ကိုရိုနာဗိုင်းရပ်စ်က လူ့ဦးနှောက်ထဲအထိ ၀င်ရောက်နိုင်ဟု ဆို

ကိုရိုနာဗိုင်းရပ်စ် လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့အခြေအနေများ ရှိနေရခြင်းဟာ ဦးနှောက်ထဲ ဗိုင်းရပ်စ်တိုက်ရိုက် ၀င်ရောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့ ( စက်တင်ဘာ ၉ ရက်နေ့ ) က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ လေ့လာချက်ဟာ ပဏာမအဆင့်သာ ရှိသေးပေမယ့် စမ်းသပ်စစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်ရသေးတဲ့ ယခင်သီအိုရီများအရ မှန်ကန်လောက်တဲ့ အထောက်အထားသစ်များလည်း ရှိနေတယ်လို့ သိရပါတယ်။ ပရော်ဖက်ဆာ Yale immunologist Akiko Iwasaki ဦးဆောင်တဲ့ စာတမ်းမှာ ဗိုင်းရပ်စ်ပိုးဟာ လူ့ဦးနှောက်အတွင်း ၀င်ရောက်ပုံတူပွားနိုင်ပြီး ဦးနှောက်တွင်းရှိ အောက်စီဂျင်ဆဲလ်တွေကို အင်အားချိနဲ့စေတယ်ဆိုပေမယ့် မရှင်းလင်းသေးကြောင်း ဆိုပါတယ်။ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အာရုံကြောဌာန ဥက္ကဋ္ဌ S Andrew Josephson က လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ နည်းပညာကို ချီးကျူးခဲ့ပြီး ဦးနှောက်မှာ ဗိုင်းရပ်စ်တိုက်ရိုက် ၀င်ရောက်ခြင်း ရှိ/မရှိကို နားလည်ဖို့ အလွန်အရေးကြီးကြောင်း၊ စာတမ်းကို အသေးစိတ်ပြန်လည် သုံးသပ်တဲ့အထိ သတိထားစောင့်ကြည့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ သွေး၊ ဦးနှောက်၊ ဦးနှောက်အကန့်ဖွဲ့စည်းပုံတွေကို ဖောက်ဖျက်ဝင်ရောက်နိုင်စွမ်း ရှိတယ်ဆိုရင် ဒီတွေ့ရှိချက်ဟာ အပြည့်အ၀ တုန်လှုပ်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။ လူနာအားလုံးရဲ့ ထက်ဝက်နီးပါးခန့်မှာ တွေ့ရှိရတဲ့ အာရုံကြောဆိုင်ရာ သက်ရောက်မှုဟာ ဦးနှောက်တွင်းသို့ ဗိုင်းရပ်စ်တိုက်ရိုက်ထိုးဖောက် ၀င်ရောက်ခြင်းထက် cytokine storm လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ ကိုယ်ခံစွမ်းအား တုန့်ပြန်မှုရဲ့ ရလဒ်ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက အခုချိန်ထိ ယုံကြည်ထားကြပါတယ်။

Related Posts