Covid-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာခငြ်းမရှိသည့် KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပညြ့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အရေးယူထား

လတ်တလောဖစြ်ပေါ်လျက်ရှိသည့် Covid-19 ရောဂါကူးစက်မှုအား ထိရောက်စွာ ထိန်းချုပ်ရန် အတွက် “Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီ” မှ KTV/ Bar/ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်ခငြ်းမပြုရန် ထုတ်ပနြ်ထားသော်လည်း တိုင်းဒသေကြီး/ ပညြ်နယ်များအတွင်း၌ လိုက်နာခငြ်းမရှိဘဲ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နသေည့် နအေိမ်/ဆိုင်များအား စက်တင်ဘာလ ၂ ရက် ၃ ရက်ညများတွင် မနြ်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖငြ့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးဖော်ထုတ်ခငြ်းများပြုလုပ်ခဲ့သည်။

နပေညြ်တော်ကောင်စီနယ်မြအေတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပညြ့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နဂျော၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးကိုဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အပငြ် ကချင်ပညြ်နယ်၊ မစြ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးအားလည်းကောင်း၊ စစ်ကိုင်း တိုင်းဒသေကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နဂျော၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦးအားလည်းကောင်းဖမ်းဆီးအရေးယူခဲ့သည်။

ပဲခူးတိုင်းဒသေကြီး၊ ပညြ်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းတို့တွင်လည်း ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦးအား လည်းကောင်း၊ မကွေးတိုင်းဒသေကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နဂျော၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦးအားလည်းကောင်းဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

မန္တလေးတိုင်းဒသေကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပငြ်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နဂျော၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးအား လည်းကောင်း၊ မွန်ပညြ်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦးအားလည်းကောင်းအရေးယူထားနိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒသေကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွမြေို့နယ်တို့မှ KTV/ Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နဂျော၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူသီဆိုသူ စုစုပေါင်း ၅၂ ဦးအားလည်းကောင်း ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ရှမ်းပညြ်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နဂျော၊ အကူသီဆိုသူနှင့် လာရောက် သီဆိုသူ စုစုပေါင်း ၃၆ ဦးအားလည်းကောင်းဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စုစုပေါင်း တိုင်းဒသေကြီး/ပညြ်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပညြ့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒနှေင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မနြ်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

Related Posts