိုရင် အနုပညာရှင်တစ်ဦး သည်အလုပ်နှင့်စီးပွားရေးအရင်းအမြစ်များကိုရွေးချယ်ရန်နေရာနည်းလိမ့်မည်။(လုပ်နေတဲ့အလုပ်တွေခိုးရိုက်ခံရတာ အဖြန့်ခံရတာများလာတော့ အလုပ်တွဲလုပ်ရမှာကိုလန့်လာကြတာ။ အဲ့လိုနဲ့အဲ့အနုပညာရှင်ကအလုပ်မရှိတော့ဘဲ Flopရော။ဒါကအဆုံးထိကိုပြောပြတာ)

6.ပြည်သူ့လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး ပြည်သူ့သယံဇာတများကိုဖြုန်းတီးပစ်ရာလည်းရောက်ပါတယ်။Spoiler leaksတွေကများသောအားဖြင့်လျှို့ဝှက်စွာဓာတ်ပုံရိုက်ယူခြင်းကြောင့်ရရှိလာတာပါ။ဒါတွေကတရားမဝင်ပါဘူး။ဒီလိုလုပ်ရပ်တွေကြောင့် အနုပညာရှင်တစ်ယောက်ရဲ့အလုပ်ကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။

ဇာတ်ဝင်ခန်းတစ်ခန်းလောက်အဖျက်ခံရရင်အဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးထားတဲ့ငွေကြေးတွေအကုန်ပလုံပါတယ်။ ဇာတ်ကားတစ်ကားလုံးသာ ဖျက်သိမ်းခံရမယ်ဆိုရင်ဘယ်လောက်တောင်ဆုံးရှုံးမလဲဆိုတာတွေးသာကြည့်တော့။

ဒါကြောင့်ကျေးဇူးပြုပြီး Officialမဟုတ်ဘဲ ရှောင်းကျန့်ကလက်ရှိဘာအလုပ်လုပ်နေတယ်ဆိုတာမျိုး ၊ အလုပ်လုပ်နေတဲ့ပုံတွေ leakလာတာမျိုး စသဖြင့်တွေ့ရင် ပြန်မတင်ပေးခြင်းဖြင့်ကူညီပေးကြပါ။ Officials News တွေကိုစောင့်ပေးပြီး ဒီတိုင်းငြိမ်နေပေးခြင်းကအကောင်းဆုံးနည်းလမ်းပါပဲ။ စာအရှည်ကြီးဖတ်ပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်။

Related Posts