ကောက်တွေ့ခဲ့တဲ့ အိုင်ဖုန်းကို ပိုင်ရှင် ပနြ်မပေးဘဲ ယူဆောင်ထားတဲ့ အမျိုးသား ဒဏ်ရိုက်ခံရ

စင်ကာပူနိုင်ငံ Ang Mo Kio ခရိုင်ရှိ HDB တိုက်ခန်းတွဲအနီးက မကြ်ခင်းပငြ်ပေါ်မှာ စင်ကာပူဒေါ်လာ ၁၀ဝဝ တန်ဖိုးရှိ အိုင်ဖုန်းတစ်လုံး ကျကျန်နတောကို အမျိုးသားတစ်ဦးက တွေ့ရှိခဲ့ကာ ပိုင်ရှင်ကို ပနြ်လည်ပေးအပ်ခငြ်း မရှိဘဲ ယူဆောင်ထားခဲ့တာကြောင့် ဒဏ်ရိုက်ခံလိုက်ရကြောင်း သိရပါတယ်။ ပိုင်ရှင်ဖစြ်သူက သူ့ရဲ့ဖုန်းဟာ ခါးပိုက်အိတ်မှ ပြုတ်ကျပျောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ကောက်တွေ့ခဲ့သူ Tan Yiap Ming( ၃၀ နှစ် ) ဆိုသူဟာ ရိုးသားဖြောင့်မတ်မှု မရှိခငြ်းအတွက် ကြာသပတေးနေ ့မှာ စင်ကာပူဒေါ်လာ ၃၀ဝဝ ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ တရားရုံးရဲ့ ကြားနာချက်အရ ဖုန်းပိုင်ရှင် Mr Wang ဟာ Ang Mo Kio အိမ်ယာဝန်းကျင်မှာ ပြီးခဲ့နှစ် ဒီဇင်ဘာ၁၄ ရက်နေ့က သူ့ရဲ့ခါးပတ်အိတ်ထဲမှ အိုင်ဖုန်း XR ကျပျောက်ခဲ့ကြောင်း၊ အဲ့ဒီနောက် ၁၀ မိနစ်လောက် အကြာမှာ Tan ဟာ လမ်းလျှောက်လာရင်း မကြ်ခင်းပေါ် ကျနတေဲ့အိုင်ဖုန်းကို တွေ့ရှိကာ ကောက်ယူခဲ့ခငြ်းဖစြ်ကြောင်း သိရပါတယ်။ Mr Wang ဟာ ဖုန်းကျပျောက်ခဲ့ကြောင်း ရဲစခန်းမှာ တိုင်ကြားခဲ့ပြီးနောက် အာဏာပိုင်တွဟော ယင်းဖုန်းကို activate လုပ်ဖို့ ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့ကာ နောက်ဆုံးမှာTan ကို ခြရောခံနိုင်ခဲ့ပါတယ်။ ဖုန်းကို ပိုင်ရှင်ဖစြ်သူဆီ ပနြ်ပေးအပ်ဖို့ ကြိုးပမ်းခငြ်းမပြုသလို အာဏာပိုင်တွလေက်ကိုလည်း မအပ်ခဲ့တဲ့ Tan ကို မတ်လ ၁၂ ရက်နေ့မှာ သူ့ရဲ့နအေိမ်မှာပဲ ရှာဖွတွေေ့ရှိခဲ့ပါတယ်။ Tan က သူဟာ ဖုန်းကို ပနြ်ပေးချင်ပမေယ့် အချိန်မရှိခဲ့ကြောင်း၊ ရဲစခန်းကို သွားဖို့လည်း ကြောက်ရွံ့နကြေောင်း၊ ဖုန်းကို လော့ဖညြ်ပြီး ပိုင်ရှင်ဆီ ပနြ်ပေးဖို့လည်း မတတ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Tan ဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၃၀ဝဝ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Related Posts