ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်သည့် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်သူများကို ဖမ်းဆီး

COVID-19 ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး ညမထွက်ရသတ်မှတ်စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိသူများကို မန္တလေးမြို့နယ်ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါသတ်မှတ်စည်းကမ်းများ လိုက်နာခြင်းမရှိသည့် မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၇၆ လမ်း၊ ၃၆x၃၇ လမ်းကြား၊ ရွှေဆည်တော်ဝင်တိုက်တန်းမြောက်ဘက်ခြမ်းရှိ တိုက်ခန်းတစ်ခု၌ဖွင့်လှစ်နေသော အနှိပ်ခန်းကို စက်တင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခွဲတွင် တပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးအရေးယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အနှိပ်ခန်းပိုင်ရှင် ကျော်ကိုကိုထက်(ခ) စောမင်းထက် နှင့် အနှိပ်သည်ဝန်ထမ်း အမျိုးသား(၅)ဦးတို့ကို ဖမ်းဆီးရမိခဲ့သဖြင့် မဟာအောင်မြေမြို့မရဲစခန်း၌ (ပ)၅၉၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Related Posts